Unicode
ထိုမျက်ဝန်းတွေ၏ပိုင်ရှင်က ၁၀နှစ်ဝန်းကျင်ကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုကလေး၏ဖြောင့်စင်းနေသည့် ငွေရောင်ဆံပင်တွေက ပခုံးတွေပေါ်သို့ဝဲကျနေ၏။ သူက ကျောက်စိမ်းကဲ့သို့ဖြူဝင်းသည့် အသားအရေကိုပိုင်ဆိုင်ထားပြီး သူ၏ရွှေရောင်မျက်ဝန်းတွေကလည်း နှစ်လိုဖွယ်ကောင်းလှချေ၏။
သူတို့ကြားကအကွာအဝေးကနေပြီး ထိုကလေး၏ မျက်တောင်ထူထူရှည်ရှည်လေးတွေကို မြင်နေရသည်။ သေးငယ်သည့်မျက်နှာလေးပေါ်က ပါးဖောင်းဖောင်းလေးတွေကိုမျှမထောက် သူ့ပုံကအရွယ်နှင့်မလိုက်အောင် တည်တင်းနေ၏။ အကယ်၍ ချန်းနိုသာ ထိုအေးစက်နေသည့် ဓားမြောင်နဲ့ချိန်ခံထားရတာမဟုတ်ခဲ့လျှင် ယခုလိုလှပသည့် ကောင်ချောလေးနဲ့တွေ့ဆုံရခြင်းကြောင့် သူအရမ်းပျော်မိမှာဖြစ်၏။
"မင်း ဘယ်သူလဲ?...."
ထိုကလေးရဲ့ရွှေရောင်မျက်ဝန်းတွေက ကျဥ်းမြောင်းသွားပြီး ဓားမြောင်ကို ချန်းနို၏လည်ပင်းထံ ပို၍နီးကပ်စေလိုက်သည်။ ထိုငွေရောင်ဆံပင်နဲ့ကောင်လေး၏အသံက ကလေးတစ်ယောက်ကဲ့သို့ဖြတ်လတ်မနေ။ မည်သို့ပင်ထိုအသံလေးက နားဝင်ပီယံရှိနေပါစေလေ AIကထွက်လာသည့်အသံသေကဲ့သို့ ပျင်းစရာကောင်း၏။
အကယ်၍ ချန်းနိုသာရိုးရိုးသားသားမဖြေဘူးဆိုလျှင် ဒီဓားမြောင်ကသူ့လည်ပင်းဆီ တုံဆိုင်းမှုမရှိစွာ ထိုးဖောက်လာမည်ကို သူသိသည်။ထို့ကြောင့် သူလက်ကိုအမြန်မြှောက်၍ ပြောလိုက်သည်။
"ငါမင်းအိမ်ထဲကို ခိုးဝင်ဖို့မရည်ရွယ်ခဲ့ပါဘူး။ ငါ့ကိုလူတစ်ယောက်ကလိုက်ဖမ်းနေလို့..။ပြီးတော့ ခဏနေကျရင် ငါပြန်ထွက်သွားတော့မလို့ပါပဲ..."
ထိုစကားကိုကြားရတော့ ငွေရောင်ဆံပင်နဲ့ကောင်လေးက သူ့လည်ပင်းကဓားမြောင်ကို ဖယ်ပေးကာပြောသည်။
"အခုချက်ချင်းထွက်သွား!..."
ထိုကောင်လေးရဲ့အကြည့်တွေက အကယ်၍များချန်းနိုကိုသတ်လိုက်လျှင် သူ့အခန်းကိုချန်းနို၏သွေးတွေဖြင့် ညစ်ပေစွန်းထင်းသွားမည်ကိုစိုးရိမ်၍ မသတ်ချင်ဘူး ဟုပြောနေ၏။
YOU ARE READING
တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့
FantasyOriginal Author - Sha Xiao Wan Eng translator - Reika Complete chapter - 131 This is my first translation.