Zawgyi
ရှောင်ကျန့်ရိပေါ်နဲ့ချစ်သူဖြစ်ပြီးတဲ့
နောက်ပိုင်းမှာ သူ့ကိုမကောင်းပြော
မည့်သူတွေလည်းမရှိတော့သလို
မလိုလားသူဟူ၍လည်းမရှိတော့ပေ.....
ကျောင်းမှာpopular အဖြစ်ဆုံးအတွဲကို
ပြပါဆိုရင် လူတိုင်းက သူတို့နှစ်ယောက်ကိုပဲ
လက်ညှိုးထိုးပြကြသည်......ရိပေါ်အလိုလိုက်တာကိုခံရတဲ့ ရှောင်ကျန့်က
ရိပေါ်အပေါ်ဆိုးလာသည်.....
မနက်ခင်းတိုင်းမှာရှောင်ကျန့်က
ရိပေါ်အနမ်းတွေနဲ့အတူနိုးထတယ်.....
ရှောင်ကျန့်စိတ်ဆိုးရင်ရိပေါ်ကချော့တယ်...
ရှောင်ကျန့်ဝမ်းနည်းနေရင်ရိပေါ်က
နှစ်သိမ့်ပေးတယ်....
ရှောင်ကျန့်ကချွဲရင်ရိပေါ်ကအသည်း
တယားယားနဲ့လိုက်နမ်းနေတတ်သည်.....ကန့်ကွက်မယ့်သူမရှိတဲ့သူ့တို့ရဲ့နေ့ရက်
တွေက ထိုနေ့မတိုင်ခင်အထိ
ပျော်ရွှင်ဖွယ်ကောင်းနေခဲ့ပါသည်.....'ငါတို့တွေ့ကြရအောင်' ဆိုတဲ့
လီချန်ဖေးဆီကmessageကြောင့်
ရှောင်ကျန့်တစ်ယောက် ချိန်းထားသည့်
coffeeဆိုင်လေးဆီသို့ထွက်လာခဲ့သည်......At café ,
"ချန်ဖေး...ပြောစရာရှိလို့လား...."
ရှောင်ကျန့်အမေးကြောင့် coffeeကို
အချိန်ဆွဲကာသောက်နေသည့်ချန်ဖေး
ခေါင်းထောင်လာသည်......
ထို့နောက်ရှောင်ကျန့်ကို မိနစ်ပိုင်းလောက်
စိုက်ကြည့်လိုက်သည်......"မင်းနဲ့ဝမ်ရိပေါ်က တကယ်ကြိုက်နေကြ
တာလား?..""အင်း..."
ရှောင်ကျန့်ရဲ့ ရှက်ပြုံးလေးနှင့်အပြော
ကို လီချန်ဖေးသဘောမကျလှပါ......
ထို့ကြောင့် အံကိုတင်းနေအောင်ကြိတ်ကာ
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား
လိုက်သည်......လီချန်ဖေးရဲ့ဖြစ်အင်ကို မသိတဲ့ရှောင်ကျန့်
က ယုန်သွားလေးတွေပေါ်အောင်ပြုံးရင်း
တတွတ်တွတ်ပြောနေသေးသည်....."ငါ စီနီယာ့ကိုချစ်မိသွားပြီ....ပြီးတော့..
စီနီယာကလည်း ငါ့ကိုချစ်~""တော်တော့!!!"
လီချန်ဖေးအသံကြောင့် coffeeဆိုင်ထဲက
လူတွေအကြည့်က သူတို့ဝိုင်းဆီရောက်
လာကြသည်.....
ရှောင်ကျန့်ကိုယ်တိုင်လည်း စကားမဆုံးခင်
အသံမာမာနဲ့အော်ပြောလာတဲ့လီချန်ဖေးကြောင့်
ပြူးကြောင်ကြောင်လေးသာကြည့်နေမိသည်....
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Teen Fictionunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...