[၅၅] နယ်ပယ်အသစ်။

3.1K 506 5
                                    

!Unicode!

အခန်း(၅၅) နယ်ပယ်အသစ်

------

ကောင်းသခင်လေး၏ခန္ဓာကိုယ်အောက်ပိုင်းအမှားတွေအပေါ် ကျန်းရွှင်းယီ၏ဝေဖန်ချက်ကား ချက်ကောင်းကိုထိမိသော်ငြား၊ တစ်ချိန်တည်းမှာပင်၊ သူသည် လျင်မြန်ဖျတ်လတ်ပြီး ကွေးနိုင်ဆန့်နိုင်သည့်ကောင်းကွက်ရှိနေဆဲပါပင်။ သူဟာ ချီရှစ်ကျို၏အားတက်သရောတိုက်ချက်တွေကို ပေါ့ပေါပါးပါး ရှောင်သွားနိုင်ခဲ့သည်။ သူ၏ဝတ်ရုံတစ်စွန်းတစ်စမျှတောင် ထိနိုင်ခြင်းမရှိ။ ထိုအစား ၊ ချီရှစ်ကျို၏အရှိန်ကသာ ဖြည်းဖြည်းချင်းနွေးကွေးလာသည်ဖြစ်၍ သူ့အား ရိုက်ချက်များများခံစားရစေလေသည်။

နောက်ဆုံး၌၊ ကောင်းသခင်လေးသည် အေးစက်စက်ပြုံးကာ လေဟာနယ်အလယ်၌ လှည့်ပတ်နေရင်းဖြင့် ချီရှစ်ကျို၏ဦးခေါင်းကို ခြေဖဝါးဖြင့်ကန်ထည့်လိုက်သည်။ သူဟာ ချီရှစ်ကျိုကို မြေပြင်ပေါ်သို့ကန်ကျောက်လိုက်လေရာ တစ်ဖက်လူ၏ပါးပြင်ပေါ်၌ ချက်ချင်းပင်သွေးစို့လာရသည်။

ယွင်ရှဲ့သည် ကျန်းရွှင်းယီတစ်ယောက်အနည်းငယ်လှုပ်ရှားသွားကာ ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသည်။ သူ့နှလုံးသားထဲ၌လည်း နောင်တအနည်းငယ်ရနေမိသည်။ ကနဦးအစ၌မူ ဒီကလေးအနိုင်ရတာကို မြင်နေရရင်းဖြင့် ကျန်းရွှင်းယီကိုပျော်ရွှင်လာစေချင်သည်။ သို့သော်၊ ဤအတွေးဟာ ပျက်စီးရသွားပြီ။ အကယ်၍ ဒီကလေးသာ တကယ်ရှုံးနိမ့်သွားခဲ့လျှင်၊ ဤအခြင်းအရာဟာ အားရွှင်းကို မပျော်မရွှင်ဖြစ်စေမည်ကို သူစိုးရိမ်မိသည်။

ကောင်းသခင်လေးဟာ ချီရှစ်ကျိုကို မြေပြင်ပေါ်ကန်ချပြီးနောက်၌၊ သူသည် ရပ်တန့်ကာ လျှောက်မသွားပါပဲ၊ သူ၏ခြေဖဝါးဖြင့် တစ်ဖက်လူ၏ဝမ်းဗိုက်အား သည်းကြီးမည်းကြီး တက်နင်းနေလေသည်။ ယွင်ရှဲ့သည် သူ၏လက်ထဲတွင် ကျောက်တုံးတစ်တုံးဝှက်ထားသည်။ သူပစ်ဖို့ပြင်လိုက်ပေမယ့် သူရပ်တန့်လိုက်မိသည်။

ကောင်းသခင်လေးတစ်ယောက် သူ၏ခြေဖဝါးကိုမြှောက်ကာ ကန်မည်အပြု၊ ချီရှစ်ကျိုဟာ ရုတ်တရက်ထခုန်လာပြီး သူ၏လက်တစ်ဖက်ဖြင့် တစ်ဖက်လူ၏ခြေသလုံးကို ပြင်းထန်စွာထိုးနှက်လိုက်ကာ နောက်လက်တစ်ဖက်ကတော့ ရင်ဘတ်ကိုရိုက်ချလိုက်ပေသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now