အခန်း - ၁
ကျွန်ုပ်တို့ရဲ့ ပုံပြင်လေးကတော့ ရွှဲရှန်းရှန်းတစ်ယောက် ညဆိုင်း ၅ရက်တိတိဆက်တိုက်ဆင်းရတဲ့ အကြောင်းလေးနဲ့စတင်ပေသည်။
အလုပ်သမားများကို အမျိုးသားအားလပ်ရက်များတွင် အလုပ်ရပ်နားခွင့်ပေးရမည်ဖြစ်သော်လည်း ဘဏ္ဍာရေးဌာနတွင်ရှိသော လူအားလုံးသည် လချုပ်စာရင်းအတွက် ညဆိုင်းဆင်းနေရပေသည်။ ရွှဲရှန်းရှန်းကဲ့သို့ အလုပ်သင်အသစ်လေးသည် အစီရင်ခံစာ တစ်ပုံတစ်ခေါင်းကြီးကို ကိုင်တွယ်ဖြေရှင်းနေရသည်. အဲ့ဒီအတွက်ကြောင့် သူမူးဝေလာခဲ့ကာ ကြယ်များကိုပင် မြင်နေရတော့သည်။ သုံးရက်မြောက်နေ့တွင်တော့ လချုပ်စာရင်းများပြီးဆုံးပြီဖြစ်ကြောင်း မန်နေဂျာမှ အသိပေးလာတော့သည်။ ရှန်းရှန်းသည် အိမ်သို့ပြန်ရောက်သည်နှင့် အိပ်ယာဆီသို့ ခုန်တက်လိုက်ကာ အသံစုံမြည်လျက် အိပ်မောကျသွားတော့သည်။
အိမ်မက်မက်နေစဥ်မှာပဲ ရှန်းရှန်းသည် ဖုန်းမြည်သံကို ကြားလိုက်ရ၏။ သူမ၏မျက်လုံးများကို ပိတ်ထားဆဲဖြစ်သောကြောင့် စမ်းတစ်ဝါးဝါးဖြင့် ဖုန်းကို အချိန်တော်တော်ကြာ ရှာဖွေခဲ့ရသည်။ သူမ၏ စိတ်အာရုံဖြင့်စမ်းကာ ဖြေဆိုသည်ကို နှိပ်၍ အိပ်ချင်မူးတူးအသံဖြင့် ပြန်ဖြေလိုက်သည်။
" ဟယ်လို "
" ဟယ်လို ရှင်က Mrs.ရွှဲရှန်းရှန်းများလား။ "
" အာ...ဟုတ်ပါတယ်။ "
" ဒါက XXဆေးရုံကပါ။ XXဆေးရုံရဲ့ သားဖွားမီးယပ်အဆောင်ကို အခုချက်ချင်းလာခဲ့ပေးပါ။ "
" အို.. ကောင်းပါပြီ။ "
ဖုန်းခေါ်ဆိုလာသော သူမှ စကားများပြောနေစဥ် ရှန်းရှန်းကတော့ ပြောဆိုမှုတစ်ခုလုံးကို အင်း...အဲ...အသံသာပြုကာ အာရုံမစိုက်ဘဲနေ၏။ နောက်ဆုံးတွင် ထိုသူသည် ဖုန်းချသွားတော့သည်။ သူမ၏ကမ္ဘာငယ်လေးကတော့ နောက်တစ်ဖန်တိတ်ဆိတ်သွားပြန်၏။ ရှန်းရှန်း မျက်မှောင်ကြုံလိုက်ပြီး စောင်ထဲသို့ ခွေ၀င်ကာ အိမ်စက်ခြင်းအမှုကို ပြန်လည်လုပ်ဆောင်လိုက်သည်။
YOU ARE READING
Boss က ရှန်းရှန်းကို ထမင်းအတူတူ စားကြရအောင်တဲ့ (Unicode)
RomanceTHIS ISN'T MY STORY. THIS IS JUST AN TRANSLATION .SO ALL CREDITS GO TO THE ORIGINAL AUTHOR. Name : Come and Eat, Shan Shan Type : Light Novel (CN) Genre : Comedy Josei Romance Language : Chinese Author : Gu Man Chapter...