Zawgyi
လက်ချင်းတွဲလို့ကျောင်းထဲဝင်လာတဲ့
သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်
နဲ့မို့ ရှောင်ကျန့်အနေရခက်လာသည်....
အနေရခက်စွာ လက်ကိုရုန်းတော့
စီနီယာကပိုတိုးလို့ ဆုပ်ကိုင်ကာ သူ့ကိုငုံ့
ကြည့်ကာ မျက်ခုံးလေးပင့်ပြတယ်......"စီနီယာ...ခင်ဗျားငါ့လက်ကိုလွှတ်လေဗျာ"
"ကိုယ်နဲ့မင်းကတွဲနေပြီလေကွာ...
အဲဒါကြောင့်မလွှတ်ဘူး....."ပြောမရတဲ့စီနီယာကို လျစ်လျူရှုလို့
လွှတ်ထားလိုက်ပြီ.....လွန်ခဲ့တဲ့တစ်လလောက်က စီနီယာ့
လွယ်အိတ်ကိုကိုင်ပေးရပြီး စီးပွားရေး
မေဂျာထိလိုက်ပို့ပေးရသည်.....
ခုအဖြစ်မှာစီနီယာကသူ့လွယ်အိတ်ကို
လွယ်ပေး....
သူ့လက်ကိုကိုင်ပြီး ဒီဇိုင်းမေဂျာထိ
လိုက်ပို့ပေးတယ်.....သူ့ကိုမကောင်းပြောမယ့်လူတွေကလည်း
စီနီယာ့အကြည့်ကြောင့်အသံတဇိုးတဇိမျှပင်
မထွက်......
အတန်းထဲရောက်တော့ အတန်းထဲက
ကျောင်းသားတွေအကြည့်ကသူတို့နှစ်ယောက်
ဆီမှာ.....
စီနီယာကရှောင်ကျန့်ထိုင်တဲ့နေရာအထိ
လိုက်ပို့ပြီးတော့ ရှောင်ကျန့်
နှုတ်ခမ်းကိုခပ်ဖွဖွနမ်းပြီးမှပြန်ထွက်သွားတယ်....စီနီယာ့အပြုအမူတွေကြောင့် ရှောင်ကျန့်
ရဲ့လက်စားချေမယ့်အစီအစဉ်က ခပ်ထွေထွေ
နဲ့ဇဝေဇဝါဖြစ်နေခဲ့ပြီ........
စီနီယာကငါ့ကိုတကယ်ချစ်ပုံပဲ....
ငါမှားသွားပြီလား....."Yo...ရှောင်ကျန့် ဒီလိုအခြေအနေတောင်
ရောက်ကုန်ပြီလား....."အတန်းထဲကထွက်သွားတဲ့ ရိပေါ်ရဲ့
ကျောပြင်ကိုခပ်တွေတွေငေးနေတဲ့
ရှောင်ကျန့်မျက်ဝန်းမှာ မျက်ရည်တွေ
တောင်ဝဲနေသလို.....ရှောင်ကျန့်နဲ့မျက်နှာချင်းဆိုင်မှာ
ဝင်ထိုင်တဲ့ချန်ဖေးကို အရည်လဲ့နေတဲ့
မျက်ဝန်းတွေနဲ့ကြည့်လာသည်....."ချန်..ချန်ဖေး...စီနီယာကငါ့အပေါ်
တကယ်ခံစားချက်ရှိနေတယ်ထင်တယ်...
ငါမှားသွားပြီထင်တယ်....""ဟ့...သူမင်းအပေါ်ခံစားချက်ရှိနေတော့
လက်စားချေရတာပိုထိရောက်တာပေါ့....
ဘာလဲ..မင်းကပါသူ့အပေါ်ခံစားချက်ရှိနေလို့
လား....."
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Teen Fictionunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...