Page 43 🌱

21.3K 2.5K 104
                                    

ကျေးငှက်၊ တွန်ကျူးသံတို့နှင့် နိုးထလာရသော ခေါင်လွမ်း၏ မနက်ခင်းတိုင်းသည် နွေးထွေးမှု ဟူသော
အရိပ်အမြုံလေး၌ လုံခြုံစွာ တည်ရှိသည်။ အသက်ဝင်လာသော အသိစိတ်နှင့်အတူ ခံစားမိလိုက်သော အနွေးဓာတ်ကြောင့် နှုတ်ခမ်း ထောင့်စွန်းလေးများသည်
ကွေးတက်သွား၏။ ရင်ခွင်ကျယ်ဆီသို့ မျက်နှာမူကာ
အိပ်စက်ရခြင်းထက် ကျောမှီကာ အိပ်စက်ရခြင်းကိုမှ ပို၍
သဘောကျမိခြင်းကြောင့် ခေါင်လွမ်း နိုးထလာချိန်တိုင်း ကျောပြင်၌ အနွေးဓာတ် ငွေ့ငွေ့လေးသည် အမြဲ ကပ်ငြိ နေတတ်သည်။ ရင်ခွင်ရိပ် ခပ်နွေးနွေးကိုမှ ခါးထက်
သိုင်းဖက်ထားသော လက်ချောင်းတို့၏ အငွေ့အသက်ကြောင့် တောင်ပေါ်ဒေသ၏ မနက်ခင်းတိုင်းသည် နွေးနွေးထွေးထွေးလေးသာ။ မျက်ဝန်းတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့ အလင်းရောင် ဝိုးတဝါး ပတ်ဝန်းကျင်နှင့် အတူ
ခြင်ထောင်ပါးလေးသည် ခေါင်လွမ်းကို ကြိုဆိုနေသည်။

သူတို့ ယခု ရောက်ရှိနေသော နေရာသည် ပန်နန်းဒင်၌ရှိသည့် ခေါင်လွမ်း၏ အိမ်ငယ်ကလေး။
ခါတိုင်း အထီးကျန်မှု အပေါင်းနှင့် လွှမ်းခြုံနေသည် အိမ်လေးသည် ယခုတော့လည်း ခေါင်လွမ်း ချစ်မြတ်နိုးရသော အမျိုးသားကြောင့် အရာရာတိုင်းဟာ
နွေးထွေးမှု အပြည့်ဖြင့်။ နိုးနေသည့်တိုင ချက်ချင်း မထဖြစ်သေးဘဲ ရင်ခွင်ထဲသို့သာ ကျောလေးမှီကာ
ပို၍ တိုးဝင်ဖြစ်သည်။ အတွေးတွေ ဟိုဟိုသည်သည် လွင့်မျောနေတုန်းမှာပဲ မနေ့က လက်ထပ်ခွင့် တောင်းခံခဲ့ရသော ပုံရိပ်သည် ခေါင်းထဲ၌ ထင်ထင်ရှားရှား
ပြန်ပေါ်လာခဲ့သည်။ ရုတ်တရက် ပူနွေးလာသော
နှလုံးသားလေးနှင့်အတူ ထိတွေ့မိသည်က လက်သူကြွယ်ပေါ်ရှိ ကျောက်စိမ်း လက်စွပ်လေး။
အမြတ်တနိုး တန်ဖိုးထားရသည့် ပစ္စည်းလေးမို့လို့ ခပ်ဖွဖွလေးသာ တို့ထိရင်း ပီတိဖြာနေမိသည်။

"သည်းငယ် နိုးပြီလား"

လည်ပင်းထက်သို့ ရိုက်ခက်လာသော အာငွေ့ ခပ်နွေးနွေးနှင့်အတူ နားစည်သို့ တိုးဝင်လာသော ဩရှရှအသံ။

"ကိုယ့်ဘက်ကို လှည့်ပါအုံး"

ကိုကိုသည် အပြောနှင့်အညီ ကိုယ်ကို ဆွဲလှည့်လာသည့် အတွက် ခန္ဓာကိုယ်ကို တစ်ဖက်သို့ စောင်းရန် ခေါင်လွမ်း
ပြင်လိုက်ရသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now