Zawgyi
"Hi....ငါက ချန်ဖေး...လီချန်ဖေး...."
ထိုင်နေကြနေရာလေးမှာသီချင်းနားထောင်ရင်း တိတ်တဆိတ်ထိုင်နေတုန်း ရုတ်တရက် လာနှုတ်ဆက်တဲ့ လူတစ်ယောက်ကြောင့် အံ့ဩသွားရသည်.......
ကျောင်းတစ်ကျောင်းလုံးမှာ သူ့ကို လာအဖက်လုပ်တဲ့
သူရှိမှမရှိဘဲ......
အော်......ငါ့ကိုပြောနေတဲ့အကြောင်းတွေ
မသိသေးလို့နေပါလိမ့်မယ်.....သူကိုယ်တိုင်ကလည်း လူတိုင်းနဲ့အပေါင်းအသင်း မလုပ်တော့တာကြောင့် ခုလိုလာစကား
ပြောတာကို ကျင့်သားမရတော့ပေ......
ဒါပေမယ့်လည်း ထိုလူကို ပြန်နှုတ်ဆက်ဖြစ်ခဲ့သည်....."ရှောင်ကျန့် ပါ...."
"ငါသိပါတယ်.....မင်းအကြောင်းတွေကိုရောပေါ့....."
ရှောင်ကျန့်မျက်ဝန်းတွေဝိုင်းစက်သွားသည်.......
ပထမဆုံးလူ.....သူ့အကြောင်းတွေကို သိနေလျက်နဲ့
စကားလာပြောတဲ့လူ......"မင်း....."
"........"
"မင်းရောငါ့ကို တခြားလူတွေထင်သလို မထင်ဘူးလား...."
ရှောင်ကျန့်သူ့ကို စူးစူးရဲရဲကြည့်နေတဲ့ မျက်လုံးတစ်စုံကို စိုက်ကြည့်ရင်းမေးမိသည်......
အဲဒီအကြည့်တွေထဲမှာ သူ့ကို ရွံ့ရှာမှုတွေ ပိုင်းလုံးတစ်ကောင်လို့ထင်နေတဲ့အကြည့်တွေ
ရှိနေရဲ့လားဆိုတာလည်း တစ်ဆက်တည်း အဖြေရှာမိပြန်တယ်.....လီချန်ဖေး သူ့ကို မျှော်လင့်ချက်ရောင်ခြည်သန်းစွာ
ကြည့်နေတဲ့ကောင်လေးကြောင့် စိတ်ထဲကနေ
ပြုံးလိုက်သည်...."မထင်ပါဘူးကွာ...မင်းပုံစံက ရိုးရိုးသားသားပါ...."
လီချန်ဖေး စကားအဆုံး ရှောင်ကျန့်မျက်လုံးက မျက်ရည်တွေ တဖြိုင်ဖြိုင် ကျလာသည်.....
လီချန်ဖေး မှာတော့ ရုတ်တရက်ငိုချလာသည့်
ရှောင်ကျန့်ကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်လို့သွားသည်...."ဟာ...မငိုပါနဲ့ကွာ...ငါပြောတဲ့အထဲအမှားပါသွားရင်
ငါတောင်းပန်ပါတယ်...."
YOU ARE READING
Hate Vs. Love▪︎Completed▪︎
Teen Fictionunicode ဒါဆို အရာအားလုံးက အတုအယောင်တွေပေါ့ ဟုတ်လား ရှောင်ကျန့်...... ငါမှားသွားပါတယ်....ငါပဲမှားသွားခဲ့တာပါ.... တောင်းပန်ပါတယ်....... (Wang yi bo) ဒါပေမယ့် ငါခင်ဗျားကို တကယ်ချစ်ခဲ့တယ်လေ စီနီယာ.... (Xiao Zhan) zawgyi ဒါဆို အရာအားလုံးက အတုအေယာင္ေတြေပါ...