Chapter - 52

7.3K 1.4K 64
                                    

Unicode

ရှန်ယွီအမှောင်ထဲမှာနစ်မြုပ်နေခဲ့သည်။

ထန်လီဘက်ကကြည့်ရင်ရှန်ယွီရဲ့မျက်နှာအမူအရာကိုသေချာမမြင်ရပေမဲ့ရှန်ယွီရဲ့တုန့်ပြန်မှုကိုတော့သူရှင်းရှင်းလင်းလင်းသိနိုင်သည်။

ထန်လီကခဏ‌လောက်လောက်ကြောင်နေမိခဲ့သည်။သူကစိတ်ကိုလျှော့လိုက်ပြီးသူ့မျက်လုံးထဲကစိတ်ပျက်မှုတွေကိုဖုံးကွယ်နိုင်ဖို့မျက်လွှာချလိုက်သည်။သူကလွယ်ကူစွာဟန်ဆောင်ပြုံးလိုက်ပြီး‌ပြောလိုက်သည်။

"တောင်းပန်ပါတယ်။"

"ရပါတယ်။"

ရှန်ယွီကအနိမ့်အမြင့်မရှိပဲတည်ငြိမ်နေတဲ့အသံနဲ့ပြန်ပြောလိုက်သည်။

ထန်လီကတစ်ခုခုပြောချင်နေပေမဲ့လည်းဦး‌‌လေးကျန်းကသူ့အနားရောက်လာပြီးအကြီးအကဲရှန်ကသူ့ကိုရှာနေတယ်လို့ပြောတာကိုကြားလိုက်ရသည်။
ထန်လီကအမူအရာမဲ့နေတဲ့ရှန်ယွီကိုလှည့်ကြည့်လိုက်ပြီးစကားပြောဖို့ပြင်လိုက်ပေမဲ့ရပ်သွားခဲ့သည်။နောက်ဆုံးမှာတော့သူကဘာမှမပြောတော့ပဲလှည့်ထွက်သွားခဲ့သည်။

ဦးလေးကျန်းကရှန်ယွီနားကိုလျှောက်လာပြီးပြောလိုက်သည်။

"သခင်လေး"

ရှန်ယွီကငြိမ်သက်စွာခေါင်းငုံ့ထားခဲ့ပြီးသူ့စိတ်တွေကအရမ်းကိုရှုပ်ထွေးနေခဲ့သည်။သူကစိတ်နဲ့ကိုယ်နဲ့မကပ်ရင်းကနေပြန်ပြောလိုက်သည်။

"ကျွန်တော့်ကိုစိတ်ပူစရာမလိုပါဘူး။အနားယူဖို့အပေါ်တက်ချင်တဲ့ဧည့်သည်တွေရှိလားလို့သွားပြီးကြည့်ကြည့်လိုက်ပါ။ပြီးရင်သူတို့ကိုအပေါ်ထပ်လိုက်ပို့ပေးဖို့ဝန်ထမ်းတွေကိုပြောလိုက်ပါ။"

"ကောင်းပါပြီ။"

ဦးလေးကျန်းကခေါင်းညိတ်လိုက်ပြီးထွက်သွားခဲ့သည်။

ရှန်ယွီကအဲ့ဒီ့နေရာမှာခဏလောက်နေနေခဲ့သည်။ဧည့်သည်တွေကပြုံးရင်းဝိုင်ခွက်တွေကိုကိုင်လာကာသူနဲ့စကားပြောဖို့ရောက်လာကြသည်။

အချိန်ကခပ်မြန်မြန်ပဲကုန်ဆုံးသွားခဲ့သည်။စကားပြောဆိုတာတွေပြီးသွားတဲ့အချိန်ကညဆယ့်တစ်နာရီနီးပါးဖြစ်နေပြီဖြစ်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now