[ Unicode ]
ကျနော်တို့ရဲ့ဘဝတွေက
ဟာသတွေ အလွဲတွေ နဲ့ ပျော်စရာ
ကောင်းခဲ့တယ်..။
ဘယ်လိုပြောရမလဲ.. ယောင်္ကျားကောင်းတော့
သားသမီးတွေ လဲ လုံခြုံတာပေါ့ အဟွန်း..။ရိပေါ်လေး ကိုယ်ဝန်
ဆောင်တဲ့ အချိန်အတွင်းမှာ အပျိုကြီးကျန်းချန်ကို အလုပ်တွေ လွှဲပေးပြီး
ဟိုးး အသက်ရှုတာက အစ လုပ်ပေးချင်နေတဲ့
ကိုကို့ကြောင့် ရိပေါ်ပျော်မိပါတယ်။ရိပေါ်လေးကလေးမွေးတော့ အမွှာလေး
သားကအကြီး သမီးက အငယ်လေး..။
ကလေးတွေကို တုန်နေအောင်ချစ်ရှာပါတယ်
ကျနော့်ကိုရောပဲပေါ့..။
ရိပေါ်လေးက ကလေးမွေးပီးလဲ ကလေးလိုပါပဲ
ညဘက်တွေ ကလေးတွေငိုရင်
ထမချော့ တော့ ရှောင်ကျန့်ကပဲ
ကလေးတွေကို ချော့ ၊ ရိပေါ်က သူ့ကို ကျောလေး
ပုတ်မပေးရင် နိုးတတ်တော့
ရိပေါ်ကို တစ်လှည့်ချော့ရင်း ဗျာ များရပါတယ်။တစ်ခါတစ်လေ ကုတင်နဲ့ ပုခတ်ကြားမှာ
အိပ်ပျော်သွားတဲ့ ဘဲညိုကြီးဆိုတာ
လဲ ရှိ ပါတယ်လေ..။
.
.
. " Baby.. ကောကို ဖျော်ပြီးသားနို့ဘူးလေး သွားယူပေးနော် အအေးခံထားလို့.. "" ဟုတ် "
အမွှာလေး နှစ်ကောင်လုံးက
ရှောင်ကျန့် ကျောပေါ်မှာ ကြီး ၊
မုန့်တွေနဲ့ ရှုပ်ပွနေတဲ့ ကလေးကြီးကို
လဲ ထိန်းရသေးတယ်..
တော်ပါသေးတယ် 12 ယောက်မယူမိလို့..။" အို... သမီးလေးက ဆိုးတယ်ကွာ . သေးပေါက်ချပြန်ပြီ... မငိုနဲ့ .. ကျွတ် ကျွတ် ဒယ်ဒီလဲပေးမယ်နော် "
" ကောရေ ဒီမှာ ရပြီ.. "
" ဟုတ်ပြီ ရိပေါ်က.."
ကလေးလေးနှစ်ယောက်ကို
ဆိုဖာပေါ် အရင်တင် ကလေးကြီး
အတွက် မုန့်တွေသွားယူ ပေးပြီး
အသေအချာ အိပ်ယာပေါ်တွင် နေရာချပြီးမှ
သမီးလေးကို အဝတ်ပြန်လဲ ပေးရသည်။" ကော~ ချော့သိပ် "
" ကောရေချိုးပြီးရင် ချော့သိပ်မယ်နော်..အာ.. သားရေ "
အိမ်ရှေ့ သွားရမလား.. အိမ်နောက်သွားရမလားဆိုတာ မသိတော့ပေမဲ့
မနက်ကမိုးလင်းကနေ ညအထိဘဲညို ကြီး
အသံတွေနဲ့ပဲ
သာယာလို့နေခဲ့သည်။
YOU ARE READING
ပေါက်ဆီလုံးလေးရဲ့ပိုင်ရှင်ဘဲညိုကြီး 😁❤️💚 [ Completed ]
Romanceဝမ်အသဲအသက်လေးအတွက်ဆို ရှောင်ကျန့်ဆိုတဲ့ ဘဲညိုကြီးက ဘယ်လို စောင်းစောင်းရပါတယ်... မင်းတို့က ဘဲညိုကြီးဆိုတဲ့ နာမည်ကို အလကားပေးထားတယ် ထင်နေတာလား? // ဒါလေး ဖတ်ပြီး ပျော် ရွှင်မှု တွေကူးစက်တာနဲ့ ကျေးဇူးတင်ပါတယ် //