What's up Kris?
ကျွန်တော် ခင်ဗျားကို ဧရာမစာအိတ်ကြီး တစ်ခု ထပ်ပို့လိုက်ပြီ။ ဘယ်လိုလဲ ကျေနပ်ရဲ့လား?
ခင်ဗျားကြိုက်တဲ့ jelly beans တွေက ဘယ် brand တွေလဲ မသိတာနဲ့ တွေ့တဲ့ တံဆိပ်အစုံ အကုန်ဝယ်ပြီး ထည့်ပေးလိုက်တယ်။ အရမ်းများပြီး အိုဗာ ဖြစ်သွားတယ်ဆိုလည်း ခွင့်လွှတ်လိုက်ပါဗျာ။ အစားအသောက်နဲ့ ပတ်သတ်လာရင်တော့ လွန်တယ် ကျူးတယ် အိုဗာဖြစ်တယ် ဆိုတာမျိုး မရှိဘူးမလား ဟဲဟဲ ...
ဒါနဲ့ အစားအသောက် အကြောင်းပြောမှ ခင်ဗျားက တကယ့် foodie တစ်ယောက်ပဲဗျ။ ဒီလောက်စားကောင်းတဲ့ ဆိုင်တွေကို ခင်ဗျား ဘယ်လိုလုပ်ပြီး နှိုက်နှိုက်ချွတ်ချွတ် သိနေရတာလဲ။ ခင်ဗျားပြောတဲ့ဆိုင်ကို Lu Han နဲ့ Sehun ကို ခေါ်သွားလိုက်တယ်။ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်က ညွှန်းလို့ ဆိုပြီး ကျွန်တော်ဆွဲခေါ်တဲ့နောက် တရွတ်တိုက် ပါလာတဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အူကြောင်ကြောင်လေးတွေ ဖြစ်နေရော။ ဘာမှန်းမသိ လိုက်လာရလို့ ဆူပုတ်နေကြတဲ့ သူတို့နှစ်ယောက်က အစားအသောက်တွေ မြည်းပြီးနောက်မှတော့ ပျော်နေရော။ စားကောင်းလွန်းလို့တဲ့။ ဘယ်သူညွှန်းတာလဲ မသိပေမယ့် အဲဒီ mystery guy ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါတဲ့။ ဒါကြောင့် Lu Han နဲ့ Sehun က ခင်ဗျားကို ကျေးဇူးတင်တယ်တဲ့ Kris ရေ ...
ကျွန်တော်ထင်တယ် ခင်ဗျား သူတို့ကို သဘောကျမှာ ...
ကျွန်တော်ပြောချင်တာက Lu Han နဲ့ Sehun က လူကောင်းသူကောင်းတွေ ... ခင်ဗျားကလည်း လူကောင်းတစ်ယောက်ပဲလို့ ကျွန်တော်ယုံတယ် .. ဒါကြောင့် ခင်ဗျားသာ သူတို့ကို သိခွင့်ရရင် ခင်ဗျား သူတို့ကို သေချာပေါက် သဘောကျမှာ ကျွန်တော် သိတယ် ... တစ်ခါတစ်လေ ဘယ်လိုပြောရမလဲ ... ဒီတိုင်းပဲ စိတ်ထဲက သိနေတာမျိုးလေ .. သိတယ်မလား အဲ့လို ခံစားချက် ... အော် ပြောနေတာနဲ့ ရှုပ်ကုန်ပြီ ...
ဒါနဲ့ သူတို့က ကျွန်တော့်ကို Yeollie လို့ ခေါ်တာဗျ ... ခင်ဗျား မကြိုက်ရင်တော့ အဲ့လို မခေါ်လည်း ရပါတယ် ...
ချစ်တဲ့
Chanyeol
YOU ARE READING
အိပ်မက်တစ်ခုပေါ် လျှောက်လှမ်းခြင်း [Kris x Chanyeol] (Ongoing)
Fanfictionတစ်ကောင်ကြွက်ဖြစ်ပြီး အထီးကျန်နေကြတဲ့ စစ်သားတွေဆီကို စာပို့ပြီး မိတ်ဆွေဖွဲ့ရတဲ့ အစီအစဉ်တစ်ခုမှာ Chanyeol နဲ့ သူ့မိသားစု စာရင်းပေးခဲ့ကြတယ်။ Chanyeol ကတော့ Kris ဆိုတဲ့ စစ်သားတစ်ယောက် နဲ့ ဆက်သွယ်ခဲ့ရပြီး တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို အစွဲလမ်းကြီး...