အပိုင်း (၁၆) [Zawgyi]

28 3 0
                                    

ချန်းယောလ် ...


တောင်းပန်ပါတယ်။ ငါ မထွက်သွားခင် မင်းကို ပြောသွားခဲ့သင့်တာ။


ငါတို့ တစ်နေရာကို သွားတိုက်နေလို့။ တစ်ခါတစ်လေ အဲ့လို အမိန့်ထွက်လာတာနဲ့ အမြန်လှုပ်ရှားလိုက်ရတာမျိုးတွေ ရှိတယ်။ ငါ နည်းနည်း ပွားလို့ရမလား။ ငါ စိတ်ရှုပ်လွန်းလို့ ပွားချင်နေပြီ။

လူတစ်ယောက် သေသွားတယ် ချန်းယောလ်။ ငါတို့အဖွဲ့က တစ်ယောက်။


ဒီမနက်ခင်းကပဲ ငါနဲ့အတူတူ မနက်စာစားနေခဲ့တဲ့ တစ်ယောက်ဟာ အခု မျက်နှာတည့်တည့်ကို အပစ်ခံလိုက်ရပြီး သေသွားခဲ့ပြီ။ နေရာတစ်ကာမှာ သွေးတွေချည်းပဲ။ ညှီလွန်းလို့ ငါအန်ထွက်ချင်တယ်။ Tao ကတော့ ငါ့ကျောကို တစ်ချိန်လုံး ပွတ်ပေးနေခဲ့တာ။

အားလုံးက ဒီလို အခြေအနေတွေနဲ့ အသားကျနေပြီး ငါတစ်ယောက်ပဲ ဒီလိုဖြစ်နေတာထင်တယ်။ အားလုံးအတွက်ကတော့ ဒါက နိစ္စဓူဝ ဖြစ်နေကျပဲမို့ ဘာမှမဖြစ်သလို အသည်းနှလုံး မရှိတော့သလိုပဲ။

ဒါပုံမှန် မဟုတ်ဘူးမလား။


ပုံမှန် မဟုတ်ဘူးလို့ ငါ့ကို ပြောပေးစမ်းပါကွာ။


ချန်းယောလ် မင်းတော့ ငါ့ကို အဲဒီလို လူတစ်ယောက် ဖြစ်အောင် ခွင့်မပြုပါနဲ့။ လူတွေသေနေတာကို ဘယ်လိုမှ မခံစားရဘဲ ဘယ်လိုမှ မနေဘဲ သွေးအေးတဲ့လူတစ်ယောက် ဖြစ်မသွားအောင် ငါ့ကို ကြည့်ပေးပါ။


shit ငါဘာဆက်ရေးရမလဲတောင် မသိဘူး ...


Seoul က ငါအကြိုက်ဆုံး နေရာကို မင်းမေးထားတယ်နော်? Namdaemun က ကင်မ်ချီဆိုင် ငါကြိုက်တယ်။ မင်းသွားပေးနော်။ သွားရင် ငါ့အတွက် ကင်မ်ချီ ထမင်းကြော် စားခဲ့ပေးပါ။ စားပြီးတဲ့အခါ အဲဒီ ဆိုင်က ကင်မ်ချီက မင်းစားဖူးသမျှထဲ အကောင်းဆုံး မဟုတ်ဘူးလို့ ငါနဲ့ ပြိုင်ငြင်းပေးပါဦး ဟဟ ...


စိတ်မပူပါနဲ့ ... ငါထွက်လာနိုင်တဲ့အချိန်ကျရင် မင်းနဲ့ အတူသွားလို့ရပါတယ်။ နှစ်သစ်ကူးချိန်ထိ စောင့်ရဦးမှာ။ နှစ်သစ်ကူးဖို့ဆို ၇လတောင် လိုသေးတယ်။


၇လလောက်ကတော့ ငါတောင့်ခံနိုင်မယ် လုပ်နိုင်မယ် ထင်တာပဲ။ ဒီမှာ ငါ့ထက်ပို အကြာကြီး နေရတဲ့သူတွေ ရှိတယ်။ သူတို့တောင် နေနိုင်သေးတာပဲ။ ငါဘာလို့ မလုပ်နိုင်ရမှာလဲ။


ဆိုးလ်ကို လွမ်းတာတော့ အမှန်ပဲ ချန်းယောလ်ရေ။ ဘာမှ ထွေထွေထူးထူး မရှိတဲ့ ငါ့တိုက်ခန်းကိုရော၊ ငါ့ခွေးလေးကိုရော လွမ်းတယ်။ ငါ စစ်ထဲဝင်ရတော့မယ်ဆိုတော့ သူ့ကို သူများလက်ထဲ ထည့်ပေးခဲ့ရတာ စိတ်မချဘူး။


ဒါနဲ့ မင်း ဘာလို့ ညညဆို အိပ်မပျော်တာလဲလို့ ငါမေးထားတာကို ပြန်မဖြေဘူးနော်။ ဘာဖြစ်လို့လဲ။ အိပ်မပျော်တဲ့ ကိစ္စက ဘာပြသနာရှိလို့လဲ။


ချစ်တဲ့ Kris

အိပ်မက်တစ်ခုပေါ် လျှောက်လှမ်းခြင်း [Kris x Chanyeol] (Ongoing)Where stories live. Discover now