Chapter 113

14.4K 2.4K 170
                                    

ကျန်းဟောင်ရဲ့အသံက so sexy ။
တကယ်ကို flirt နိုင်စွမ်းတွေအပြည့်နဲ့ ။

ယုပေါ်ယွင်ကိုယ်လေး တောင့်ခနဲပဲ ။
ကျောတောင်မတ်သွားရပြီ ။
ခဏကြာတော့မှ အပြုံးလေးနဲ့ ဆိုလိုက်တယ် ။
"အာ..ရပါတယ်..ခဏထိုင်စောင့်ဦးနော် "

ကျန်းဟောင်က အတော်လေး အူမြူးနေပြီး ဆိုဖာပေါ်ကို မှီချလိုက်တယ် ။ ပြီးတော့
သက်သောင့်သက်သာနဲ့ ဒူးလေးနှံ့လို့ ။ သူ့ပုံစံက တကယ်ကို ပေါ့ပေါ့ပါးပါး ။ ယောကျ်ားဆန်ဆန်နဲ့ ချောမောခန့်ညားပြီး ချစ်ဖို့လည်းကောင်းတယ် ။

လုရန်က ဖရဲသီးတွေ ပါးလုတ်ပါးလောင်းနဲ့ စားနေရင်း ကျန်းဟောင်ကို ရိပ်ခနဲမြင်လိုက်တယ် ။
"ဟိုနားက ကိုလူချောရေ... ခင်ဗျားက ဘယ်သူတုန်း "

ကျန်းဟောင်က မျက်ခုံးပင့်ပြီး အပြုံးလေးနဲ့ လက်ကမ်းလိုက်တယ် ။
"ဟယ်လို... ကျွန်တော့်နာမည် ကျန်းဟောင်ပါ.."

လုရန်က လက်ပြန်မကမ်းပါဘူး ။
"လက်ဆွဲနှုတ်ဆက်တယ်ဆိုတာ အနောက်နိုင်ငံသားတွေရဲ့ ဓလေ့..ငါတို့နဲ့ ဘာမှမဆိုင်ဘူး "

ကျန်းဟောင်ကလည်း အပြုံးမပျက်ပါဘူး ။
မျက်လုံးတွေထဲမှာတောင် ရယ်မြူးရိပ်တွေနဲ့ ။
"ဟုတ်ပါပြီ..တန်ဖိုးရှိတဲ့ နှစ်ကူးအချိန်လေးကို ကျွန်တော်တို့အတူတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲဲကြရအောင် "

လုရန်က လေးလေးနက်နက်ဆိုလိုက်တယ် ။
"အဲ့တော့ မင်းက ယုပေါ်ယွင်ကို လိုက်နေတာပေါ့ ?! "

"အဟွတ် အဟွတ် "
ကျန်းဟောင်တစ်ယောက် ထသီးလေတော့တယ် ။
"မင်း...မင်း စကားကြီးကလည်း...တကယ့်ကို တည့်တိုးကြီး! "

"ငါတို့လို မာစတာတွေက ဘယ်တော့မှ ဝေ့လည်ကြောင်ပတ်မပြောတတ်ဘူး.. သိဘို့! "
လုရန်က ဟွန့်ခနဲတောင် နှာခေါင်းရှုံ့လိုက်သေးတယ် ။
"မင်းရဲ့ပုံစံက အဖြောင့်ပုံပေါက်သော်ငြားလည်း ငါတို့ ပေါ်ယွင်လေးကို ပြောတဲ့လေသံက ဟုတ်မနေဘူးလေ...ပြီးတော့..ဘယ်အဖြောင့်ကောင်ကများ သူငယ်ချင်းအမည်ခံ ယောကျ်ားတစ်ယောက် အိမ်မှာ နှစ်ကူးပွဲကျင်းပလို့လဲ..မိသားစု ဒါမှမဟုတ် ချစ်သူနဲ့သာ ကျင်းပကြတာ...ငါ့ကိုတော့ ထည့်မတွက်နဲ့...ငါ နဲ့ ယုပေါ်ယွင်က ညီအစ်ကိုလိုတောင် ဖြစ်နေပြီ "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now