အပိုင်း(၉)- ဆေးသုံးထားတယ်လို့အဖြေထွက်လား?

2.5K 506 17
                                    

"လူကြီးမင်းလု ဒီကိုရောက်ရောက်ချင်းသွေးစစ်ကြည့်တော့ ဆေးသုံးထားတယ်လို့အဖြေထွက်လား?"
----------------------------------------------

နံနက်ကိုးနာရီ ပုဂ္ဂလိကသူနာပြုရုံ​၏ ပလက်ဖောင်းဘေးတွင် ငွေရောင် Mercedes Benz ကားတစ်စီး ကျွီခနဲထိုးရပ်သွားသည်။

"မိနစ်သုံးဆယ်ပဲရှိသေးတယ်။"

ယန်မိန့်က နောက်လှည့်မေးလိုက်သည်။

"ပြီးတဲ့အထိ ကျွန်မရှင့်နားမှာ နေပေးမယ်လေ။"

"မလိုပါဘူး။ဆေးစစ်ရုံပဲဥစ္စာ။ ငါက မသန်မစွမ်းဖြစ်နေတာမှမဟုတ်ဘဲ။"

ကျန်းထင်က ခါးပတ်ဖြုတ်လိုက်ပြီး ကားထဲမှ ဆင်းလိုက်ပါ​၏။

ယန်မိန့်မှာ မတင်မကျဖြစ်စွာနှင့် ကားမှန်ကို ချလိုက်လေသည်။

"အဲ့ဒါဆိုလည်းပြီးတာနဲ့ ကျွန်မလာကြိုမှာကိုစောင့်နေနော်"

ကျန်းထင်က နောက်သို့ လှည့်မကြည့်ပါဘဲ အဝေးမှ လက်ပြကာ သူနာပြုရုံထဲ ဝင်သွားလေ​၏။

ယန်မိန့်ခမျာ ယနေ့အတွက် အထူးတလည်ပင် မက်မွန်ရောင်မိတ်ကပ်ကို တမင်လိမ်းခြယ်ထားခြင်းဖြစ်ပါ​၏။ အလိုမပြည့်ခြင်းများအား သက်ပြင်းအဖြစ် မှုတ်ထုတ်မိပြန်သည်။ မည်သို့ပင်ဖြစ်စေ သူမကတော့ အဝေးသို့ မောင်းထွက်သွားရုံသာ တတ်နိုင်သည် မဟုတ်ပါလား။

သူမ​သတိမထားမိလိုက်သည့် မြင်ကွင်းလေးကတော့ သူမ​၏ ကားဘက်မှန်တွင်အထင်းသား။ သူမကားရပ်ခဲ့ပါသည့်နေရာတွင် အနက်ရောင် Grand Cherokee ကားတစ်စီးက နေရယူသွားလေခြင်း။

ယန်ရှယ်က ကားမောင်းသူနေရာတွင် ထိုင်နေရင်း ဆေးလိပ်ဖင်ကို ထုတ်ကာ ယာဉ်ကြောထဲသူမဝင်ရောက်ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်​၏။ ထို့နောက် ချက်ချင်းပင် မျက်နှာချင်းဆိုင်ရှိ သူနာပြုရုံထံ အကြည့်တို့လွှဲပြောင်းလိုက်လေသည်။

"ဒီမှာ_ မင်းရဲ့ ဆန်ပြုတ်နဲ့ အရံဟင်းတွေ။"

လူနာဆောင်အောက်ထပ်ရှိ နံနက်ခင်းကဖေးဆိုင်တွင် လူများများစားစားမရှိလှ။

ကျန်းထင်က ထောင့်တစ်နေရာတွင်ထိုင်လိုက်ရင်း နာရီတစ်ချက်ကြည့်ကာ တစ်ခါသုံး သစ်သားတူကို ခွါလိုက်​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now