အပိုင်း (၄) [Zawgyi]

17 6 0
                                    

ဖေဖော်ဝါရီလ (၇)ရက်နေ့


ဟေ့လူ အေးဆေးပဲလား?


ဒီတစ်ခါတော့ သိပ်တောင်မစောင့်လိုက်ပဲ ထပ်ရေးဖြစ်မှန်း ကျနော်သိပါတယ် ... ခင်ဗျား စာပြန်မှာမဟုတ်ဘူးဆိုပြီးတော့ ကျနော် တထစ်ချ မှတ်ယူလိုက်ပါပြီ ... တစ်ချိန်ကတော့ စာပြန်ပါစေလို့ မျှော်လင့်ခဲ့ဖူးပေမယ့် အခုတော့ ဒီအတိုင်းပဲ ဆက်သွားမယ် ထင်ပါတယ် ...အကယ်လို့များ ... ခင်ဗျားဟာ သူစိမ်းတစ်ယောက်နဲ့ စကားပြောဖို့ သိပ်မဝံ့မရဲဖြစ်တတ်တဲ့သူဆို ... ဘာလို့များ အစကတည်းက စာရင်းပေးခဲ့ပါလိမ့် ကျနော် တွေးမိတယ် သိလား ..


ဟဲဟဲ နောက်တာပါ ..တစ်ခါတစ်လေမှာ ကိုယ်နဲ့ လုံးဝမတူညီတဲ့ ဘဝတစ်ခုကို တည်ဆောက်နေတဲ့သူတွေအကြောင်း ကြားနေသိနေရတာ ခဏတာပဲဖြစ်ဖြစ် အလှည့်အပြောင်း ဖြစ်ပြီး စိတ်သက်သာရာရနေမယ် ဆိုတာ ကျနော် သိပါတယ် .. . ဟုတ်တယ်ဟုတ်??


ကျနော် သဘောပေါက်နေပါပြီ .. ခင်ဗျားဘက်က စာပြန်မလို့ဆိုပြီး ကျနော့ဘက်က ရေးတာကိုလည်း ရပ်ပလိုက်ရမှာလား .. အဲ့လိုလုပ်စရာမှ မလိုတာ .. ကျွန်တော် ဒီလိုစာရေးနေတဲ့အကြောင်းအရင်းကလည်း အဲဒါမှ မဟုတ်ပဲနော် ...ဘာပဲဖြစ်ဖြစ်လေ ဒီတစ်ခါလည်း ပြောစရာလေးတွေ ရှိနေပြန်တယ် ...


ဟိုတစ်နေ့က ကျနော့အမေက ကျနော့ကို ဘုရားကျောင်းကို အတင်းခေါ်သွားတယ်ဗျာ .. ပြောရမယ်ဆို ကျနောကလည်း သိပ်ဘုရားတရားရှိတဲ့ကောင် မဟုတ်ဘူး ... သိပ်လည်း မသွားဖြစ်ပါဘူး ... ဒါမယ့် အမေကတော့ အမြဲတမ်း ကျနော်နဲ့ ညီလေးကို ဆွဲခေါ်သွားစမြဲပဲ ...


ဟဲဟဲ Luhan နဲ့ Sehun တို့ကတော့ ဘုရားကျောင်းမှာ မရှိဘူးဆိုတာ ပြောစရာမလိုတော့ပါဘူးနော် ... ရယ်ချင်မှရယ်ရမှာ .. ဒါပေမယ့် ကျနော်ဒီကိစ္စကို ရယ်ချင်နေတုန်းပဲ ... ဆောရီးပဲဗျာ ..


ပြောရမယ်ဆိုရင် အသံတိတ်ဆုတောင်းရတဲ့ အချိန်မှာပေါ့ဗျာ .. ကျနော်လုပ်နေကျက အဲဒီမှာ ငြိမ်ငြိမ်လေးထိုင်နေရင်း ဆုတောင်းချိန်ပြီးတဲ့အခါ ကျွေးမယ့် မုန့်တွေအကြောင်းပဲ ထိုင်တွေးနေတာပဲ များတယ် .. ကျနော်က ရေလည် အစားကြီးတဲ့ကောင်လေ.. အစားဆို မစဉ်းစားရမနေနိုင်... ဘုရားကျောင်းသွားတာတောင် အစားအကြောင်းပဲစဉ်းစားနေတာ ..


ဒါပေမယ့် .. ဒီတစ်ခေါက်မှာတော့ နည်းနည်း ပိုအကျိုးရှိမယ့်အရာ လုပ်ခဲ့တယ် ..အကယ်လို့များ ကျနော်တို့ ဆုတောင်းတွေကို နားထောင်ပေမယ့် တစ်စုံတစ်ယောက်သာ တကယ်ရှိနေခဲ့မယ် ဆိုရင် ဆိုတဲ့ အတွေးနဲ့ ကျနော် ဆုတောင်းခဲ့တယ် ...


ခင်ဗျားနာမည်ကို မသိပါဘူး .. ဒါပေမယ့် ကျနော် စစ်သားနံပါတ် ၁၀၂၇၆၈၅ အတွက် ဆုတောင်းခဲ့တယ် ..ခင်ဗျား ဘေးအန္တရာယ် ကင်းရှင်းဖို့ .. ပြီးတော့ ခင်ဗျား အိမ်ကို သိပ်လွမ်းမနေစေပါနဲ့လို့ မျှော်လင့်ရင်း ဆုတောင်းမိတယ်.. ခင်ဗျား ကျနော့ဆီ စာပြန်ပါစေလို့လည်း အဲဒီမှာ တောင်းဆိုခဲ့မိသေးတယ် ...


အော် .. ဒါဖိအားပေးတာမဟုတ်ဘူးနော် .. အေးဆေး .. ခင်ဗျား ယူချင်သလောက် အချိန်ယူပါ .. လုံးဝ ပြန်မရေးလည်း ရပါတယ် ..ကျနော် အဆင်ပြေပါတယ် .. ပြောခဲ့သလိုပဲ ကျနော် သဘောပေါက်သွားပါပြီ ...ဒါမယ့်လည်း စာပြန်ပါစေလို့ ဆုတောင်းနေသူကတော့ အပြစ်မရှိပါဘူးလေ ..


သိပ်မကြာခင်မှာပဲ ကျနော့ဆီက ထပ်ကြားရဦးမှာပါ ...

ချန်းယောလ်

အိပ်မက်တစ်ခုပေါ် လျှောက်လှမ်းခြင်း [Kris x Chanyeol] (Ongoing)Where stories live. Discover now