This part is only for Unicode Users!
....................အခန်း(၄၄) နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
ယွင်ရှဲ့ဟာ ကျန်းရွှင်းယီ၏ညာဘက်နားရွက်ဘေးနားမှာပြောလိုက်တာဖြစ်သည်။ သူ၏ဝင်သက်ထွက်သက်လေနွေးနွေးလေးသည် ကျန်းရွှင်းယီ၏အရေပြားပေါ်ကို ဖြတ်တိုက်သွားကာ သူ၏ဦးခေါင်းခွံအားတင်းကြပ်သွားစေသည်။ ကျန်းရွှင်းယီမျက်လုံးတွေကိုလှိမ့်လိုက်ရင်းဖြင့် ယွင်ရှဲ့ကိုတွန်းလိုက်သည်။
"စိတ်ပျက်စရာပဲ!"ယွင်ရှဲ့ကရယ်မောလိုက်၏။ ကျန်းရွှင်းယီဆက်ပြောလိုက်သည်။
"မင်းသေတဲ့အထိရိုက်နှက်ခံခဲ့ရတာမဟုတ်ဘူးလား။ မင်းဘာလို့အသက်ရှင်နေသေးရတာလဲ။ မင်းက စာအုပ်ထဲကိုတောင် ငါ့လိုမျိုးသွားလိုက်သေးတယ်..မင်းအတိတ်ကိုသွားခဲ့တာလား။""ဟုတ်တယ်။"
ကြီးမြတ်သောဆရာသခင်ဟောတိန်ကထပ်ဖြည့်ပြောလာသည်။
"ကျန်းသခင်လေးက ကိုယ်တော်က ယွင်ဂိုဏ်းချုပ်ကိုသတ်ပစ်လိုက်တယ်လို့ ထင်ပြီးတော့ ကိုယ်တော်နဲ့အသေအကြေတိုက်တော့မလို့ပဲ။ ကံကောင်းတာက မင်းတကယ်မသေသွားခဲ့ဘူး၊ မဟုတ်ရင်တော့ ဒီအရိုးအိုကြီးက သူအတွက် တိုက်ခိုက်ဖို့လုံလောက်မှာမဟုတ်ဘူး။""မဟုတ်ဘူး။"
ကျန်းရွှင်းယီမြန်မြန်လိမ်လိုက်သည်။
"အဘိုးကြီး၊ ခင်ဗျားပြောချင်တာပြောလို့ရမယ်မထင်နဲ့။ ဘာကြောင့်လဲဆိုတော့ ခုနက ခင်ဗျား ကျုပ်ကိုတွန်းခဲ့တဲ့ကိစ္စကို ကျုပ်ပြန်မပြောချင်လို့ပဲ။"ဆရာသခင်ဟောတိန်ကဘာမှမပြောပဲ ရယ်သာရယ်နေသည်။
ယွင်ရှဲ့ပြောလာခဲ့သည်။
"စိတ်ချပါ။ ကိုယ်အဆင်ပြေတယ်..တကယ်တော့ မင်းကိုယ့်ကို မုန်းပြီးစိမ်းကားမနေသရွေ့ ကမ္ဘာပေါ်က ဘယ်အရာကမှကိုယ့်ကိုနာကျင်အောင်မလုပ်နိုင်ပါဘူး။"ကျန်းရွှင်းယီ၏မျက်နှာအေးခဲသွားရသည်။ ဒါပေမယ့် ယွင်ရှဲ့ကို စိတ်ပျက်စရာကြီးဟု သူမခေါ်တော့ပါ။ ဆရာသခင်ဟောတိန်နှင့်လည်း ဆက်လက်အငြင်းပွားမနေတော့ပေ။ ပထမဆုံးအကြိမ်အနေဖြင့် သူခေါင်းလှည့်လိုက်ကာ ယွင်ရှဲ့တည့်တည့်မတ်မတ်ကြည့်မိသည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...