Chapter - 51

8.2K 1.5K 46
                                    

Unicode

မျက်စိတစ်မှိတ်အတွင်းမှာပဲအကြီးအကဲရှန်ရဲ့မွေးနေ့ပွဲကျရောက်လာခဲ့သည်။

ကျော့ကျော့မော့မော့လေး‌ဖြစ်နေစေရန်ရှန်ယွီကသူ့ချိုင်းထောက်တွေကိုခဏလောက်ပစ်ထားခဲ့ပြီးသူ့အတွက်ဦးလေးကျန်းပြင်ဆင်ပေးထားခဲ့တဲ့ဝှီးချဲပေါ်မှာထိုင်ခဲ့ရသည်။

ည ခုနစ်နာရီလောက်မှာဇိမ်ခံကားမျိုးစုံကဟိုတယ်ရဲ့ကားပါကင်ထဲကိုတန်းစီပြီးဝင်ရောက်လာခဲ့သည်။

ရှန်ယွီကရှစ်လွှာမှာရှိတဲ့သူ့အခန်းရဲ့ပြတင်းပေါက်ရှေ့မှာထိုင်နေခဲ့သည်။ကြည်လင်ပြီးတောက်ပနေတဲ့များစွာသောလမ်းမီးတွေရဲ့အလင်းရောင်ကြောင့်အပြင်ဘက်ကရှုပ်ထွေးနေတဲ့လမ်းမတွေနဲ့မြို့တော်ရဲ့သက်ဝင်လှုပ်ရှားနေတဲ့ညမြင်ကွင်းတွေကိုမြင်နေရသည်။တောက်ပနေတဲ့အလင်းရောင်တွေကသူ့မျက်လုံးအိမ်ထဲမှာရောင်ပြန်ဟပ်နေသည်။

အချိန်အကြာကြီးစိုက်ကြည့်နေပြီးနောက်မှာရှန်ယွီကသက်ပြင်းချလိုက်သည်။

သူ့စိတ်ထဲမှာတော့မွေးနေ့ပွဲကိုတက်ဖို့နည်းနည်းတွန့်ဆုတ်နေမိသေးသည်။

ဒီမွေးနေ့ပွဲကိုသူကိုယ်တိုင်ပြင်ဆင်ခဲ့တာဆိုပေမဲ့လည်းဦးလေးကျန်းနဲ့ခန်းလင်ကသူ့အတွက်အများကြီးကြိုးစားပေးခဲ့ကြသည်။အထူးသဖြင့်နောက်ပိုင်းပြင်ဆင်မှုတွေကိုလုပ်နေတဲ့အချိန်မှာဆိုရင်ထိုင်တောင်မထိုင်နိုင်လောက်တဲ့အထိအလုပ်များခဲ့ကြသည်။တကယ်တမ်း‌တော့ရှန်ယွီကတော်တော်လေးအပျင်းတစ်နေခဲ့တာဖြစ်သည်။

အခုအချိန်မှာတော့ဦးလေးကျန်းနဲ့ခန်းလင်တို့ကအကြီးအကဲရှန်နဲ့အတူခန်းမထဲမှာဧည့်သည်တွေကိုကြိုဆိုနေကြသည်။ရှန်ယွီကဝှီးချဲနဲ့ဆိုတော့သွားရလာရတာအဆင်မပြေတာကြောင့်မွေးနေ့ပွဲတစ်ဝက်လောက်ရောက်မှတိတ်တိတ်လေးဆင်းသွားဖို့ပြင်ထားခဲ့သည်။

တစ်မိနစ်ပြီးတစ်မိနစ် အချိန်တွေကုန်သွားခဲ့သည်။

ရှန်ယွီကအေးအေးဆေးဆေးဖြစ်နေပြီးရီမုကိုယူလိုက်ကာ TV ဖွင့်လိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now