စားပွဲရှေ့သို့မရောက်ခင်ခြေလှမ်းသုံးလေးလှမ်း
အလိုတွင် သူ့ခြေလှမ်းတွေရပ်သွားခဲ့သည်။ပြတ်သားသွားသောမြင်ကွင်းတွင်
မီးတောက်နေသောမျက်လုံးတွေနဲ့
ထိုင်နေသူက သေချာပါသည်
သူ့မျက်နှာတည့်တည့် တံတွေးနဲ့ထွေးခဲ့သောclub က
ရှားပါးအမိုက်ရိုင်း......။ရင်ထဲလျှပ်ခနဲဖြစ်ကာ ဒီလိုတိုက်ဆိုင်မှုမျိုးတွေလည်း
ဖြစ်ပျက်တတ်တာပဲလားလို့တွေးမိလိုက်သည်။
လောကကြီးရေ......ဘာတွေလုပ်ပစ်ပြန်တာလဲ?????
ကံကြမ္မာရေးသူသည်...မူးနေတာလားမသိ
ရေးချလိုက်ရင်ဘဝကိုဇောက်ထိုးမိုးမျှော်တွေကြီးပဲ။စားမလိုဝါးမလိုကြည့်နေသောမျက်လုံးတွေနဲ့
ပေါက်ကွဲထွက်တော့မလိုနီရဲနေသောမျက်နှာက်ို
ပိုပြတ်သားရန်မျက်မှန်ကိုလက်ညိုးဖြင့်
အောက်နည်းနည်းဆွဲချကာကျော်ကြည့်လိုက်သည်။အပြာနုရောင်Shirtအကျီအရောင်နုနုလေးနဲ့မှ
မလိုက်ဖက်....မှောင်မဲလာသောမျက်နှာသည်
သူရိုက်ထားသောအရာတချို့တောင်ကျန်နေသေးသည်။စီးပွါးပျက်လို့ သူဌေးသားကောက်ယူမယ့်
အထည်ကြီးပျက်ကလေးကတခြားသူမဟုတ်ဘူးဘဲ။JEonသည် ခဏလေးတော့မှင်သက်သွားပေမယ့်
အခြေအနေကိုသဘောပေါက်သွားတာမို့
ဟန်မပျက်စွာခုံတွင်ဝင်ထိုင်လိုက်သည်။
ဒုက္ခပေးဖို့လိုက်ရှာစရာမလိုပဲ
ဒီလိုလေးရှေ့တော်မှောက်အရောက်
ဘဝဝန်ဆောင်မှုကောင်းကောင်းလေးရှိနေတာကလည်း
ကံတရားပဲမလား.....။သူ့ကိုမြင်တာနဲ့မိုးပြိုကျသွား
သောမျက်နှာသည်....ဒုတိယအကြိမ်ပြန်ဆုံတွေ့တော့
လည်း ကြည့်၍ကောင်းမနေ....။
ရေစက်သည်ဒီလောက်နဲ့မပီးလောက်သေးဘူး
ဟုရိုက်တဲ့နေ့ထဲကမသိစိတ်ထဲတွေးမိတာတကယ်ပင်
မှန်နေခဲ့ပြီ။"၄၅မိနစ်ပဲနောက်ကျတာ...မဆူကြပါနဲ့နော်..."
"အချိန်မှီအောင် လာပါဆိုကွာ..
ဒီမှာ Jimin တို့ကိုအားနာစရာ...."
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
💔4💔(Part2)
Start from the beginning