Chapter 103

16.4K 2.6K 85
                                    

ကုဖုန်းက Super Ingot ရှေ့အထိ တောက်လျောက်မောင်းသွားလေတယ် ။

နှစ်ကူးနီးလာတာကြောင့် ဆိုင်က လူပါးပြီး
ဝန်ထမ်းလေးတွေတောင် အားလပ်လို့ ။
အရင်လို အလုပ်များမနေကြတော့ဘူး ။

ကုဖုန်းကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်လာတော့ ဟိဟွေ့ နဲ့ ရှုကျဲကျဲက ဖုန်းတစ်ယောက်တစ်လုံးနဲ့ အလုပ်ရှုပ်နေကြတယ် ။
ယုပေါ်ယွင်လည်း ထိုနည်းတူပဲ ။
ကောင်တာနောက်မှာ ပျင်းတိပျင်းရွဲထိုင်ပြီး
ကွန်ပျူတာတစ်လုံးနဲ့ Spider Solitaire ဆော့နေတယ် ။

ကုဖုန်းကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်လာတော့ ဟိဟွေ့ နဲ့ ရှုကျဲကျဲက ဖုန်းတစ်ယောက်တစ်လုံးနဲ့ အလုပ်ရှုပ်နေကြတယ် ။ ယုပေါ်ယွင်လည်း ထိုနည်းတူပဲ ။ကောင်တာနောက်မှာ ပျင်းတိပျင်းရွဲထိုင်ပြီး ကွန်ပျူတာတစ်လုံးနဲ့ Spider Solitaire ဆော့နေတယ် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ယုပေါ်ယွင်လေး ခေါင်းမော့လိုက်တော့ ကောင်တာရှေ့မှာ ရပ်နေတဲ့ ကုဖုန်းကို မြင်သွားရော ။ သူက တအံ့တသြနဲ့ မေးတာပေါ့ ။
"ခင်ဗျား ထပ်လာပြန်ပြီလား..ဘာလို့လဲ "

"နေ့လည်စာ ယူလာတာ"
ကုဖုန်းက တည်ငြိမ်စွာပြောပြီး ကောင်တာပေါ်မှာ အိတ်တွေချကာ အစားအသောက်တွေ ခင်းကျင်းတော့တယ် ။
"ပူနေတုန်း စားလိုက်နော် "

"မစားဘူး...ကျွန်တော် အော်ဒါမှာထားတာတွေ မကြာခင် ရောက်လာလိမ့်မယ် "

ကုဖုန်းက ယုပေါ်ယွင်ပြောတာ နားမထောင်ဘူး ။ ဗိုက်ကြီးသည်လေးကို သူ့အနားဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်တယ် ။

ထမင်း နဲ့ ဟင်းဘူးအဖုံးတွေက ဖွင့်ထားပြီးပြီ ။ အရောင်အဆင်း အနံ့ နဲ့တင် မြင်သူကို သွားရည်ယိုစေနိုင်တာကြောင့် ယုပေါ်ယွင်လေး တံတွေးမြိုချလိုက်ရတယ် ။ သူ့ဗိုက်ကလည်း ဟန်မဆောင်ပါဘူး ။ တဂွီဂွီနဲ့တောင် မြည်လာပြီလေ ။

"ဒေါက်တာရှန်းက မှာထားတယ်လေ...အပြင်စာတွေက မသန့်ရှင်းဘူး..လတ်လဲမလတ်ဆတ်ဘူး...အာဟာရလည်း မပြည့်ဝဘူး..ကျန်းမာရေးနဲ့ မညီညွတ်ဘူး....တတ်နိုင်ရင် မစားပါနဲ့ ဆိုတာ "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now