Page 27

19.6K 2.6K 119
                                    

အခန်းနံပါတ် (၁၀)

Antares ဟူသော ပုဂ္ဂလိကပိုင် ဆေးရုံ၏ အခန်းနံပါတ် (၁၀) သည် မိုင်စိုင်းအတွက်တော့ ရင်းနှီးကျွမ်းဝင်သော အခန်း ဖြစ်၏။ အသက် ဆယ်နှစ်အရွယ်တည်းက ကိုမာဝင်ခဲ့သော မိုင်စိုင်း၏ အမြွှာညီအစ်ကို မိုင်ခမ်းနောင်သည် အသက် နှစ်ဆယ့်လေးနှစ် အရွယ်အထိ
သတိ ပြန်လည်လာခြင်း မရှိ။ ပြန်နိုးထလာဖို့ ယခုအချိန်ထိ မျှော်လင့်နေတုန်းလားဟု မေးလာလျှင် မိုင်စိုင်းကတော့ ခေါင်းညိတ်ပြလိမ့်မည်။ သူ၏ အစ်ကိုကြီး ပြန်ရှင်သန်လာဖို့က မိုင်စိုင်း မျှော်လင့်ရသော အရာတွေထဲ၌ ထိပ်ဆုံးမှ ရပ်တည်နေ၏။

အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်
စာဖတ်သံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။ ထိုအသံပိုင်ရှင်ကို ပြုံး၍ နှုတ်ဆက်လိုက်တော့ ထိုလူသည် မိုင်စိုင်းကို ခေါင်းညိတ်ပြလာ၏။ မျက်နှာတည်လွန်းသည့် ထိုဒေါက်တာသည် အစ်ကိုကြီး အနား၌ လွန်ခဲ့သည့် သုံးနှစ်ကျော်၊ လေးနှစ်လောက်ကတည်းက စတင်၍
ရှိလာပေးသည် လူတစ်ယောက်။ ကုတင်ပေါ်၌ လှဲနေသည့် အမျိုးသားငယ်ကို ကရုဏာသက်စွာဖြင့် မိုင်စိုင်း ကြည့်လိုက်သည်။ အစာပိုက်၏ အကူအညီဖြင့်သာ
အာဟာရယူရသော ခမ်းနောင်၏ ခန္ဓာကိုယ်ငယ်သည် ပိန်ပါးလွန်းလှ၏။ ယခုအချိန် သူတို့နှစ်ဦးသာ အတူတွဲ၍ လမ်းလျှာက်လျှင် အမြွှာဟူ၍ပင် လူတွေ ယုံကြသည်ကြမည်မဟုတ်။

အရပ်ခြောက်ပေကျော်ကာ ခန္ဓာကိုယ် တောင့်တင်းသော မိုင်စိုင်းသည် ဖွံ့ဖြိုးမှုအားနည်းသော မိုင်ခမ်းနောင်၏
အစ်ကိုကြီးသဖွယ် ဖြစ်နေလိမ့်မည်။ လက်ဖဝါး တစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ မိုင်စိုင်း၏ လက်ထဲသို့ ရောက်လာသည့် လက်ကလေးက သေးသေးလေးရယ်။
သေချာညှပ်ပေးထားသော လက်သည်းတွေသည် အတိုအရှည် ညီမျှစွာ ရှိနေကြ၏။

"အစ်ကိုကြီးကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ခမ်းနောင်၏ အသက်ဆက်၍ ရှင်သန်နေရခြင်းက
မိုင်စိုင်း၏ မျက်စိရှေ့မှ ဒေါက်တာနှင့် အများကြီး သက်ဆိုင်နေလိမ့်မည်။ မိသားစုတွေထက်တောင် အစ်ကိုကြီးအပေါ် ဂရုစိုက်ပေးသည့် တာဝန်ကျ ဆရာဝန်ကို မိုင်စိုင်း ရင်ထဲမှနေ တကယ်ကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိ၏။ သည်အခန်းလေးထဲသို့ မိုင်စိုင်း ဝင်လာသည့် အချိန်တိုင်း ဒေါက်တာသည် အကိုကြီးကို စာဖတ်ပြလျှင် ဖတ်ပြ မဟုတ်လျှင် စကားတွေ ထိုင်ပြောနေတတ်သည်။
တစ်ခါတလေဆို လက်သည်း၊ ခြေသည်းလေးများကိုပင် ဂရုတစိုက် ညှပ်ပေးနေတတ်၏။ မိုင်စိုင်း၏ စကားကြောင့် စာဖတ်နေသည့် ဒေါက်တာ၏ အကြည့်မှာ သူ့ဆီသို့
ပြန်ရောက်လာသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now