Chapter - 49

8.2K 1.5K 164
                                    

Unicode

ရှန်ယွီကမဝပေမဲ့လည်းသူကအသက်နှစ်ဆယ်နှောင်းပိုင်းရောက်နေပြီဖြစ်တဲ့လူကြီးတစ်ယောက်ဖြစ်သည်။။ဦးလေးကျန်းတောင်မှရှန်ယွီကိုယ်ကိုအချိန်အကြာကြီးမထိန်းထားပေးနိုင်ဘူး။အဲ့ဒါကြောင့်အသက်ဆယ့်ခြောက်နှစ်အရွယ်ကလေး‌တစ်ယောက်ဖြစ်တဲ့ထန်လီအတွက်ပိုပြီးတော့တောင်ခက်ခဲလိမ့်မည်။

အစကတော့ရှန်ယွီကဗီလိန်လေးလမ်းနည်းနည်းလျှောက်ပြီးနည်းနည်းလေးဖြစ်ဖြစ်ပင်ပန်းတဲ့ပုံပေါ်လာရင်သူ့ကိုအောက်ချပေးလို့ထန်လီကိုပြောဖို့စဥ်းစားထားခဲ့တာဖြစ်သည်။သူလုံးဝမထင်ခဲ့မိတာကတော့ထန်လီကမျက်နှာအမူအရာလည်းတစ်ချက်မှမပြောင်း၊နည်းနည်းလေးမှလည်းမပင်ပန်းပဲသူတို့သွားမယ့်နေရာရောက်တဲ့အချိန်အထိတစ်လျှောက်လုံးသယ်သွားနိုင်ခဲ့တယ်ဆိုတာပါပဲ။‌အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်မဟုတ်ပဲသူ့ကျောပေါ်မှာရုပ်သေးရုပ်လေးတစ်ရုပ်ကိုတင်ပြီးသွားနေသလိုတောင်ထင်ရသည်။

ရှုခင်းကတကယ်ကိုလှပလွန်းသည်။အဲ့ဒီ့ရှုခင်းကိုကြည့်နေရင်းရှန်ယွီကသူ့ကိုယ်သူပန်းရောင်ပင်လယ်ကြီးထဲမှာလက်ပစ်ကူးနေတယ်လို့တောင်ထင်မိသည်။

ရှန်ယွီကအခုတစ်လောနေ့တိုင်းအိမ်မှာပဲနေရင်းအလုပ်တွေရှုပ်နေခဲ့တာဖြစ်သည်။အပြင်ထွက်ပြီးလေကောင်းလေသန့်ရှူတဲ့အချိန်ဆိုတာမရှိသလောက်ရှားသည်။အခုတော့လေထဲမှာရောပါလာတဲ့ပန်းနံ့လေးတွေကိုရှူပြီးနောက်ပိုင်းသူကစိတ်သက်သာမှုကိုရောပျော်ရွှင်မှုကိုပါတစ်ခါတည်းခံစားလိုက်ရသည်။သူ့ကိုအိမ်ထောင်ပြုဖို့ခဏခဏအတင်းတိုက်တွန်းနေတဲ့အကြီးအကဲရှန်ကြောင့်ထွက်နေရတဲ့ဒေါသတွေတောင်လေအေးလေးနဲ့အတူတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

ထန်လီကရှန်ယွီကိုသယ်ပြီးရေကန်နားမှာလမ်းလျှောက်နေခဲ့သည်။ဦးလေးကျန်းကသူတို့နဲ့မနီးမဝေးကနေဖြည်းဖြည်းချင်းလိုက်လာခဲ့သည်။ရှန်ယွီရဲ့စိတ်အခြေအနေကအရမ်းကိုကောင်းမွန်နေတာ‌ကြောင့်ထန်လီကိုသူ့ပညာရေးနဲ့ပတ်သက်ပြီးမေးလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now