Chapter - 47(Part - 2)

8.2K 1.5K 22
                                    

Unicode

အဲ့ဒီ့နောက်မှာ group ထဲကလူသုံးယောက်ကခဏလောက်စကားတွေပြောနေခဲ့ကြသည်။တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်စရာတောင်မလိုပဲထန်မိသားစုနဲ့ပတ်သက်တဲ့အကြောင်းကိုရှောင်ကာစီမံကိန်းအကြောင်းကိုပဲပြောခဲ့ကြသည်။

ဖုန်းကိုကြည့်နေရင်းနဲ့ထန်လီကသူတို့ပြောထားတဲ့စာတွေကိုအပေါ်အောက်ဆွဲကာကြည့်ပြီးတော့မှသူကစာရေးဖို့ပြင်လိုက်သည်။သွယ်လျနေတဲ့လက်ချောင်းတွေကဖုန်းမျက်နှာပြင်ပေါ်ကျရောက်သွားကာစာလုံးတစ်ချို့ကိုမြန်မြန်ရေးလိုက်သည်။

(T : ကိစ္စမရှိပါဘူး။)

အဲ့ဒီ့မက်ဆေ့ဂျ်ကိုထန်လီပို့ပြီးပြီးချင်းမှာပဲခုနကခဏလောက်တိတ်ဆိတ်သွားခဲ့တဲ့ group လေးကတစ်ဖန်ပြန်ပြီးတက်ကြွလာ‌သည်။

(လင်းဖင်းရန် : တကယ်ကြီးဂရုမစိုက်ဘူးလား။သူတို့ကတခြားပိုကောင်းတဲ့စီမံကိန်း‌ကိုရွေးသွားမှာကိုငါစိုးရိမ်နေတာ။အဲ့ဒီ့အခါကျတော့မှငါတို့ကကြက်ရောဆန်ရောဆုံးသွားဦးမယ်။)

(ထန်တုန်း : ဆန်ကိုမေ့ထားလိုက်စမ်းပါ။ငါတို့ကသူတို့ရဲ့ဆုံးဖြတ်ချက်ကိုဝင်စွက်ဖက်လို့မရဘူး။ငါတို့ကိုယ့်အလုပ်ကိုယ်ကောင်းကောင်းလုပ်နေရင်အဆင်ပြေမှာပါ။)

(လင်းဖင်းရန် : ကောင်းပါပြီ...)

(ကျိုးချဲ : @T, အဲ့ဒါဆိုရင်ငါသူတို့ကိုဆက်အချိန်ဆွဲထားလိုက်ပြီးဘယ်လောက်ထိပေးနိုင်သေးလဲစောင့်ကြည့်လိုက်မယ်။)

(T : Okay)

(လင်းဖင်းရန် : @T မင်းကငါလိုလူပိန်းတစ်‌ယောက်ရဲ့စကားကိုနားထောင်ပါ့မလားမသိပေမဲ့ငါမင်းကိုအကြံပြုချက်လေးတစ်ခုတော့ပေးချင်သေးတယ်။)

(လင်းဖင်းရန် : ပိုက်ဆံရှာဖို့ကမင်းရဲ့ရည်ရွယ်ချက်ဆိုရင်ထန်မိသားစုကိုရန်သွားမစတာကောင်းမယ်လို့ငါထင်တယ်။ထန်မိသားစုက C မြို့မှာအပြည့်အဝနေရာယူထားပြီးပြီ။အခုသူတို့က S မြို့တော်မှာပါနေရာယူချင်နေကြပြီ။သူတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိထားတာကငါတို့အတွက်အခွင့်ကောင်းတစ်ခုဖြစ်လာနိုင်တယ်။ထန်မိသားစုရဲ့ရွှေရောင်ပေါင်လုံးကြီးကိုဖက်ထားလိုက်ရင်ငါတို့ကုမ္ပဏီကပြဿနာတွေနည်းသွားလိမ့်မယ်။)

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now