" ဟုတ်ပြီ... LiLi yaa... ခဏလေးပဲ...
တောင့်ထား.. တောင့်ထား.... "" အားးးး.... လက်နာတယ် မမရဲ့ ... "
" မမကို ပခုံးကို အားပြုထားလေ... ခဏလေးပဲ... "
Center မှာ LiLi ကို မတ်တပ်ရပ်လေ့ကျင့်နေခြင်းဖြစ်သည် ။ ဆရာမ က ကူပေးမယ်ပြောတာကို မမ က သူကိုင်ထားပေးမယ်ချည်းပြောကာ အတင်းကာရော
သူ့ကိုယ်လုံးလေးနဲ့ LiLi ကို ထိန်းပေးထားသည် ။ ( ဘယ်သူမို့လဲ Kim Jennie လေ 😎)Lisa ခဏပဲ ရပ်နိုင်ပြီးနောက် Jennie ပခုံးလေးကို အားပြုကာ ထိုင်ချလိုက်သည် ။
" ဖူး.... လက်ကို အားပြုထားရတာ
ကြာတော့ ညောင်းတယ် မမရဲ့.... မမလက်မောင်းရော မနာဘူးလား LiLi အတင်းဆုပ်ထားမိတာ "" ဟင့်အင်း... မနာပါဘူး...နာလည်း ဘာမှမဖြစ်ပါဘူး LiLi ရဲ့ ... အနာခံမှ အသာစံရမှာလေ.. ဟဲဟဲ "
" ဟင်း...... အဲ့စကားက LiLi အတွက် ဖြစ်နိုင်ပေမယ့် Jisoo Unnie အတွက်တော့ ဖြစ်နိုင်ပါ့မလားမသိဘူး "
" ဟင်.... ဘာလို့လဲ... LiLi ရဲ့ "
" Unnie Chae က Jisoo Unnie ကို နာကျင်စေနေတာလေ.... Jisoo Unnie ကလည်း အနာခံပြီးကို ချစ်တာ.... အဲ့စကားအတိုင်းဆို Jisoo Unnie က ပြန်အချစ်မခံရတောင် အမုန်းတွေတော့ ပြေသင့်ပီမလား
လက်ထပ်ထားကြတာပဲကို.. အခုက ဘာမှကို မထူးခြားဘူး ... တစ်ပတ်တောင် ရှိနေပြီ.."" အော်... LiLi ရယ်... တစ်ပတ်တည်း
ရှိသေးတာကို.. Chaeyoung က ဘယ်လိုလုပ်လက်ခံနိုင်အုန်းမှာလဲ "" ဟင်း.... LiLi တောင် Jisoo Unnie နဲ့ ရင်းနှီးနေပြီကို...အိမ်မှာဆို Unnie နဲ့အတူတူ ကိတ်မုန့်လုပ်ကြတယ် Game လည်း အပြိုင်ဆော့ကြသေးတယ် ... အခု မတ်တပ်ရပ်တာလည်း သူ မြှောက်ပေးတာလေ.... LiLi နဲ့ အရပ်တိုင်းမယ်ဆိုပြီး
ဇွတ်ရပ်ခိုင်းတာ...Game မှာတော့
သူနိုင်ပေမယ့် အရပ်မှာတော့ သူမနိုင်ဘူး ဟီးဟီး "" အော် ... မတူဘူးလေ...
ကလေးရယ်....Wori LiLi လေးက အကောင်းမြင်တတ်တဲ့ စိတ်သဘောထားနူးညံ့တဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးလေး... Chaeyoung ကကျ.... "" အင်း...LiLi ရဲ့ Unnie က ဘာဖြစ်လဲ ပြောကြည့်ပါအုန်း မမ "
Lisa က ရူတည်တည်နဲ့ မေးတော့မှ Jennie ရီကျဲကျဲနဲ့ ခေါင်းကုပ်လိုက်သည် ။
သူ့ Unnie ထိရင် မကြိုက်ဘူးဟ...
YOU ARE READING
ACCIDENTALLY
Fanfictionအချစ်တစ်ခုဖြစ်ပေါ်ဖို့ အကြောင်းအရာအများကြီး မလိုအပ်ဘူးဆိုတာ မတော်တဆ ချစ်မိသွားတဲ့အခါမှပဲ လက်ခံတော့တယ်