Chapter - 47 (part - 1)

8.1K 1.5K 45
                                    

Unicode

လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာရှန်ယွီရဲ့ခြေထောက်ကလည်းတဖြည်းဖြည်းနဲ့ပြန်ကောင်းလာပြီဖြစ်သည်။အခုဆိုသူကဖြည်းဖြည်းချင်းလမ်းလျှောက်ပြီးဟိုနားဒီနားသွားလာနိုင်နေပြီဆိုပေမဲ့လည်းပုံမှန်လူတစ်ယောက်လိုလမ်းလျှောက်ပြီးလွတ်လွတ်လပ်လပ်ခုန်ပေါက်ဖို့ကတော့ခက်ခဲနေတုန်းပဲ။ပြီးတော့သူလမ်းမြန်မြန်လျှောက်တဲ့အခါမျိုးဆိုရင်သူ့ခြေထောက်တွေကအရမ်းနာကျင်လာပြီးတဆတ်ဆတ်တုန်လာတတ်သည်။

ဒေါက်တာလျိုကရှန်ယွီကိုစစ်ဆေးကြည့်ပြီး‌နောက်မှာကားမတော်တဆမှုဖြစ်တုန်းကပြင်းပြင်းထန်ထန်ထိခိုက်ထားတာတွေကြောင့်အဲ့လိုဖြစ်ရတာဖြစ်ပြီးလေ့ကျင့်ခန်းကိုပိုပြီးလုပ်ပေးရမယ်လို့သာပြောခဲ့သည်။

ရှန်ယွီပိုပြီးအဆင်ပြေစေဖို့အတွက်ဦးလေးကျန်းကချိုင်းထောက်တစ်စုံကိုပြင်ဆင်ပေးခဲ့သည်။ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းတွေကိုအရင်ကထက်ပိုလုပ်နေရတဲ့ရှန်ယွီကချိုင်းထောက်နဲ့ပဲသွားလာဖြစ်နေသည်။တကယ်တမ်းဆိုရင်ဝှီးချဲမသုံးတဲ့အခါမျိုးမှာအဆင်မပြေမှုတွေကရှိနေတုန်းပါပဲ။

သူကအချိန်တော်တော်ကြာတဲ့အထိမသန်စွမ်းတစ်ယောက်အဖြစ်နေလာခဲ့ရတာကြောင့်ဒီဘဝနဲ့တော်တော်လေးနေသားကျနေပြီလို့ရှန်ယွီအမြဲတမ်းပြောခဲ့သည်။ဒါပေမဲ့ပုံမှန်လူတစ်ယောက်လိုမျိုးလမ်းလျှောက်နိုင်မယ်ဆိုရင်ဘယ်သူကများလမ်းတောင်မလျှောက်နိုင်တဲ့မသန်စွမ်းတစ်ယောက်အဖြစ်နေချင်ဦးမှာလဲ။

ထန်လီကအမြဲတမ်းအရိပ်အကဲသိတတ်သည်။ရှန်ယွီစိတ်ဓာတ်ကျနေတာကိုသတိထားမိပြီးစိတ်ပြေလက်ပျောက်ဖြစ်သွားအောင်ရှန်ယွီကိုအပြင်ခေါ်သွားချင်ခဲ့သည်။အခုအချိန်မှာရှန်ယွီကအရင်တုန်းကလိုမျိုးအပြင်သွားဖို့မငြင်းဆန်တော့ပါဘူး။သူကစိတ်လွတ်လက်လွတ်နဲ့သူ့ပါးကိုသူပြန်ကိုင်လိုက်ပြီးထန်လီရဲ့မျက်နှာကိုကြည့်လိုက်ကာမေးလိုက်သည်။

"သစ်အယ်သီး‌လေးကဘယ်သွားချင်လို့လဲ။"

ထန်လီကပြောလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now