Chapter 75

18.2K 2.9K 184
                                    

အံ့သြမှုကြောင့် ယုပေါ်ယွင်ရဲ့ မျက်ခုံးလေးတွေ ပင့်တက်သွားလေရဲ့ ။

"ကျန်း သခင်လေး ? "

"မနေ့ညကမှ တွေ့ခဲ့တာလေဗျာ..တစ်ညတည်းနဲ့တော့ ကျွန်​တော့်ကို မေ့မပစ်လိုက်ဘူး မဟုတ်လား "
ကျန်းဟောင်က ​ပြုံးစစနဲ့ ။

ယုပေါ်ယွင် ခေါင်းခါတယ် ။
"အာ!  မဟုတ်တာဗျာ..ကျွန်တော် မေ့မသွားပါဘူး "

သူကပြောရင်း လမ်းတဘက်ခြမ်းမှာရပ်ထားတဲ့ ကျန်းဟောင်ရဲ့ ပေါ်ရှေး(Porsche)ကားကို မျ​က်လုံးလေး ထောင့်ကပ်ပြီး ကြည့်လိုက်တယ် ။

​"ဘော့စ်ရေ ဒီဘက်ကို ကြည့်ပါဦးဗျာ.."
ကျန်းဟောင်က ပြုံးနေဆဲပဲ ။
"ကျွန်တော် အော်ဒါမှာချင်လို့ပါ "

ယုပေါ်ယွင် မရယ်ဘဲ မနေနိုင်တော့ဘူး ။
အားရအောင်ရယ်ပြီးမှ စကားစလိုက်တယ် ။
"ဟုတ်ပါပြီ ! ခင်ဗျား ဘာသောက်မလဲ "

ဝန်ခံရမယ်ဆိုရင် ဒီကျန်းသခင်လေးက တန်ဖိုးကြီးဇိမ်ခံကားကြီးမောင်းပြီး ဝတ်စုံပြည့်ဝတ်ထားတာ ။ သူ့ဆိုင်လေးနဲ့ လုံးဝကို လိုက်ဖက်မှုမရှိဘူး ။

ကျန်းဟောင်က ယုပေါ်ယွင် ဘာတွေးနေလဲ ရိပ်မိသွားပုံပဲ ။ သူက အပြုံးမပျက် ပြောတယ် ။

"ကျွန်တော့်အဖေက ကုမ္ပဏီမှာ လုပ်ငန်းတွေ လေ့လာရမယ်ဆိုပြီး အမိန့်ပေးလိုက်လို့လေ..
အစောကြီးထလာတာဆိုတော့ မနက်စာလည်း မစားခဲ့ရဘူး..ဒါကြောင့် လမ်းကပဲ တစ်ခုခုဝယ်သွားတော့မယ်လို့ စဥ်းစားလိုက်တာ."

အာ!
ယုပေါ်ယွင် တိုးတိုးလေး ရေရွတ်မိတယ် ။

ကျန်းဟောင်က လက်ချောင်းတွေနဲ့ ကောင်တာပေါ်ကို ခပ်ဖွဖွလေး ခေါက်ပြီး မေးလေတယ် ။
"ထောက်ခံချင်တာ မရှိဘူးလား "
(သူ ပြောတာက ဘာသောက်ရမလဲ မသိလို့..
ယုပေါ်ယွင်က ကောင်းနိုးရာရာလေး အကြံပေးမလား မေးချင်တာ )

ယုပေါ်ယွင်က menu ကမ်းပေးလိုက်တယ် ။

"အဲ့မှာ ကြည့်ဗျာ...သောက်စရာအသစ်တွေလည်း ရှိတယ်..အဲ့အသစ်တွေက ဒီရက်ပိုင်းမှာ တော်တော်လေး ရောင်းရတယ်ဗျ "

ကျန်းဟောင်က menu ကိုကြည့်ပြီး
"ဒါက ဟန်းမိတ်လား..ဟုတ်ပြီဗျာ..ဒီသရက်သီးဒိန်ချဥ် နှစ်ခွက်ပေး...ကျွန်တော် အလုပ်ထဲ ယူသွားမှာနော် "
(သရက်သီးဒိန်ချဥ်တဲ့..ချဥ်လိုက်မယ့်အမျိုး)

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now