ဟိဟွေ့က ပြဿနာကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပေမယ့် ဒါက မပြီးသေးဘူးဆိုတာကို သိနေခဲ့တယ် ။
မျှော်လင့်ထားတဲ့အတိုင်း နောက်တစ်နေ့မှာ အနှီလူစုက အော်ဒါထပ်ပြီး မှာပြန်တယ် ။
နေရာကလည်း ပို့နေကျ နေရာကိုပဲ ။
အော်ဒါစာရွက်မှာ ရေးထားတဲ့တစ်ကြောင်းထဲသော စာက:
' ဆိုင်ပိုင်ရှင်ကိုယ်တိုင်လာပို့ပေးရန် 'ဟိဟွေ့ ဘာလုပ်ရမှန်းမသိတာကြောင့် ယုပေါ်ယွင်ကို တစ်ချက်ကြည့်လိုက်တယ် ။ သူမမျက်နှာကို ကြည့်လိုက်ရုံနဲ့ ယုပေါ်ယွင်လည်း နားလည်သွားခဲ့တယ် ။
"ဒီအော်ဒါကို ငါ လက်မခံဘူး "
ယုပေါ်ယွင်က အလိမ္မာသုံးပြီး အော်ဒါကို ငြင်းခိုင်းလိုက်ပေမယ့် ဟိုဘက်က
ချက်ချင်းပဲ ထပ်မှာပြန်တယ် ။ နေရာ နဲ့ မှာတဲ့ပစ္စည်း တူနေပေမယ့် ရေးထားတဲ့စာကတော့ မတူဘူး ။အော်ဒါလက်ခံတဲ့ဟိဟွေ့က မျက်မှောင်ကြုပ်ပြီး ဖတ်ကြည့်လိုက်တယ် ။
ရေးထားတာက ဟိဟွေ့နာမည် ၊ ဖုန်းနံပါတ် ၊ မိသားစုရဲ့အိမ်လိပ်စာ ၊ ID နံပါတ် နဲ့ နောက်ထပ်စာတစ်ကြောင်း ။
'မင်းရဲ့ ဘော့စ် အလုပ်အားပြီလား..အားရင် လာမှာလား မလာဘူးလား ဟီး ဟီး ဟီး 'ဟိဟွေ့ မျက်နှာတပြင်လုံး သွေးမရှိသလို ဖွေးဆုတ်သွားတယ် ။
ဒါက ပလိန်းကြီး လာစော်ကားနေတာ !
ယုပေါ်ယွင်လည်း screen ပေါ်က အမှာစာကို ဖတ်ကြည့်လိုက်တယ် ။ မျက်နှာပေါ်မှာ ဘာအမူအရာမှမပေါ်ပေမယ့် သူ့လက်ထဲက ဘောလ်ပင်ကိုတော့ တင်းနေအောင် ဆုပ်ကိုင်ထားရတယ် ။
ဘယ်သူတွေကများ သူ နဲ့ ဟိဟွေ့ကို နှောင့်ယှက်နေတာလဲ သူ မသိဘူး ။ အမှာစာကို အကြိမ်ကြိမ် အခါခါ ဖျက်ပစ်ခဲ့ပေမယ့် အဲ့ဒီလူတွေက ဟိဟွေ့အကြောင်း ကောင်းကောင်းသိပုံရတယ် ။ အကယ်၍ သူတို့သာ ဒီအော်ဒါကို လက်မခံရင် အဲ့ဒီလူတွေက ဟိဟွေ့ကို နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတော့မှာ ။
ဘောပဲ !
ဟိဟွေ့က စကားမဆိုဘဲ ယုပေါ်ယွင်ကို မော့ကြည့်လိုက်ချိန်မှာ ယုပေါ်ယွင်က အော်ဒါကိုအသင့်ပြင်ထားဖို့ မီးဖိုဆောင်ကို လှမ်းပြောနေတာ ကြားလိုက်ရတယ် ။ ပြီးတော့ နှစ်ယောက်သား စကားမဟတော့ဘူး အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေကြတယ် ။ မီးဖိုဆောင်က အော်ဒါရပြီဖြစ်ကြောင်းအသိပေးမှ ယုပေါ်ယွင် ထယူပြီး အသေအချာ ထုပ်ပိုးပြင်ဆင်လိုက်တယ် ။
YOU ARE READING
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]
Fantasyကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်လာမှာလဲ Author::Ju...