------MC Entertainment 20th yr Anniversary ------
မီးရောင်စုံတွေကြားထဲ ကြီးကျယ်ခမ်းနားလှတဲ့ Stage စင်ကြီးပေါ်မှာ Music type မျိုးစုံ ဖျော်ဖြေနေတဲ့ Idol တွေက တစ်ယောက်ပြီးတစ်ယောက် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ။
Fandom မျိုးစုံက Light Stick လေးတွေကလည်း သူ့အုပ်စုနဲ့သူ တောက်ပလို့ ။ Presenter လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို မိတ်ဆက်ပေးရင်း အားပေးတဲ့ အသံတွေကလည်း ဟိန်းခနဲ ဟိန်းခနဲ ထွက်လာသည် ။Jisoo တို့ Back Stage မှာတော့ ရှုပ်ရှပ်ခပ်လို့ပေါ့ ။ Jennie က ဆိုပြီးသွားပီမို့ အင်္ကျီလဲနေတုန်း Jisoo နားကို Appa ရောက်လာသည် ။
" Ji လေး... Chaeyoung ဆိုတော့မယ်... လာကြည့်ပါလား.. "
" အာာ... အလှည့်ရောက်ပြီလား.... မြန်လိုက်တာ.. ကြည့်မယ် ... ကြည့်မယ်.. Appa .. လာ.. သွားရအောင် "
Appa က ဒီနေ့ ဖျော်ဖြေခွင့်ရတဲ့ Trainees တွေကို တာဝန်ယူကြီးကြပ်ရတာမို့
Chae အလှည့်ရောက်တော့ လာခေါ်သည် ။ ဒါကြောင့် Jisoo လည်း Jen ကိုတောင်
မစောင့်မိပဲ Appa နောက်လိုက်သွားတော့သည် ။
စင်ဘေးကို ရောက်တော့ Chae က စင်ပေါ်တောင် ရောက်နေပြီ ။" Arr... စင်ပေါ်မတက်ခင် အားပေးလိုက်ရမှာကိုကွာ .. အခုတော့.... ကြောက်နေမလား မသိဘူး... "
Jisoo တိုးတိုးလေးရေရွတ်မိတော့ ဘေးနားကနေ ဘယ်ကတည်းကရောက်နေမှန်းမသိတဲ့ Lisa က
" မကြောက်ပါဘူး.. Chaeyoung က သတ္တိရှိပြီးသား "
" Omo..... လန့်လိုက်တာ Lisa ရာ... ။ ဘယ်တုန်းက ရောက်နေတာလဲ.. ။ LA မှာ ပွဲတက်နေရလို့ ခရီးသွားနေတယ်ဆိုပြီး.. "
" ဟီး...... Chaeyoung ကို အားပေးချင်လို့ ပြန်လာတာ ။ စိတ်ချပါ... LiLi စင်ပေါ်မတက်ခင် အားပေးလိုက်တယ်...၊ သူ ကြောက်မနေဘူးရယ်... ။ Unnie ကိုတော့ မေးနေတယ် ၊ Jennie Unnie နားမှာရှိမှာပေါ့လို့ ပြောလိုက်မှ မရှာတော့တာ... "
" အာ. ... ဟုတ်လား... တော်ပါသေးရဲ့ "
Lisa တို့နှစ်ယောက်ပြောနေတုန်း စင်ပေါ်မှာ Chaeyoung က သီချင်းတောင် စနေပြီ ။
----------- If it is you --------
" ....Wae.. neoegen.. geureohge. eor yeounji
aereul sseuneun nareul
jedaero bwa juneun ge....
neo hanae.. it orok..
apeul su isseume no llagon hae..
godanhaessdeon. haru
naneun kkumeul kkwado apa...
neoyeossdamyeon.... eotteol geot gata..
ireon. michin naldeuri...
ne haruga doemyeon marya...."
YOU ARE READING
💜 HARMONY 💜
Fanfictionသီချင်းတွေကို ပိုပြီး ခံစားသက်ဝင်မှုရှိစေတာ စည်းချက်ညီစေတာ Harmony တဲ့ ဒါဆို သူက နှလုံးသားရဲ့ 💜 HARMONY 💜လေးပဲ သူနဲ့တွေ့မှ နှလုံးသားက အသက်ဝင်လာခဲ့တာ...