ကုဖုန်း အသံက ဒေါသသံပိုပေါက်လာပြီ ။ သူက ဒေါသထိန်းတဲ့အနေနဲ့ အံတင်းတင်းကြိတ်လိုက်တယ် ။
"ကောင်းပြီ..ဒီတစ်ခါ အကြွေးပြန်ဆပ်ရမယ့်သူက ငါပဲ..ဟိုအရင်က ငါ မှားခဲ့တယ်..အခုတော့ ငါက ကလေးရဲ့ အဖေဆိုလည်း ဟုတ်တယ်...ဒါကြောင့် ငါမင်းကို တောင်းပန်တယ်ကွာ..ဒါဆို ရပြီလား "ဟား လွယ်လိုက်တာ!
သူက အဲ့လောက်လွယ်တဲ့ပုံပေါက်နေလို့လား ?ယုပေါ်ယွင်ရဲ့ မာနတွေက ခေါင်းထောင်ထလာတယ် ။
"သောက်ဂရုကို မစိုက်တာ!"
ပြောပြီးတာနဲ့ သူ့အခန်းရှိရာကို လျှောက်သွားပြီး အထဲမှာ ခဏလောက် အချိန်ဖြုန်းနေလိုက်တယ် ။ ကုဖုန်း ဘယ်လိုဖြစ်ပြီးကျန်ခဲ့မလဲဆိုတာ စိတ်ကိုမဝင်စားဘူး ။ ခဏကြာမှ
suitcase ကိုဆွဲပြီး ထွက်လာလိုက်တယ် ။ဟက်! ပြောစရာရှိတာလေးတွေတော့ ပြောသွားလိုက်ပါဦးမယ် !
"ခင်ဗျား အမှားတွေလုပ်ခဲ့တယ်ဆိုပြီး ဘယ်လိုပဲ ဝန်ချတောင်းပန်နေပါစေ..ခုချိန်မှာ ဒါတွေက ကျွန်တော့်အတွက် အရေးမပါတော့ဘူး...ကျွန်တော့်စိတ်ထဲ ကျွန်တော့်နှလုံးသားထဲမှာ ကုဖုန်းဆိုတာ ထာဝရ သေသွားခဲ့ပြီ..
အခု ကျွန်တော်မျှော်လင့်မိတာ တစ်ခုတည်းပဲ..အဲ့ဒါက ခင်ဗျား ကျွန်တော့်ကို ထပ်ပြီး မနှောင့်ယှက်တော့ဖို့ပဲ...ကျွန်တော့်ကို စိတ်ဒုက္ခတွေမပေးပါနဲ့တော့...ကျွန်တော့်ရဲ့ ဘဝကို အသစ်ကနေ ပြန်စချင်လို့ပါ "ကုဖုန်းက နက်မှောင်နေတဲ့ မျက်လုံးတွေနဲ့ ယုပေါ်ယွင်ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့တယ် ။
"ခင်ဗျားရဲ့ ဝမ်းကွဲညီမကိုလည်းပြောလိုက်စမ်းပါ..ကျွန်တော်က ခင်ဗျားတို့မိသားစုရဲ့ ပိုက်ဆံတွေကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး..သောက်ဂရုလည်းမစိုက်ခဲ့ဘူးဆိုတာလေး...အခုလည်း ဒီတိုင်းပဲ..ခင်ဗျားမိသားစုဝင်တွေ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ပတ်သတ်လိုခြင်းမရှိဘူး...မတော်လို့ လမ်းမှာဆုံမိရင်တောင် တစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းတွေလိုပဲ နေကြရအောင် "
ရင်ထဲရှိတာတွေပြောပြီးနောက် ပြတ်ပြတ်သားသားပဲ လှည့်ထွက်ခဲ့တယ် ။
YOU ARE READING
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]
Fantasyကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်လာမှာလဲ Author::Ju...