Chapter - 46 (part - 1)

8.9K 1.5K 42
                                    

Unicode

ရှန်ယွီကပြုံးရင်းပြန်ပြောလိုက်သည်။

"မင်းအခုကိုယ့်ကိုတွေ့နေရပြီမဟုတ်ဘူးလား။"

ဝတ်ကျေတမ်းကျေပြန်ဖြေတဲ့အဖြေမျိုးပဲ။ရီဟန်ကရှန်ယွီရဲ့အဖြေသိပ်ကျေနပ်ပုံမပေါ်ပေမဲ့ဘာပြန်ပြောရမလဲမသိခဲ့ဘူး။တကယ်ဆိုရှန်ယွီကသူ့ကိုလျစ်လျူရှုထားရင်တောင်သူ့မှာရှန်ယွီကိုအပြစ်တင်ပိုင်ခွင့်မရှိဘူးလေ။ဘယ်လိုပဲဖြစ်ဖြစ်သူနဲ့ရှန်ယွီကထန်လီနဲ့ရှန်ယွီလိုမျိုးထူးခြားတဲ့ဆက်ဆံရေးမျိုးရှိနေတာမှမဟုတ်ပဲ။

ထန်လီအကြောင်းကိုတွေးမိသွားတော့ရီဟန်ရဲ့မျက်လုံးတွေထဲမှာနည်းနည်းသဘောမကျတဲ့အရိပ်အယောင်တွေပေါ်လာခဲ့သည်။ဒါပေမဲ့သူ့ရဲ့မျက်နှာပေါ်မှာတော့အပြစ်ကင်းစင်တဲ့အပြုံးလေးကရှိနေဆဲဖြစ်သည်။

"ခင်ဗျားနေမကောင်းဘူးလို့ကျွန်တော်ကြားတယ်။ကျွန်တော်ခင်ဗျားကိုလာတွေ့ချင်ပေမဲ့ထန်လီက
ကျွန်တော့်ကိုတွေ့ခွင့်မပေးဘူး။"

ရီဟန်ကပြောလိုက်သည်။

"Oh?"

ရှန်ယွီကတည်တည်ငြိမ်ငြိမ်ပဲပြန်ပြောလိုက်သည်။

"ကိုယ့်အခြေအနေကသိပ်အဆင်မပြေသေးလို့သူကမင်းကိုတွေ့ခွင့်မပေးတာဖြစ်မှာပါ။"

ရီဟန်ကအံ့ဩသွားသည်။ရှန်ယွီကဒီလိုပြောင်းလဲသွားမယ်လို့သူလုံးဝမထင်ထားမိခဲ့ဘူး။ရှန်ယွီကအခုတော့သူနဲ့မိုင်ပေါင်းထောင်ချီကွာဝေးနေတဲ့သွေးအေးလူသားတစ်ယောက်လိုဖြစ်နေသည်။ရီဟန့်မျက်နှာပေါ်ကအပြုံးကချက်ချင်းပျောက်ကွယ်သွားတော့သည်။

သူကခေါင်းကိုစောင်းလိုက်ပြီးရှန်ယွီနားကိုကပ်လာခဲ့သည်။အဲ့ဒီ့နောက်မှာတော့သူကအရမ်းကိုလေးနက်နေတဲ့လေသံနဲ့မေးလိုက်သည်။

"ခင်ဗျားကျွန်တော့်ကိုမုန်းနေတာလာ။"

ရှန်ယွီကသူ့ကိုမမုန်းပါဘူး။သူကဒီအတိုင်းသူ့ကိုသဘောမကျတာပါ။

ရှန်ယွီကသူ့နှလုံးသားထဲကအဖြေကိုအပြင်ကိုထုတ်မပြောရဲခဲ့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ရီဟန်ကဒီကမ္ဘာရဲ့အဓိကဇာတ်လိုက်ပဲလေ။သူ့ဆီမှာဇာတ်လိုက်ရဲ့အရှိန်အဝါဆိုတာရှိနေတာကြောင့်မလိုအပ်ပဲနဲ့ဇာတ်လိုက်လေးနဲ့ပြဿနာမဖြစ်သင့်ဘူးဆိုတာကိုတော့ရှန်ယွီသိသေးသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now