Part(4)💙

389 53 5
                                    

Unicode

မိုးစက်မိုးပေါက်များ အနည်းငယ် ကျလို့နေသည်။ ကုန်းကျွင်း လဲ ပြတင်းပေါက်နားကပ်ထိုင်ကာ မနက်က ေပးသွားတဲ့ အိမ်စာ 2ပုဒ်ကိုလုပ်ရင်း တွေးမိသွားသည်။ 'အခုချိန် Ge ဝမ်ချိန်က ဘယ်လိုနေနေလဲ ဘာလုပ်နေမလဲ´လို့တွေးကာ ပု္စ္ဆာတွေကို မှားယွင်းစွာတွက်မိနေလေသည်။

ဒေါက်ဒေါက်

"ဝင်ခဲ့ပါ "

"မအိပ်သေးဘူးလား မြေးလေး"

"နည်းနည်းစောသေးတယ် နိုင်းနိုင်းရောမအိပ်သေးပဲနဲ့ ဘာလိုဖြစ်လို့် ကျွန်တော့်အခန်းကိုရောက်လာရတာတုန်း "

"နိုင်းနိုင်းရဲ့ မြေးပေါက်စလေးကို မျက်စိအောက်ကနေ အပျောက်မခံနိုင်လို့ပါတော်"

"ဟားဟား နိုင်းနိုင်းကတော့ " လို့ပြောကာ ပါးကိုတစ်ချက် အာဘွားပေးလိုက်သည်။

"ေမြး ဒီနေ့ မားမားတို့ကိ​ု ဖုန်းမဆက်ဘူးဆို ဟိုက လှမ်းပြီး နိုင်းနိုင်းကို တိုင်နေကြတယ် "

" ဆက်မလို့ပါပဲ ဒါပေမယ့်  ဒီနေ့ စိတ်တွေမကြည်နေလို့ မဆက်ဖြစ်တော့တာ "

"ပြောပါအုံး ဘာတွေစိတ်မကြည်နေရတာလဲ"

"ဒီတိုင်းပါပဲ စာကြောင့်ပါ တကယ်ဆို ကျွန်တော်က 10တန်းကို အောင်နေပြီးပြီပဲ တက္ကသိုလ် တောင်တက်ကတော့မှာကို ဘာလို့ Physics ကိုပဲ ပြန်သင်ခိုင်းနေလဲစဥ်းစားမရဘူး "

"မြေးလဲ ပါးပါးအကြောင်းကိုသိတာပဲ မြေးက 5ဘာသာလုံးဂုဏ်ထူးပါပေမယ့် Physics က အောင်မှတ်လောက်ပဲရတော့ သူလဲ မကျေမနပ်ဖြစ်သွားတာနေမှာပါ "

"နိုင်းနိုင်းကတော့ အမြဲ သူတို့ဘက်ကကြည့်ပဲ ကျွန်တော်အိပ်တော့မယ် "

"ဟုတ်ပါပြီ အိပ်ပါအိပ်ပါ နိုင်းနိုင်းသွားပြီ "

ကုန်းကျွင်း လဲ မျက်လုံးတွေကိုအတင်းမှိတ်ကာအိပ်ပျော်အောင်အိပ်လိုက်တော့သည်။

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
ဒီနေ့ ကျန်းကျယ်ဟန် တစ်ယောက် စာသင်ဖို့အိမ်ကထွက်လာတဲ့အချိန် ဖုန်းcall တစ်ခုဝင်လာသည်။ အဲ့လူက တခြားသူမဟုတ် ကျန်းကျီဟန်ကို တိတ်တခိုးသဘောကျနေတဲ့ ဆရာမလေး ရှောင်ဟွမ်ဖြစ်သည်။

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now