"ရောက်တုန်း ရောက်ခိုက် ကြာကြာတောင် မနေကြ တော့ဘူးလား"

"သွားစရာရှိသေးလို့ ဦးလေးကြီးရဲ့၊ အခုတောင် အချိန်
ကမနည်းတော့ဘူး"

"အေးပါ၊ ဒါဖြင့်လည်း ခရီးလမ်းမှာ အဆင်ပြေကြပါစေ။ ဂရုစိုက်သွားကြ"

ဦးလေးဂျုံန်းက ဆူဟို့ ပခုံးကို ပုတ်ပေးပြီး ဆူဟိုက
လည်း ခေါင်းငြိမ့်လိုက်သည်။

"မကြာခဏမလာဖြစ်လို့ စိတ်မကောင်းပါဘူး အစ်ကိုကြီး"

Omma လည်း ဦးလေးဂျုံန်းနဲ့ စကားစမြည်တောင်
အသေအချာမပြောလိုက်ရလို့ အားနာနေသည်။
ဦးလေးဂျုံန်းကတော့ ဖော်ဖော်ရွေရွေဖြင့် Omma
ကို လက်ယမ်းပြကာ အားမနာဖို့ပြောသည်။

"ပြောစရာမှ မလိုပဲ ဆူဟိုတို့အမေရယ်၊ နောက်ပိုင်း
အချိန်ရရင်သာ ထပ်လာခဲ့ကြချေ"

"ဟုတ်ကဲ့ အဲ့လိုလုပ်ပါ့မယ်"

ဦးလေးဂျုံန်းလည်း ခေါင်းပြန်ငြိမ့်ပြကာ ဖုန်းနံပါတ်နှင့်
အဆက်အသွယ်ကိုပါ တပါတည်း ပေးထားဖို့ပြော
သည့်အတွက် ဆူဟိုတို့ သားအမိလည်း ပြောပြရင်း
ဒီအတောအတွင်း ဆက်မိစပ်ရာ ရှေးဟောင်းနှောင်းဖြစ် အကြောင်းတွေကိုပါ အမှတ်မထင် ဖလှယ်မိသွားသည်။

"ဘာပဲ ဖြစ်ဖြစ် အဆင်ပြေကြတာ ကြားရလို့ ဝမ်းသာ
တယ်၊ နောက်ပြီး သားအမိတွေ ခဏခဏ ရန်မဖြစ်ကြ
နဲ့ဦး.... တချို့ကိစ္စတွေက မလွှဲမသွေကြုံရတဲ့အခါ
အခက်ကြုံရကောင်းကြုံရနိုင်ပေမယ့် ရှောင်လွှဲလို့မရ
မှတော့ လက်ခံလိုက်ကြပေါ့.... မဟုတ်ဘူးလား"

ရယ်ရယ်မောမောနဲ့ ဦးလေးဂျုံန်းက ဆူဟို့ကို မျက်စ
ပစ်ပြရင်း *အခြေအနေကောင်းသွားပြီမလား* ဆိုသည့်
အဓိပ္ပါယ်ဖြင့် ဝမ်းသာအားရကို ပြောနေတော့သည်။
ဆူဟိုကတော့ ဘာမှမပြောပဲ ပြုံးနေပေမယ့် Omma
ကတော့ မျက်နှာမကောင်းပေ။

"ဆူဟိုတို့အမေ.... မိဘနဲ့ သားသမီးကြားမှာ အမြင်
မတူတာတွေရှိနေနိုင်ရင်တောင် အချိန်တန်လို့ ဖြစ်လာကြတဲ့ ကိစ္စတွေကျတော့ နားလည်ပေးမှ ဖြစ်မယ်မလား"

"အတူတူနေရစဉ် အချိန်ခဏလေးမှာ ကိစ္စတွေက
မရေမတွက်နိုင်အောင် ကြုံကြရမှာပေါ့။ ဒါကြောင့် ငယ်ရွယ်တဲ့အခါအမှားဆိုတာလည်း ရှိမှာပဲ။"

COTTON CANDYWhere stories live. Discover now