Chp(4)The Beta's Perseverance

4.5K 960 34
                                    

[Unicode]    

     အာကာသယာဉ်ပျံကိုမောင်းနေရင်း မာရှယ်က သူ့မိတ်ဆွေဟောင်းဆီ messageတစ်စောင်ပို့ခဲ့တယ် "မင်းရဲ့သားက ထူးခြားပြောင်မြောက်တယ်။ သူကအလွန်တော်တဲ့စစ်သားတစ်ယောက်ဖြစ်လာလိမ့်မယ်"

     "ငါ့သားနှစ်ယောက်လုံးက တကယ်ထူးခြားပြောင်မြောက်ကြတာပဲလေ...သူတို့က အင်ပါယာရဲ့မဏ္ဍိုင်တွေတောင်ဖြစ်ပြီးပြီလေ!"

    "ငါ မင်းရဲ့အငယ်ဆုံးသားကိုပြောနေတာ.. Betaကောင်လေး"

    "Hm?! မင်းဘာကိုဆိုလိုတာလဲ?! ငါတို့ သူ့ကိုအဲ့မှာပဲ ပြက်တီးပြက်ချော်ထားလိုက်ဖို့ကို သဘောတူထားတာမဟုတ်ဘူးလား?! မင်း သူ့ကိုငါ့ဆီချက်ချင်းပြန်ပို့တာပိုကောင်းမယ်,နားလည်လား!!?"

   "သူက အလွန်ထူးချွန်တယ်။ ဒါက သူ့အိပ်မက်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေကို မြေမြှုပ်မပစ်သင့်ဘူး။ "

   "သူက betaလေ!!"

    "မင်းက အခြားဘယ်သူကbetaတစ်ယောက်လည်းဆိုတာ မင်းမေ့သွားတာလား?"

    အကြာကြီးတိတ်ဆိတ်သွားတယ်။

    မာရှယ်က သက်ပြင်းချလိုက်ပြီး သူ့မျက်ခုံးတွေကိုပွတ်သပ်လိုက်တယ်။

    အသက်၂၉နှစ်သာရှိသေးတဲ့ အင်ပါယာရဲ့အငယ်ဆုံးမာရှယ်တစ်ယောက်အနေနဲ့ သူ့အသက်အရွယ်လူတစ်‌ယောက်ထမ်းထားသင့်တာထက် ပိုလေးလံတဲ့တာဝန်တွေကို ပခုံးထမ်းထားရတယ်။

     သူက မိသားစုရဲ့စတုတ္ထမြောက်သားဖြစ်ပြီး သူ့အဖေအသက်ကြီးမှမွေးလာတာဖြစ်တယ်။ သူ့မှာ alphaအစ်ကိုသုံးယောက်လည်းရှိတယ် ဒါကြောင့် သူက အန္တရာယ်ရှိတဲ့နေရာတွေမသွားရ,အများကြီးမတွေးရတဲ့ 'beta'ဘဝမှာပဲနေရပြီး သူ့ရဲ့ကိုယ်ပိုင်အေးချမ်းတဲ့ဘဝမှာပဲရောင့်ရဲနေရတယ်။

      သူ့အမေက နောက်ဆုံးတော့ စစ်မြေပြင်မသွားရတဲ့တစ်စုံတစ်ယောက် မိသားစုထဲ‌ နောက်ဆုံးတော့ရှိလာပြီဆိုပြီး အားရကျေနပ်နေခဲ့ပါတယ်။

      သူ့ရဲ့အဖေကတော့ လူတိုင်းက သူတို့ကိုယ်ပိုင်ဘဝတွေကို မောင်းနှင်ပိုင်ခွင့်ရှိတယ်လို့ပြောပြီးနောက် မာရှယ်ကို သူဘယ်လိုဘဝနဲ့နေချင်လဲဆိုပြီးမေးမြန်းခဲ့တယ်။

Betaတစ်ဦးမှာလည်း အိပ်မက်တွေ ရှိပါတယ် {ဘာသာပြန်} [completed]Where stories live. Discover now