အနှီ ဆရာဝန်မှာ ပိုင်ရှီးရှန် (အာသာ ဘာကလေ)ပင် ။
(အာသာ ဘာကလေတော့ မှတ်မိသေးတယ်ဟုတ် ..မမှတ်မိရင် Chapter 1 ကို ပြန်ဖတ်ပါ..)ယုပေါ်ယွင်က ပြုံးလျက် ဆိုတယ် ။
"ဒေါက်တာ ပိုင်! တိုက်ဆိုင်လိုက်တာ..
လာလေဗျာ... ဒီမှာ ထိုင် "ပိုင်ရှီးရှန်က ယုပေါ်ယွင် ဘေးမှာ ဝင်ထိုင်လိုက်တယ် ။ သူ့မျက်နှာကတော့ ပြုံးတုံ့တုံ့နဲ့ ။ ဘာစကားမှမဆိုသေးဘဲ စားပွဲပေါ်က ရေနွေးခွက်ကို အရင် စူးစမ်းပြီးမှ သက်ပြင်းတစ်ချက်ချကာ စကားဆိုတယ် ။
"တော်သေးတာပေါ့.. ကံကောင်းထောက်မလို့
မင်း ဘာမှမဖြစ်တာ.. "ယုပေါ်ယွင် သူ့ဗိုက်လေးကို ဖွဖွလေး ပွတ်လိုက်တယ် ။
"ဟုတ်ပါရဲ့! အခု အဆင်ပြေသွားပါပြီ... "အဲ့ဒီတုန်းက အကြောင်းကို ပြန်တွေးလိုက်တိုင်း သူ့ဗိုက်လေးက တဖန်နာကျင်လို့ လာပြန်တယ် ။
သူ လုံးဝ ခွင့်မလွှတ်နိုင်ဘူး!
"အဲ့ဒီ လူယုတ်မာတွေကို ကျွန်တော် အလွတ်မပေးဘူး.."
ပိုင်ရှီးရှန်က ခေါင်းတညိတ်ညိတ်ဖြင့်ပင် ။
"ကောင်းပါပြီကွာ..."
"ဒါနဲ့ ဒေါက်တာပိုင်က ဒီနေ့ ဒီနေရာကို ဘာကြောင့်များ ရောက်လာရတာလဲ? "
ယုပေါ်ယွင်က သူ့ရဲ့ သွားစွယ်လေးတွေပေါ်အောင် ပြုံးရင်း မေးခွန်းပြောင်းလိုက်ပြန်တယ် ။
"ခင်ဗျားက ဗဟိုဆေးရုံကြီးက ဒေါက်တာမဟုတ်လား? ဘာလို့ ဒီက ဂျူတီကုတ်ကို......."
"ကိုယ်တော်လေးရယ် အဲ့ဒါ မင်းနဲ့ မင်းရဲ့ကလေးကြောင့်လေ"
ပိုင်ရှီးရှန်က မဲ့မဲ့ရွဲ့ရွဲ့နဲ့ နှာတစ်ချက်မှုတ်ကာ မျက်လုံးတွေ မှိတ်ချလိုက်လေတယ် ။
"ငါတို့ တိုက်ရမယ့်ပွဲက ပေါ့သေးသေးလား?...ကိုယ်ဝန်ဆောင် အမျိုးသားတစ်ယောက်ကို ပုံမှန်ကိုယ်ဝန်တွေလို အခက်အခဲမရှိ အောင်မြင်အောင် မွေးပေးရမှာလေ..အဲဒါကြောင့် စီရင်စုထဲက အတွေ့အကြုံများတဲ့ ထူးချွန်ပါရဂူတွေကို ကုဖုန်းက လိုက်စုနေတယ်...သူက မင်း အန္တရာယ်ကင်းကင်းနဲ့ မွေးဖွားနိုင်ဖို့အတွက် အတော်ဆုံးဆိုတဲ့ သားဖွားမီးယပ်ဆရာဝန်တွေစုပြီး အဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့စည်းခိုင်းလိုက်ပြီလေ....ဒါကြောင့် မင်းကတော့ မင်းကလေးကို ချောချောမွေ့မွေ့နဲ့ မွေးနိုင်လိမ့်မယ်...ငါတို့ ဆရာဝန်တွေအတွက်ကတော့ အင်း ! နီကျား(Nezha)ကို မွေးပေးရမယ်ဆိုရင်တောင် အဲ့လောက်တိုက်ပွဲခေါ်သံတွေ ပြင်းမှာမဟုတ်ဘူး..... "
YOU ARE READING
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]
Fantasyကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်လာမှာလဲ Author::Ju...