("မိတ္တိလာကန်ဝယ် ဖားကောက်ခဲ့ပါကွယ်
ဗျိုင်းရှေ့ကပျံ့ကာ ပျံကာ ပျံကာရယ်")²"ဝေါ...ဝေါ..!"
မှောင်ရီတရော မိုးသည်းညနေခင်းအချိန်ခြံကြီးတစ်ခြံအတွင်းတွင် မိတ္ထီလာကန်ဝယ်ဆိုသော သီချင်းသံလွင်လွင်ဟာ ပျံ့လွင့်လို့နေလေသည်။
"ဂျိမ်း!!"
"အမယ်လေး!!"
"အမယ်ယေး!!"ထိုစဥ် ရုတ်တရက် အငြိုးတကြီးရွာသွန်းနေသော မိုး၏ ဒေါသတကြီးချိန်းလိုက်သောအသံကြောင့် သီချင်းဆိုနေသော လူသားလေးနှစ်ယောက်၏ အသံသည် အလန့်တကြားအော်သံအဖြစ်သို့ပြောင်းလဲသွားရ၏။ နှစ်ယောက်သား တစ်ယောက်နား တစ်ယောက်ကပ်လို့ နောက်ထပ်လျှပ်စီးတွေများလာလေဦးမလား ကောင်းကင်ကိုမော့်ကြည့်နေလေရဲ့။
ထိုလူသားလေးနှစ်ယောက်မှာတော့ ပုဆိုးလေးတွေကို ဂတောင်းကျိုက်ကာ စွပ်ကျယ်လေးတွေနဲ့ ဖားကောက်နေကြသော ခေတ်နဲ့ရွှေဘူဘူးပင်။
မိုးတွင်းဆို မိုးတွေသည်းတိုင်း ခြံထဲမှာ မရှိတဲ့ဖားကို ဆင်းဆင်းကောက်တက်တာ ခေတ်ရဲ့အကျင့်တစ်ခုလို။ ခါတိုင်းတစ်ယောက်ထဲကောက်နေကြပေမယ့် ဒီနှစ်တော့ အဖော်သေးသေးလေးလည်းပါသည်မို့ ခေတ်တို့အတော်ပျော်နေလေရဲ့ပေါ့။ ၂၆လသားအရွယ်ရှိပြီဖြစ်သော ဘူဘူးလေးကလည်း ခေတ်ရဲ့သားဆိုသည့်အတိုင်း ခေတ်နဲ့တစ်ထေရာတည်းပင်။ နှစ်ယောက်သား သီချင်းလေး တကြော်ကြော်နှင့် ပုဆိုးလေးတွေ ဂတောင်းကျိုက်ကာ ဖင်လုံးလေးတွေကုန်းကုန်းပြီး ဖားလိုက်ရှာနေလေရဲ့။
"ဟဲ့ ကလေးတွေ တက်ခဲ့တော့! အအေးပတ်တော့မယ်ဆိုကွယ်"
အိမ်ထဲမှဒေါ်မေမိုးပြည့်၏ စိုးရိမ်တကြီးအော်ခေါ်သံသည် မိုးသံကို ထွင်းဖောက်၍ထွက်လာလေသည်။
"လာမယ် တီမေ ခဏလေးပဲဗျား"
"ယာမယ် တီမေ ထဏယေးပဲ ဂျား"ခေတ်က ဒေါ်မေမိုးပြည့်ကို လက်ကလေးထောင်ပြကာ ခဏဟုပြောတော့ ဘူဘူးကလည်း သူ့လက်ဝတုတ်ကလေးတွေကို ထောင်ရင်း ခေတ်ပြောသည့်အတိုင်းလိုက်ပြောလေသည်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)