"ကိုခေတ်ထူး!"
"ဗျား"
"အယ့်ရွှေဘူဘူးကိုလက်ကချဦးမှာလား"
"ချီမှမချီထားတာပဲမောင်ရယ်။ ဒီတိုင်းကြိုးလေးနဲ့လွယ်ရုံလွယ်ထားတာကိုဗျား"
"ကျစ်! မပြောတော့ဘူး"
မောင်တစ်ယောက် ရွှေဘူဘူးကိုလက်ကမချသော ခေတ်ကိုကြည့်ကာ စိတ်ညစ်စွာပင် စုတ်သက်လျက် ခြေကိုဆောင့်ပြီးအခန်းထဲမှထွက်လာခဲ့သည်။ ရန်ကုန်ပြန်ရောက်တာ နှစ်ရက်ပဲရှိသေး ဒီအိမ်မှာသူ့အတွက်နေရာဆိုတာမရှိတော့။
ပြန်ရောက်တဲ့နေ့က အကုန်လုံး မောင်တို့အိမ်သာပြန်လာကြပြီး ရှင်းလျှန်ကလည်း သူနဲ့အကိုစိုင်းမော်ရှန်းအကြောင်းကို ဖွင့်ပြောကာ အိမ်မှာသာခေါ်ပြီးတူတူနေကြသည်။
မိဘတွေကတော့မကန့်ကွက်သော်ငြား သေချာပေါက်ရှောခ့်ရသွားကြတာတော့အမှန်ပင်။
သားနှစ်ယောက်လုံး.......အင်း...
ဒါလည်းကိစ္စမရှိသေးပါ။ လက်ခံကြသည်။ ခုတော့သူတို့အိမ်ကြီးတွင် ရှင်းလျှန်တို့မိသားစုရယ်၊ မောင်တို့မိသားစုရယ်၊ နွေတို့သားအမိရယ်ဖြင့် အိမ်ကသိုက်သိုက်ဝန်းဝန်းပြန်စည်ကားနေလေပြီ။ပြသနာက ကိုရွှေဘူဘူးပင်။ ရောက်ရောက်ချင်းနေ့က သူ့ကိုတအံ့တသြဝိုင်းကြည့်နေကြတုန်း မျက်လုံးလေးကလယ်ကလယ်လုပ်နေပြီး ဒေါ်တီမေက ချစ်စရာလေးပဲလို့ပြောလိုက်သည့်သကာလမှာ သူ့နှုတ်သီးသေးသေးလေးကို တစ်ဖက်တည်းကော့တက်အောင်လုပ်ပြီးပြုံးလေသည်။ ဘယ်လိုရက်ပိုင်းသာရှိသေးတဲ့နီတာရဲကသူ့လိုပြုံးလို့လဲ။ ပြုံးလိုက်တဲ့ပုံကတစ်လောကလုံးမှာသူအချောဆုံးလို။ အယ့်တည်းက တစ်အိမ်လုံးကလူတွေ ရွှေဘူဘူး ရွှေဘူဘူးနဲ့ဖြစ်သွားခဲ့တာ။ ဘုန်းဘုန်းကြီးပေးလိုက်တဲ့ ရွှေဘူဘူးဆိုတဲ့နာမည်ကြောင့်များ ဒင်းစန်းပွင့်လေသလားမသိ။
မောင်လည်း ရွှေဘူဘူးကိုချစ်ပါသည်။ သို့သော် ခေတ်ကအယ့်ဒီ့ရွှေဘူးကောင်လေးကို သူ့ထက်ပိုချစ်တာမျိုးကိုတော့မကြိုက်။ ခုလည်းကြည့် ခေတ်ကသူအခန်းထဲကထွက်လာတာတောင် အယ့်ဒီ့ဘူးကောင်ပေါက်ကိုလက်ကမချဘူးမလား။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)