ညနေလောက်ထိ နက်ရှိုင်းသူတို့ အိမ်မှာ နေပြီးနောက်
" သားတို့ ပြန်တော့မယ် ပါးပါး ဒယ်ဒီ "
" အေးအေး သား ပါးပါးပြောထားတာ မမေ့နဲ့နော် "
" ဟုတ် ပါးပါး သား စဉ်းစားကြည့်ပါ့မယ် "
" အေးအေး "
" သား အိမ်ကိုလည်း မကြာမကြာ လာလည်ကြလေ "
" ဟုတ်ကဲ့ ဒယ်ဒီ "
သေချာနှုတ်ဆက်ပြီးနောက် အိမ်ပြန်ခဲ့တော့သည်...
ကားပေါ်တွင်...
" ကိုကို "
" ဗျာ "
ရင်ခွင်ထဲထည့်ကာ ဖက်ထားခြင်းခံရသော Jake ကာ ခေါင်းမော့ကာ Erick အား ခေါ်လိုက်သည်
" ပြောလေ Baby "
" ကိုကိုရော ဘယ်လိုထင်လဲဟင် လက်ထပ်မယ့်ကိစကိုလေ "
" ကိုကို အမှန်တိုင်း ပြောပြရမလား "
" အင်း ကိုကို စိတ်ထဲရှိတဲ့အတိုင်းပြော "
" အမှန်တိုင်းပြောရရင် ကို်ယ် Baby ကို ပိုင်ဆိုင်ချင်တယ် ကိုယ်ကလွဲရင် Baby ကို ဘယ်သူမှ မျက်စိကျတာ မမြင်ချင်ဘူး ဒီလိုပြောရတာက Baby ကို စိတ်မချလို့ မယုံလို့ ပြောတာ မဟုတ်ဘူးနော်..... ကိုယ် ချစ်ရတဲ့သူကို ကိုယ် တရားဝင် ပိုင်ဆိုင် ချင်ယုံလေးပါပဲ...... သို့သော် Baby ဘက်က အဆင်မပြေသေးဘူး ဆိုရင်လည်း ရပါတယ်.... ကိုယ် စိတ်လည်း မဆိုးသလို Baby ကို အပြစ်လည်း မတင်ဘူး.... ဒါကြောင့် Baby သဘောအတိုင်းသာ လုပ်ပါ "
" ကျေးဇူးတင်ပါတယ် ကိုကို Baby ကို ချစ်နေပေးလို့..... Baby ကလည်း ကိုကို့ကို မယူချင်လို့မဟုတ်ပါဘူး....... အချိန်အတိုင်းအတာ တစ်ခုထိ အခုလိုလေး နေချင်သေးလို့ပါ တခြား အကြောင်းပြချက် မရှိပါဘူး ကိုကို..... Baby ချစ်တာလည်း ကိုကို့ကိုပဲ..... ကိုကို့ကလွဲရင် ကျန်တဲ့ ဘယ်သူစိမ်းကိုမှ Baby စိတ်ထဲ မထည့်ထားဘူး...... "
" Baby ကို ကိုယ်ယုံပါတယ်ကွာ ဒါကြောင့် ကိုကိုတို့နှစ်ယောက် အေးအေးဆေးဆေးပဲ ဖြတ်သန်းကြရအောင်နော်....... "
" အင်း "
Erick တို့နှစ်ယောက် စကားပြောနေတုန်း တချက်တချက် အနောက်ကို ကြည့်ကြည့်နေတဲ့ သွေးသစ်ကြောင့် Erick ပါ လိုက်ကြည့်မိသည်
YOU ARE READING
ချစ်ခြင်း အစပျိုးရာ S2