[ ချစ်ခြင်းတရားအား ဖွင့်ဟခြင်း ]
… Crazy in luv …
" Chaeyoung ငါပြောတာကိုသေချာနားထောင်နော် "
" Omm "
နှာဖျားပေါ်က ငွေရောင်မျက်မှန်ကို တစ်ချက်ချွတ်ပစ်လို့ Chanyeol ဟာ သက်ပြင်းတစ်ချက်ချတယ် ။ စားပွဲခုံတစ်ခုသာခြားလို့ မျက်နှာချင်းဆိုင်နေရာယူလေတဲ့ သူ့ဆေးခန်းငယ်အတွင်း အရာရာဟာ တိတ်ဆိတ်လို့ ။
" နင်ပြောတာတွေကို နားထောင်ကြည့်ရသလောက်ဆိုရင် ကုသလို့မရတဲ့ ရောဂါပဲ "
ဟင့်အင် . . မဖြစ်နိုင်လိုက်တာ ။ လူမှုအသိုင်းအဝိုင်းအရကြည့်မယ်ဆိုရင် ကိုယ့်အရွယ်ဟာ မငယ်တော့တဲ့ အတိုင်းအတာတစ်ခုကို ရောက်နေပြီဆိုပေမယ့် သေဖို့အတွက်ဆိုရင်တော့ ကိုယ့်အရွယ်ဟာ တော်တော်လေးကို နုငယ်နေသေးတာလေ ။
ပြီးတော့ တောင်ကိုးရီးယားနိုင်ငံရဲ့ အငယ်ရွယ်ဆုံး ၊ အထက်မြတ်ဆုံး အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ Haneul group ရဲ့ တတိယမျိုးဆက် အမွေဆက်ခံသူ ။ အဲ့ဒီလို လူမျိုးက အစောကြီးသေသွားခဲ့ရင် လောကကြီးအတွက် ဘယ်လောက်တောင် ဆုံးရှုံးနစ်နာလိုက်မလဲ ။
စဉ်းစားချင့်ချိန်တော်မူပါ ဘုရားသခင်ရယ် ။
" ဘယ် . . . ဘယ်လိုဖြစ်တာလဲဟင် ? နှလုံးက မကောင်းတော့တာလား ၊ ခွဲစိတ်လို့မရဘူးလား ၊ အစားထိုးတာမျိုးပဲ ဖြစ်ဖြစ်လေ ဒါမှမဟုတ် စိတ်ကျန်းမှာရေးလား ? ကိုးရီးယားမှာကုလို့မရရင် အမေရိကအထိသွားမယ်လေ "
Chanyeol ဟာ ခေါင်းရမ်းပြတယ် ။ အမေရိက ကလည်း ကုပေးနိုင်မှာ မဟုတ်ဘူးပေါ့လေ ။
" တကယ်တော့ နင် အဲ့ဒီတစ်ယောက်ကို ချစ်နေတာ "
" ဘ ! . . ဘာ ! Yar r ! နင်ရူးနေလား "
" အဲ့မေးခွန်းကို ငါက နင့်ကိုပြန်မေးရမှာ . . လူတစ်ယောက်ကို မြင်ရင် ရင်ခုန်တယ် ၊ မမြင်ရရင် စိတ်ပူတယ် ၊ သူနဲ့ ပတ်သတ်ရင် ကိုယ်ရဲ့ အမူအကျင့်တွေက ပြောင်းလဲလာတယ် ၊ ကိုယ်က ကိုယ်မဟုတ်တော့သလိုခံစားရတယ် . . အဲ့ဒီအချက်အလတ်တွေနဲ့ ငါ့ကို ရောဂါရှာခိုင်းနေတယ်ဟုတ်လား ? Yar ! Park Chaeyoung ရူးနေတာလား ? ဘယ်သူကြည့်ကြည့် သဘောကျနေတာ အသိသာကြီးကို "
YOU ARE READING
Crazy In Luv
Fanfictionဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် [ Uni ] ဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် 🔞🚨