Unicode
"ကိုရေ ကို့အတွက်အဝတ်ေတွထည့်မလို့ ခရီးဆောင်အိတ်ရှာနေတာမတွေ့ဘူး ဘယ်နားမှာသိမ်းထားတာလဲ"
နေပြည်တော်သွားရမည့်အချိန်သို့ နီးကပ်လာပြီဖြစ်တာကြောင့် တိမ်စိုင်အဝတ်တွေထည့်ထားတော့မည်ကြံကာ ခရီးဆောင်အိတ်လိုက်ရှာတော့ ဂျွန့်အိတ်အပါအဝင် တိမ်စိုင့်အိတ်ပါရှာမတွေ့ပေ။
"ထည့်စရာမလိုတော့ဘူးလေအချစ်"
ဂျွန်ရုံးသွားဖို့အတွက် ဘောင်းဘီလဲနေရင်းဇစ်ကိုအပေါ်ဆွဲတင်လိုက်ကာ တိမ်စိုင်လာမေးသည်ကိုအလိုအလျောက်ပင်ပြန်ဖြေသည်။
"ဘာဖြစ်လို့လဲကို ကျွန်တော်တို့ခရီးမသွားတော့ဘူးလား"
ခရီးသွားဖို့အများကြီးမျှော်လင့်ထားခဲ့မိတာကြောင့်ဖြစ်မည်။ဂျွန်ပြောသည့်ပုံစံကမသွားတော့မည့်အတိုင်းဆိုတော့ တိမ်စိုင်ဘယ်လိုမှန်းမသိ ဝမ်းနည်းလာသလိုလိုပင်။အိမ်ထောင်ကျပြီးမှပထမဆုံးပြန်ထွက်ရမည့်ခရီးဖြစ်သည်မို့ ဂျွန်လိုက်ပို့မည်ပြောကတည်းကယေန့ေရာက်သည်အထိစိတ်လှုပ်ရှားနေခဲ့သည်။ထို့ေကြာင့် သွားဖြစ်ဖို့သာမျှော်လင့်မိသည်။
"ကိုအဝတ်ေတွထည့်ပြီးသွားပြီ သားလေးဝတ်ဖို့နဲ့အချစ်ဝတ်ဖို့ပါတစ်ခါတည်းပြင်ထားပြီးသား ကားနောက်ဖုံးထဲတောင်ရောက်နေပြီ"
တိမ်စိုင်အိပ်နေသည့်အချိန် သွားရောက်လည်ပတ်မည့်အရပ်ဒေသနှင့်လိုက်ဖက်သမျှအဝတ်ပေါင်းစုံကို တစ်ယောက်တည်းစိမ်ပြေနပြေရွေးထုတ်ကာ တိမ်စိုင်ခေါင်းမစားရစေဖို့အတွက် ကြိုတင်အဆင်သင့်လုပ်ပေးထားသည်။ဝူဝူလေးအဝတ်သေးသေးပိစိကလေးတွေကို ဂျွန်သူ့ခရီးဆောင်အိတ်ထဲပဲပေါင်းထည့်လိုက်ပြီး သကြင်္န်လည်သည့်အခါနွေးနေစေဖို့ လေးအနွေးထည်များနှင့်တိမ်စိုင့်အနွေးထည်ပါ ပိုပိုလိုလိုစေ့စေ့စပ်စပ်ပင်ထုပ်ပိုးကာ ကားထဲထည့်ထားခဲ့သည်။
"တော်ပါသေးရဲ့"
ထိုသို့ကြားရမှတိမ်စိုင်စိတ်ချမ်းသာကာ တင်းနေသည့်စိတ်တို့လျော့တော့သွားသည်။တိမ်စိုင်သက်ပြင်းချသံကြားလိုက်ရတာကြောင့် ဂျွန်တိမ်စိုင့်မျက်နှာကိုထောင့်ေပါင်းစံုကနေ လိုက်လံကြည့်ရှုသည်။တိမ်စိုင်လေးဝမ်းနည်းသွားအောင် သူလုပ်ခဲ့မိလိုက်သလား။
YOU ARE READING
တိမ်စိုင်ငယ်လို
Romanceငြိမ့်ငြိမ့်လေးသွားတဲ့ ပျော်စရာဇာတ်လမ်းလေးတစ်ပုဒ်မို့ ဝင်ရောက်စီးမျောရင်း ဘဝအမောတွေပြေနိုင်ကြပါစေ။ Starting date_ 31.8.20 Ending date_15.11.20