" အဆင်ပြေရဲ့လား "


  သူနာပြုလေးက မျက်ရည်တွေနဲ့ကိုယ့်ကို အလန့်တကြားကြည့်ရင်းမေးလာတယ် ။ မျက်နှာမှာ လက်ဖုဝါးနှစ်ဖက်အုပ်လို့ ခေါင်းရမ်းပြရင်း စိတ်အစုံကိုလွှတ်ချကာ အော်ငိုမိတယ် ။ ဒီအချိန်မှာ Park Chaeyoung လည်းပီသမနေနိုင်တော့ပါဘူး ။



  ဒီထက်ပိုပြီးတော့သာ စောစောလေးလာခဲ့ရင် ။


  ကိုယ်သာ ဟိုအရင်ကတည်းက လာတွေ့ခဲ့ရင် ။


  အခန်းငယ်တစ်ခွင်က ကိုယ့်ရဲ့ရှိုက်ငင်သံတွေနဲ့ ပြည့်နက်သွားတယ် ။ ရီဝေမူးနောက်လာတဲ့ ကိုယ့်ကမ္ဘာဟာ ခြေတန်တွေကိုပါယိုင်နဲ့လာစေတယ် ။ ကိုယ်ပါလဲကျသွားတော့မှာလား ။ ဖြစ်ချင်ရာဖြစ်ပါစေတော့ ။


  ဒါပေမယ့် .  .  . ။


  လဲကျလုဆဲဆဲ ခန္ဓာကို အနောက်ကနေဖမ်းထိန်းပေးလာတဲ့ ရင်ခွင်တစ်စုံ ။


   " Lisa ! "

 
   " ကိုယ်တို့ နည်းနည်းနောက်ကျသွားတယ် Babe ရယ် "


  နှစ်သိမ့်သယောင် သူ့အသံဖျော့တော့တော့ဟာ ကိုယ့်စိတ်အစုံကို ပိုမိုနွမ်းလျစေတယ် ။ ခပ်တင်းတင်းပွေ့ဖက်လာတဲ့ သူ့လက်တန်တွေကြား သူ့ရင်ခွင်ကို မျက်နှာအပ်လို့အတိုးချငိုတဲ့အခါ သူ့မျက်ရည်တစ်စွန်းတစ်စက ကိုယ့်ပုခုံးဖျားမှာ ပူပူနွေးနွေး ။


  နားကပ်ကအစ လက်စွတ်တွေအဆုံး တစ်လတ်လတ်တောက်ပနေတက်တဲ့ ဘယ်အရာကိုမှခန္ဓာမှာ ချိတ်တွယ်မလာခြင်းက သူလည်းဝမ်းနည်းနေပါတယ် ဆိုသည့်သဘော ။



   " ဈာပနကို ဒီဆေးရုံမှာပဲ လုပ်ထားတယ် "



  သူဝတ်ဆင်ထားလေတဲ့ ဂန္ဓမာပန်းထိုး အနက်ရောင်  Hanbok နှင့် တိပသေသပ်သည့် ဆံနွယ်တို့ကြား မသားမနားနေရာယူလေတဲ့ အဖြူစွတ်စွတ် ribbon ကလစ်လေးဟာ အခြေအနေအရပ်ရပ်ကို အတည်ပြုပေးလိုက်သလို ။ အရာရာဟာ ပြီးဆုံးသွားပြီ ။


  တစ်မိုးအောက် တစ်ယောက် Park Chaeyoung ရဲ့ သဘောဆန္ဒအတိုင်း ဖြစ်မလာတဲ့ ကံကြမ္မာဆိုတာကလည်းရှိသေးသားပဲ။

Crazy In Luv Where stories live. Discover now