[ နောင်တရရှိခြင်း ]
… Crazy in luv …
" ဒီတစ်ပတ် ပိတ်ရက်ကျရင် ငါမေမေ့ကို လာတွေ့မယ်လေ "
အခန်းတံခါးရှေ့မှာ အတန်ကြာရပ်လို့ သူနဲ့ပြောခဲ့တဲ့စကားကို ပြန်စဉ်းစားမိတယ် ။ ဒါပေမယ့် လုံးဝမထင်ထားတာက အခုလိုနာတာရှည်ဆေးရုံတစ်ခုမှာ လာတွေ့ရမယ်ဆိုတာပါပဲ ။ ကိုယ်ဘယ်လောက်တောင် အချိန်တွေဆွဲမိပါလိမ့် ။ အချိန်မရွေးနှုတ်ဆက်သွားနိုင်တဲ့ သူကို ။
သက်ပြင်းတစ်ချက်ချလို့ အခန်းတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါ ကုတင်တစ်ဖက်ကိုကာကွယ်ထားတဲ့ အပြာနုရောင်လိုက်ကာနုနု ။ အဲ့ဒီခန်းစည်းကို ဖယ်ရှားပစ်ဖို့လက်တွေဟာ အနည်းငယ်တုန့်ဆိုင်းနေမိတယ် ။ ဘယ်လောက်တောင်ကြာမြင့်နေပြီလဲ ။ မေမေ့ကို မတွေ့ခဲ့ရတာ ။
ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်သလိုမျိုး ခေါင်းတစ်ချက်ငြိမ့်ရင်း လိုက်ကာစနုနုကို ခပ်းတင်းတင်းဆွဲဆုတ်လို့ ဘေးတစ်ဖက်ကို တွန်းပို့လိုက်တယ် ။
" ဟင် ! "
ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခု ။ သူနာပြုတစ်ယောက်က အချို့သောပစ္စည်းတွေအပြင် ကုတင်ပေါ်က စောင်နဲ့ ခေါင်းအုံးတွေကို သပ်ရပ်အောင်ပြုပြင်နေတယ် ။ ကိုယ်အခန်းမှား ဝင်လာမိတာလား ။ ဒါမှမဟုတ် . .
" ဒီက လူနာကကော ? "
" ခနလေးကပဲ ဆုံးပါးသွားလို့ မိသားစုဝင်က ဆေးရုံမှာပဲ ဈာပနလုပ်ဖို့ စီစဉ်နေပါတယ် "
လက်တစ်ဖက်မှာ ဆုတ်ကိုင်လာတဲ့ ပန်းစည်းဟာ နှမျောစရာကောင်းစွာ အောက်ကိုပြုတ်ကျသွားတယ် ။ စားပွဲပေါ်မှာ တယုတယထိုးစိုက်ထားတဲ့ ပန်းနုရောင်နှင်းဆီတွေကို မြင်တဲ့အခါ နှလုံးသားကအောင့်ခနဲ့ပဲ ။ ကိုယ့်ရဲ့ရောက်ရှိလာမှုဟာ အချိန်လွန်သွားပြီတဲ့ ။
ဟင့်အင် . . အဲ့လိုမဖြစ်ရဘူးလေ ။ ပြောစရာစကားတွေ ရှိသေးတယ် ။ မေးစရာ မေးခွန်းတွေကျန်သေးတယ် ။ နောက်ဆုံးအခ်ျိန်ထိ ကိုယ့်ကိုအမြဲပဲထားခဲ့နေတော့မှာလား ။ ခွင့်လွှတ်ပေးချင်စရာကောင်းအောင်ပဲဖြစ်ဖြစ် ကိုယ့်ပြောစကားတွေကို နားထောင်သင့်တာပေါ့ ။ နည်းနည်းဖြစ်တော့ . . အရမ်းလွမ်းနေပါတယ်ဆိုတဲ့အကြောင်း ။
YOU ARE READING
Crazy In Luv
Fanfictionဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် [ Uni ] ဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိုင်အောင် ရူးသွပ်ပါတယ် 🔞🚨