Page 13

23.4K 3.1K 120
                                    

ပူတာအို ;  15°C

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ ကလေးတွေကို လက်ဆောင်ပေးရန် ကျောင်းရှိ ဆရာတွေအားလုံး
တိုင်ပင်ထားကြသည်။ ထို့ကြောင့် ပန်နန်းဒင်မှ ပူတာအိုမြို့လေးဆီသို့ ဆင်းလာကြသည့် လူငယ်တွေထဲ
မိုင်စိုင်းပါ လိုက်လာခဲ့၏။ အဖွဲ့ထဲမှ ဆရာလေး တစ်ယောက်၏ ဇာတိမြေဖြစ်သည့် အတွက် တည်းခိုရန်နေရာ အတွက် ပူပန်စရာမလို။ နေဖို့၊ စားဖို့ရန် အဆင်သင့် ဖြစ်နေ၏။

ပူတာအိုသို့ ရောက်ရောက်ချင်း လုပ်ရသည်က မိသားစုထံ ဖုန်းဆက်ရခြင်းပင်။ ပန်နန်းဒင်မြို့လေးမှာမူ ဖုန်းလိုင်းမရသည့်အပြင် လျှပ်စစ်မီးပါမရ။ ထို့ကြောင့် မိုင်စိုင်းခမျာ သည်တစ်လလုံး ကမ္ဘာကြီးနှင့်ပင် အဆက်အသွယ် ပြတ်တောက်သွားသည်ဟု  ခံစားလိုက်ရ၏။ ဖုန်းကို ချက်ချင်း မကိုင်သေးသည့် တစ်ဖက်ကလူကြောင့် အချိန်အတော်ကြာ မိုင်စိုင်း စောင့်နေလိုက်သည်။

"ဟယ်လို ငယ်လေးလား"
တစ်ဖက်မှ မိန်းမပျို၏ အသံသည် တိကျပြတ်သားစွာ ပေါ်လာတော့၏။

"ဟုတ်ကဲ့ မလတ် ကျွန်တော်ပါ။ အခုမှ ဖုန်းလိုင်းမိတဲ့ နေရာကို ရောက်လို့ မလတ်တို့ကို ချက်ချင်း ဆက်လိုက်တာ။ မေမေတို့ရော အိမ်သားတွေအကုန်
နေကောင်းကြတယ်မလား"

"မေမေရော မကြီးရော ငါရော အကုန် အဆင်ပြေတယ်။ ဖုန်းတော်တော်နဲ့ မဆက်လို့တောင် စိတ်ပူနေတာ။ ငယ်လေးရော အစစအရာရာ အဆင်ပြေတယ် မဟုတ်လား"

"အကုန် အဆင်ပြေပါတယ်။ ကျွန်တော်
စာရေးတာကလည်း တစ်ဝက်နီးပါး ပြီးနေပြီ။ နောက်လလောက်ဆို ပြန်လာတော့မယ်နော်"

ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် မိုင်စိုင်း၏ နှလုံးသားသည် ဆစ်ခနဲ နာကျင်သွားရ၏။ သံယောဇဉ်ပိုခဲ့မိသည့် ဤမြို့လေးမှနေ ထွက်ခွာရမည့် ရက်တို့မှာ ဘယ်လောက်မှ မလိုတော့။

"ဒါနဲ့ သဘောကျရတဲ့ တောင်ပေါ် သားလေးရော ရှာမတွေ့ဘူးလား"

"ဟာ..။မလတ်ကလည်း ဗျာ"

မိုင်စိုင်း၏ ရှက်သွားသည့်ဟန်ကြောင့် မလတ်ထံမှ ခပ်ကျယ်ကျယ် ရယ်သံ ထွက်လာ၏။ မကြီးနှင့် မလတ်တို့သည် မိုင်စိုင်း၏ ဖြစ်တည်မှုကို လက်ခံကြသည်။ အားပေးကြသည်။ မေမေနှင့် အတိုက်အခံ ဖြစ်စဉ်တုန်းကလည်း မိုင်စိုင်း၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်၍ ကာကွယ်ပေးကြသည်မှာ ထိုအစ်မနှစ်ဦးပင်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now