"Toyboy? "
"ဟုတ်တယ်..ဒီမှာကြည့်လေ"
ဗစ်တိုက သူ့ခေါင်းပေါ်က ပြောင်လက်နေတဲ့ သင်္ကေတလေးကို ထိုးပြလိုက်တယ်။
"အဲ့ဒီမှာတော့ ငါကတော်တယ်"ရီမင် နားလည်မှုအကြီးကြီးလွဲသွားပြီ။
သူ့ခေါင်းကို ငုံ့ကာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး
"အာ...အေးပါကွာ"မကြာပါဘူး ။ဗစ်တိုတစ်ယောက် မျက်မှောင်ကြုတ်ပြီး ရန်တွေ့တော့တာပဲ။
"သောက်ချီးထုပ်လေး...အထက်တန်းစာမေးပွဲတွေပြီးတော့ ငါ မင်းကို messageတွေပို့တယ်..
မင်းက သောက်ဖက်လုပ်ပြီး replyလေးတောင် မပြန်ဘူး ! ""တောင်းပန်ပါတယ်ကွာ...အဲ့တုန်းက ငါ့ဖုန်းအခိုးခံလိုက်ရတာ..ငါ ပြန်ရှာပေမယ့် မတွေ့တော့ဘူး..
ဖုန်းနံပါတ်အသစ်လည်းပြောင်းလိုက်ရတော့ contactတွေအကုန်ပျောက်ကုန်တာပေါ့ကွာ..""မဖြစ်နိုင်တာတွေ မပြောနဲ့နော်"
ဗစ်တာရဲ့နှုတ်ခမ်းက တစ်တောင်လောက် စူထွက်လာတယ်။
"ရုတ်တရက်ကြီး WeChatပေါ်မှာ မင်းaccountကနေ Porn Flimsတွေထရောင်းနေလို့ ငါ့မှာတွေးမရဖြစ်နေတာ..
ဘာကြောင့်လဲဆိုတါ ခုမှပဲ သိတော့တယ်..မင်းဖုန်းအခိုးခံလိုက်ရတာကိုး"ရီမင် ပိစိလေး ရှက်သွားလေရဲ့။
"အဲ့ နံပါတ်အဟောင်းကြီးကို ဖျက်ပစ်လိုက်စမ်းပါကွာ..ငါ ရှက်လို့ပါ"ဗစ်တို နှာခေါင်းလေး မဆိုသလောက်ရှုံ့လိုက်တယ်။
"အခုရော မင်း ဘယ်မှာ အလုပ်လုပ်နေလဲ?""ငါက ဟန်လုပ်ငန်းစုမှာ လက်ထောက်တစ်ယောက် ဖြစ်နေပြီ"
"မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ !"
"မင်းကမှ ပိုကောင်းနေတာပါကွာ.."
"ထားပါကွာ...ငါတို့ ဖုန်းနံပါတ် လဲကြတော့မလား?"
ဗစ်တိုက ရီမင့်နားရွက်နားထိ ငုံ့ချလာပြီး သူ့အသက်ရှုငွေ့နွေးနွေးလေးတွေကြောင့် ရီမင့်နားထဲ ယားကျိကျိဖြစ်လာတယ်။
"နှစ်တွေလည်း အတော်ကြာခဲ့ပြီဆိုတော့..........
မင်းအခု အထက်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် လုပ်နိုင်ပြီလား?"ရီမင် နှုတ်ဆိတ်သွားတယ်။
"အာ....ငါ...မလုပ်နိုင်သေးပါဘူး""ဒါဆိုလဲ စိတ်အနှောင့်အယှက်ဖြစ်မနေနဲ့လေကွာ...
ပေး မင်း ဖုန်းနံပါတ် "
YOU ARE READING
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]
Fantasyကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်လာမှာလဲ Author::Ju...