Chapter - 30

12.7K 2.2K 52
                                    

Unicode

ထန်လီဘယ်အချိန်ကတည်းကနိုးနေတာလဲဆိုတာ
ရှန်ယွီမသိခဲ့ဘူး။ဒါပေမဲ့ကောင်လေးကကုတင်ပေါ်မှာဂရုတစိုက်လဲလျောင်းနေပြီးရှန်ယွီကိုငေးကြည့်နေသည်။

ရှန်ယွီမျက်လုံးဖွင့်လာတာကိုတွေလိုက်ရတော့ထန်လီကကြက်သေသေသွားခဲ့သည်။သူကရှန်ယွီကိုကြည့်နေတာမဟုတ်ဘူးဆိုပြီးငြင်းချင်ပေမဲ့ဘာမှလည်းမပြောရဲခဲ့ဘူး။သူကခဏလောက်တွေဝေနေပြီးဒီအတိုင်းတောင့်တောင့်ကြီးပဲနေနေတော့သည်။

ထန်လီရဲ့မလုံမလဲအမူအရာလေးကိုတွေ့လိုက်ရတော့ရှန်ယွီကရယ်ချင်လာသည်။

"နေကောင်းသွားပြီလား။"

ရှန်ယွီကလက်ကိုဆန့်လိုက်ပြီးထန်လီရဲ့နှာခေါင်းလေးကိုဆွဲညှစ်လိုက်သည်။သူထလိုက်တော့မှဝှီးချဲပေါ်မှာပဲအကြာကြီးအိပ်ပျော်သွားမိတာကိုသတိထားမိလိုက်သည်။သူ့လက်တွေကထုံနေတာကြောင့်လှုပ်ရှားဖို့တောင်သိပ်မလွယ်ခဲ့ဘူး။

ဒါပေမဲ့လည်းသူ့ကိုယ်ပေါ်မှာစောင်ပါးလေးတစ်ထည်ရှိနေတာကြောင့်အိပ်ရတာသိပ်အဆင်မပြေတာမျိုးမဖြစ်ခဲ့ဘူး။အဲ့ဒီနောက်မှာတော့ဗီလိန်လေးထိုင်နေတဲ့ကုတင်ပေါ်မှာဘာစောင်မှမရှိတာကိုသူတွေ့သွားသည်။ရှန်ယွီဘယ်လိုပဲတွေးကြည့်ကြည့်ဒီစောင်လေးကထန်လီသူ့ကိုခြုံပေးထားတာသိသာနေသည်။

"တော်တော်သက်သာသွားပါပြီ။"

မနေ့ညကသူအဖျားတက်ခဲ့တာကိုမှတ်မိနေသလိုမျိုးထန်လီကခေါင်းညိတ်ပြီးပြောလိုက်သည်။သူ့အမူအရာတွေကနည်းနည်းတောင့်တင်းနေပြီးစကားစမပြောခင်တံတွေးမြိုချလိုက်သည်။

"ကျွန်တော်လိန်ယွီမန်ကိုတောင်းပန်ပြီးသွားပြီ။"

ရှန်ယွီကသက်ပြင်းချလိုက်ပြီးလက်သီးတင်းတင်းဆုပ်ထားတဲ့ထန်လီရဲ့လက်လေးကိုဆုပ်ကိုင်လိုက်သည်။

"ကိုယ်သိတယ်။"

ရှန်ယွီရဲ့တုံ့ပြန်ပုံကအရမ်းတည်ငြိမ်နေတာကြောင့်ထန်လီကအံ့ဩသွားသည်။သူကခဏလောက်မလှုပ်မယှက်နေနေပြီးမှရှန်ယွီကိုင်ထားတဲ့သူ့လက်ကိုကြည့်လိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now