Page 12

23.6K 3.1K 64
                                    

ဒီဇင်ဘာ၂၅၏ ရာသီဥတုသည် လူကို ခိုက်ခိုက် တုန်စေဖို့ရန် လုံလောက်သည်။ ခြေအိတ်၊ လက်အိတ်သာမက ခေါင်းစွပ်ပါ စွပ်ထားကာမှ အနွေးဓာတ်ကို အပိုဆောင်း ရရှိ၏။ ဒေသခံ အမျိုးသမီးကြီးနှင့် မိန်းမပျိုအချို့၏ နောက်ကျော၌ သယ်လာသည့် ဝါးရွက်များသည် လူတစ်ကိုယ်လုံးကို အုပ်မိုးလုနီးပါး ဖြာကျလျက်ရှိ၏။

ငါးဖမ်းရန်အတွက် အမျိုးသားတို့သည် ဝါးကပ်များကို လုပ်နေချိန် အမျိုးသမီးတို့မှာတော့ ဝါးကပ်၏ အောက်ခြေ၌ ဟနေသည့် နေရာလွတ်များကို ပိတ်ရန် သစ်ရွက်များကို ပြင်ဆင်နေကြ၏။ ချောင်းငယ်လေး၏ နံဘေး၌ ဒေသခံလူအချို့နှင့် စည်ကားနေသည်။ ကြည်လင်နေသည့် ချောင်းရေမှာ မြေအောက်ကြမ်းပြင်ကို မြင်ရသည်အထိ သန့်ရှင်းနေ၏။

ဒေသခံကလေးငယ်တို့၏ တခစ်ခစ် ရယ်မောသံတို့သည်
ပတ်ဝန်းကျင်တစ်ခွင်၌ ပျံ့လွင့်နေသည်။ လုပ်အားပေးရင်း ပျော်ရွှင်၊ဟစ်ကြွေးနေကြသည့် ဒေသခံတွေကို ကြည့်ရင် မိုင်စိုင်းပါ ပျော်ရွှင်လာရ၏။ ထင်ရူးပင်တွေ၊ ရောင်စုံမီးသီးတွေ မရှိသည့် ဤခရစ်စမတ်ပွဲသည်
ရယ်မောသံတို့ဖြင့် အလှဆင်ထား၏။ နည်းပညာနှင့် ကင်းကွာနေသည့် ဤဒေသလေးသည် သဘာဝတရားမှ ပျော်ရွှင်မှုကို ရယူ၏။

"ကိုမိုင်းစိုင်း တစ်ယောက်တည်း ပျင်းနေပြီလား။ ဟဲဟဲ.."

မနက်တည်းက သူ့ကို ချောင်းဘေးနား၌ ထားခဲ့ပြီး ပျောက်ချင်းမလှ ပျောက်သွားသည့် ကျော်နေသာသည် ယခုမှ ရောက်ချလာပြီး မိုင်စိုင်းကို မျက်နှာချိုသွေးနေ၏။

"ခေါင်လွမ်းကို သွားခေါ်နေလို့ အကိုရေ။ အဲသည်ကောင်လေးက ကျွန်တော်မှ သွားမခေါ်ရင် အိမ်တွင်းပဲ အောင်းနေမှာ"

ကျော်နေသာ၏ အနောက်နား၌ ရပ်နေသည့် ထိုကောင်လေးသည် အအေးဒဏ်ကို မကြောက်သည့်နှယ် အမည်းရောင် အကျႌလက်ရှည် တစ်ထပ်တည်းကိုသာ ဝတ်ထား၏။

"ကျွန်တော် ငါးသွားဖမ်းလိုက်အုံးမယ်။ ပြီးရင် ပြန်လာမယ်ဗျို့"

ကျော်နေသာ ထွက်သွားသည့်နှင့် ကလေးအုပ်စုလိုက်ကြီးသည်လည်း ထိုဆရာလေး၏ နောက်မှ ထက်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now