မောင်တစ်ယောက်တစ်ညလုံးအိပ်၍မပျော်ပါ။အကြောင်းမှာတော့မနေ့ကခေတ်ငိုရတဲ့အကြောင်းအရင်းကိုသူလုံးဝအခဲမကျေနိုင်။ဘယ်လိုလူတွေကများဘာတွေပြောလိုက်လို့ ခေတ်ဟာထိုကဲသို့စကားတွေပြောလာရပါသလဲလေ။
အိပ်မပျော်သည့်အဆုံးကိုယ်လုံးကိုဘေးစောင်းလိုက်ကာ ခေါင်းကိုလက်နဲ့ထောက်ပြီးတခူခူးအိပ်ပျော်နေသောရွှေညာသားလေးရဲ့မျက်နှာကိုတစိမ့်စိမ့်ရှုမိသည်။
ဆံပင်ကောက်ကလေးတွေကနဖူးပြောင်ပြောင်လေးထက်နေရာယူလို့ ငိုထားသည်မို့မျက်လုံးလေးတွေကဖောင်းမို့ပြီးပိကျနေလေသည်။ခပ်ဟဟနှုတ်ခမ်းလေးကကြည့်လိုက်ချိန်တိုင်း ရေငတ်စေတဲ့ ဆားငန်ရေလေးတစ်ခွက်လေ။
"ဟူး..ကျစ်!"
တစ်ယောက်ထဲတွေးကာတစ်ယောက်ထဲစုတ်သတ်ရင်း ထိုလူသားလေးရဲ့ရင်ခွင်ထဲဝင်အိပ်နေလိုက်သည်။အချိန်တိုင်း၊မိနစ်တိုင်းစက္ကန့်တိုင်း ထိုရင်ခွင်သေးသေးလေးသည် နွေးထွေးမှုကိုပေးသည်။ထိုရင်ခွင်လေးထဲမှာပြန်ဝင်မှေးလိုက်တော့မှသူလည်းအိပ်စက်ခြင်းသို့တစ်ဖန်ပြည်လည်ရောက်ရှိလေတော့သည်။
ညအချိန်တွေကုန်လွန်လာပြီးနောက်တွင်တော့ ငှက်ကလေးတွေရဲ့တေးသီသံလေးတွေနဲ့အတူ နေ့အလင်းရောင်လေးဟာတစ်ဖန်ပြည်လည်ထွက်ပေါ်လာလေသည်။မောင်ကတော့ခေတ်ရင်ခွင်ထဲမှာကွေးလို့ကောင်းတုန်းဆိုပေမယ့် ရှင်းလျှန်ကတော့စိုင်းမော်ရှန်းဆိုသော လူသားလေးဆီသွားလေပြီ။မနက်ခင်းဆို ထိုလူသားလေးနဲ့အတူ မနက်စာစားရင်းတစ်နေ့တာအတွက်ကျေနပ်တာတွေရော မကျေနပ်တာတွေပါဖွင့်ဟချပြရတာသူသိပ်ကိုနှစ်ချိုက်မိသည်ကိုး။
စိုင်းမော်ရှန်းတို့အိမ်ရှေ့ရောက်တော့ကားပေါ်ကဆင်းကာခြံရှေ့ရပ်နေပြီးအိမ်ထဲဝင်သင့်မဝင်သင့်စဥ်းစားနေသေးသည်။ထိုစဥ်အိမ်ထဲမှပြေးထွက်လာသောလုံးတုံးလုံးတုံးကလေးမလေး
"ဦးဦး"
"အင်း"
"ပါပါးကဦးဦးလာမယ်ဆိုတာ မီးမီးကိုပြောတယ်။ဦးဦးကမီးမီးကိုကားကားနဲ့စကူးလ်လိုက်ပို့မို့ယား။ဟုတ်ယား"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)