How to grow your Career - Part 1
Photo: agilitypr.com

How to grow your Career - Part 1

မေးခွန်း က "Assistant level ဝန်ထမ်း တစ်ယောက်က သူ့ career ကို step up လုပ်ဖို့ အတွက် assistant ထက် ပို မြင့်တဲ့ level တခုကို အလုပ်လျောက်ချင်တယ်ဆိုရင် သူ့အနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ? ပီးတော့ Multinational companies တွေမှာ လျှောက်ချင်တယ်ဆိုရင်ကော ဘယ်လိုတွေ ထပ် ပြင်ဆင်ထားရမလဲသိချင်လို့ပါရှင့်။" တဲ့

Assistant Level ၀န်ထမ်းတစ်‌ယောက်ဆိုတာထက် ဘယ်ဝန်ထမ်းဖြစ်ဖြစ်ဆိုတဲ့ဖက်က ဖြေပေးပါမယ်..

ဘာလို့လဲ ဆိုတော့ Assistant ဆိုတာမှာ လုပ်ငန်းတစ်ခုချင်း ဌာနတစ်ခုချင်း ရဲ့ ဖွဲ့စည်းပုံအလိုက် ရာထူးရဲ့အဆင့် လုပ်ရတဲ့တာဝန်တွေ ကွာခြားတဲ့အပြင်..

ပို မြင့်တဲ့ level တခုကို အလုပ်လျှောက်ချင်တယ်ဆိုရင် သူ့အနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ ဆိုတာရယ် Multinational companies တွေမှာ လျှောက်ချင်တယ်ဆိုရင်ကော ဘယ်လိုတွေ ထပ်ပြင်ဆင်ရမလဲဆိုတာရယ် က ရာထူးအဆင့်တိုင်းက ၀န်ထမ်းတိုင်းသိနားလည်ထားဖို့ လိုအပ်တဲ့အတွက်ပါ...

၀န်ထမ်းတစ်ယောက်ဟာ တိုးတက်ချင်တယ် ပိုမိုကောင်းမွန်သာလွန်တဲ့လုပ်ငန်းမှာ အလုပ်လုပ်ချင်တယ် ပိုမြင့်တဲ့ရာထူးကို ရချင်တယ်ဆိုရင်...

- ကိုယ့်အလုပ်ရှင် ဒါမှမဟုတ် အထက်လူကြီးက ကိုယ့်ဆီက ဘာလိုချင်တာ သိအောင်လုပ်ပါ.. အခြေခံအားဖြင့် သူတို့ ကိုယ့်ဝန်ထမ်းဆီက လိုချင်တာက လုပ်ငန်းအတွက် ဌာနအတွက် အကျိုးသက်ရောက်မှုကောင်းရအောင် တာဝန်ကျေစေချင်တာပါ.. ဒါ့ကြောင့် ကိုယ့်အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို မပြတ်မြှင့်တင်နေဖို့လိုပါတယ်.. ကိုယ့်တာဝန်လေးကွက်ကွက် မဟုတ်ဘဲ လုပ်ငန်းရဲ့ ရည်ရွယ်ချက်တွေ လုပ်ငန်းရဲ့ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုတွေ ဌာနတွေရဲ့အခန်းကဏ္ဍတွေကို သိနားလည်အောင်လည်း ကြိုးစားအားထုတ်ပါ...

- ကိုယ့်ပတ်ဝန်းကျင်က ရာထူးတက်တဲ့သူတွေ အလုပ်ကောင်းရတဲ့သူတွေကို လေ့လာပါ.. သူတို့နဲ့ကိုယ် ဘာကွာခြားသလဲ ဘာတွေတူညီမှုရှိသလဲ သူတို့ကကိုယ့်ထက် ဘာသာသလဲ ကိုယ်ကဘာတွေပြုပြင်ဖို့နဲ့ဖြည့်စည်းဖို့လိုအပ်သလဲဆိုတာတွေ သိအောင်လုပ်ပါ.. သိတဲ့အခါ ကိုယ့်အားနည်းချက်တွေကို ပြုပြင်ပါ လိုအပ်ချက်တွေကိုဖြည့်ဆည်းပါ..

- ကိုယ့်အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ‌‌‌ဝေဖန်အကြံပြုချက်တွေတောင်းပါ.. ကိုယ့်စွမ်းဆောင်ရည်တွေ အသိပညာတွေ အတတ်ပညာတွေ တိုးတက်မြင့်မားဖို့ ဘာတွေလိုအပ်နေတယ်ဆိုတာကို တခြားသူရဲ့အမြင်ကလည်း အ‌ရေးပါ အသုံးတည့်ပါတယ်...

- ပုံမှန် ကိုယ်လုပ်ရမယ့်တာဝန်တွေကို ကောင်းကောင်းမွန်မွန်ကျေပွန်တဲ့အပြင် ကိုယ့်အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာ အကူအညီလိုအပ်တယ်ဆိုရင် ကိုယ့်တာဝန်မဟုတ်ပေမယ့် တတ်နိုင်သလောက် ကူညီပံ့ပိုးဆောင်ရွက်ပေးပါ.. ကိုယ့်တာဝန်တွေတော့ အရင်ပြီးမြောက်အောင်လုပ်ပေါ့..

- ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေက အားကျအတုယူရတဲ့သူဖြစ်အောင် ပြောဆိုဆောင်ရွက်နေထိုင်ပါ.. ကိုယ့်စွမ်းဆောင်ရည်ကို တခြားသူအားကျအတုယူရတဲ့အခါ အထက်လူကြီးရော လုပ်ဖော်ကိုင်ဖက်တွေရော အားလုံးက လေးစားလာပါလိမ့်မယ်..

- ပြဿနာတွေ အဆင်မပြေမှုတွေတွေ့ရတဲ့အခါမှာ အထက်အရာရှိဆီကဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေဆီကဖြစ်ဖြစ် အကူအညီယူရတော့မယ်ဆိုရင် ကိုယ်ရှာထားတဲ့ဖြေရှင်းနည်းလေးနဲ့ ချဉ်းကပ်ပါ.. ကိုယ်တိုင်အားထုတ်စဉ်းစားရှာဖွေထားတဲ့ ဖြေရှင်းနည်းလေးအရင်ရှိထားပြီးမှ တခြားသူကို အကူအညီတောင်း အကြံတောင်းခြင်းအားဖြင့် တစ်ဖက်လူက လေးစားစွာအကြံပေးကူညီဆောင်ရွက်ဖြေရှင်းပေးဖို့ စိတ်အားထက်သန်မှာပါ.. သူများက အကူအညီတောင်းတဲ့အခါမှာလည်း ဘယ်လိုစဉ်းစားထားလဲဆိုတာကို မေးဖို့မမေ့ပါနဲ့..

- လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းတွေကို အမြဲမပြတ်လေ့လာလိုက်နာပါ.. စည်းကမ်းလိုက်နာတဲ့သူကို လူတိုင်းလေးစားပါတယ်.. ကိုယ့်ဖက်က ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားတာမျိုး အချိန်ကိုလေးစားတာမျိုးကလည်း ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုအဖြစ် အရေးကြီးပြီး လူအများလေးစားစေတဲ့အချက်ပါ..

- ကိုယ့်ရဲ့ စိတ်ဓါတ် မပြတ် တက်ကြွနေဖို့ကလည်း ကိုယ့်တာဝန်သာဖြစ်ပါတယ်.. လက်ရှိထက်သာအောင်ကောင်းအောင်လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်ရင် တခြားသူက‌ဝေးရောပေါ့..

~ ဆက်ရေးပါဦးမယ် ~

လွတ်လပ်စွာ မျှဝေနိုင်ပါတယ် .. ဒါပေမယ့် စာပဲကူး ပြန်တင်ပြီး ကိုယ်ရေးထားသလိုလိုမမူကျင့်ဘဲ မူရင်းပို့စ်ကို share ခြင်းအားဖြင့် ကိုယ့်ကိုယ်ကျင့်သိက္ခာဂုဏ်ကို လေးစားမြှင့်တင်ပါ ...

ရွှေရည်ဝင်းလဲ့ @ Goldie

Executive HR and OD Practitioner

Thank you

yin nyein

Chief Executive Officer at Pann Thee Foundation

3y

It's a very thankful sharing. Especially because of Myanmar language we can read.

Zaw Wai Hlaing (Wyne)

Registration & Compliance Auditor

3y

Good

Shoon Lae Kyi Myint, PMP®

Project Manager / Scrum Master | Fintech | Data

3y

thanks for sharing ama

Theint Nandar Lwin

Manager (Corporate Sales) | PRU Brand Ambassador | PRUWellness Ambassador

3y

Good read MaMa Goldie. Insightful and inspiring.

To view or add a comment, sign in

Explore topics