iPhone တွင်ရှိသော Books အက်ပ်ထဲမှ စာအုပ်များကိုဖတ်ခြင်း
Books အက်ပ် တွင် သင်လက်ရှိဖတ်နေသည့်၊ ဖတ်လိုသည့်စာအုပ်များ၊ စာအုပ်လက်ရွေးစင်များအစရှိသည်တို့ကို မြင်နိုင်သည်။
ဖတ်ရှုနေဆဲ၊ သင်လက်ရှိဖတ်နေသည့် စာအုပ်များနှင့် အသံထွက်စာအုပ်များကိုကြည့်ရန် ၎င်းတို့ကို နှိပ်ပါ။ သင့် Want To Read စုဆောင်းမှုထဲ ပေါင်းထည့်ထားသည့် စာအုပ်များနှင့်အသံထွက်စာအုပ်များ သင်နမူနာသတ်မှတ်ထားသည့် စာအုပ်များကို ကြည့်ရန် အောက်သို့ဆွဲချပါ။ နေ့စဥ်စာဖတ်နှုန်းပန်းတိုင်များ သတ်မှတ်၍ တစ်နှစ်တာအတွင်း သင်ဖတ်ပြီးခဲ့သော စာအုပ်များကို စာရင်းပြုစုထားနိုင်သည်။
စာကြည့်တိုက်၊ ထို Book Store မှ သင်ရထားသော သို့မဟုတ် သင်၏စာကြည့်တိုက်သို့ ကိုယ်တိုင်ထည့်ထားသော စာအုပ်များ၊ အသံစာအုပ်များ၊ အခန်းဆက်များ၊ နမူနာများနှင့် PDF များအားလုံးကိုပြပါ။ Want to Read၊ My Smaples၊ Audiobooks၊ Finished သို့မဟုတ် သင်ဖန်တီးထားသော စိတ်ကြိုက် စုစည်းမှုများကဲ့သို့ သင့်စုဆောင်းမှုထဲသို့ အမျိုးအစားခွဲထည့်ထားသည့် စာအုပ်များကို ကြည့်ရန် Collections ကို နှိပ်ပါ ( စိတ်ကြိုက်စုစည်းမှုတစ်ခုဖန်တီးပြီး၎င်းထဲသို့စာအုပ်များကိုထည့်ခြင်းကိုကြည့်ပါ)။
စာအုပ်ဖတ်ခြင်း
ဖန်သားပြင်အောက်ရှိ Reading Now သို့မဟုတ် Library ကိုနှိပ်ပါ၊ စာအုပ်အဖုံးတစ်ခုကိုနှိပ်ပါ ထို့နောက် အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
စာမျက်နှာလှန်ခြင်း၊ ညာဘက်ဘေးကွက်လပ်ကိုနှိပ်ပါ သို့မဟုတ် ညာမှဘယ်သို့ရွှေ့ပါ။
မူလစာမျက်နှာကိုပြန်သွားခြင်း၊ ဘယ်ဘက်ဘေးကွက်လပ်ကိုနှိပ်ပါ သို့မဟုတ် ဘယ်မှညာသို့ရွှေ့ပါ။
သင်စတင်ဖတ်မည့်နေရာသို့ ပြန်သွားခြင်း၊ စာမျက်နှာကို နှိပ်ပါ၊ ထို့နောက် စာမျက်နှာ၏ ဘယ်ဘက် အပေါ်ထောင့်ရှိ မြားအဝိုင်းကိုနှိပ်ပါ။ သင်လက်ရှိနေရာသို့ ပြန်သွားရန် ညာဘက်ထိပ်ထောင့်ရှိ မြားအဝိုင်းကိုထပ်နှိပ်ပါ၊
ဖတ်လိုသောသတ်မှတ်စာမျက်နှာ သို့မဟုတ် တည်နေရာကိုသွားပါ၊ စာမျက်နှာကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ Search Book ကိုနှိပ်ပါ၊ စာလုံးတစ်လုံး၊ စကားစုတစ်ခု သို့မဟုတ် စာမျက်နှာနံပါတ်တစ်ခုကိုဖြည့်ပါ၊ ထို့နောက် ရလဒ်ကိုနှိပ်ပါ။
အကြောင်းအရာပြဇယားကိုသုံးခြင်း၊ စာမျက်နှာကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက် Contents ကိုနှိပ်ပါ။
အကြံပြုချက် စာအုပ်တစ်အုပ်ကိုလျှင်မြန်စွာရွေ့ရန် Contents ကိုဖိ၍နှိပ်ပါ၊ ထို့နောက် သင့်လက်ချောင်းကို ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဖိဆွဲပါ၊ စာအုဖပ်ရှိ ထိုနေရာသို့ တိုက်ရိုက်သွားရန် သင့်လက်ချောင်းကို လွှတ်လိုက်ပါ။
သော့ပိတ်ထားသည့် ဖန်သားပြင်အလှည့်အပြောင်း၊ စာမျက်နှာကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ကို အလျားလိုက် သို့မဟုတ် ဒေါင်လိုက် အလှည့်အပြောင်းဖြင့် ပိတ်ရန် ကိုနှိပ်ပါ။
စာအုပ်ကိုပိတ်ခြင်း၊ ထိုစာမျက်နှာကိုနှိပ်ပါ၊ ထို့နောက်ညာဘက်ထိပ်ထောင့်ရှိ ကိုနှိပ်ပါ၊ သို့မဟုတ် စာမျက်နှာ၏ထိပ်မှအောက်သို့ဆွဲရွှေ့ပါ။
စာအုပ်တစ်အုပ် ဖတ်ရှုပြီးသောအခါ နောက်ဖတ်မည့်စာအုပ်ကို ရှာဖွေရာတွင် ပိုမိုလွယ်ကူစေရန် သင်၏အကြိုက်နှင့် ကိုက်ညီနိုင်မည့်စာအုပ်များကို ထောက်ခံပေးချက်များ ပေါ်လာမည်။
စာသားများနှင့်စာမျက်နှာပုံစံကိုပြောင်းခြင်း
စာမျက်နှာကိုနှိပ်ပါ၊ စာမျက်နှာအောက်ခြေရှိ ကိုနှိပ်ပါ၊ Themes & Settings ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊
စာလုံးပုံစံအရွယ်အစားပြောင်းခြင်း၊ စာလုံးအရွယ်အစားကိုကြီးရန် A အကြီးကိုနှိပ်ပါ သို့မဟုတ် အရွယ်အစားသေးရန် A အသေးကိုနှိပ်ပါ။
စာလုံးပုံစံပြောင်းခြင်း၊ Options ကိုနှိပ်ပါ၊ Font ကိုနှိပ်ပါ၊ Georgia သို့မဟုတ် Palatino ကဲ့သို့ စာလုံးရွေးစရာတစ်ခုကိုရွေးချယ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
ဒေါင်လိုက်ရွှေ့ခြင်းကိုဖွင့်ပါ၊ စာအုပ်ပါစာရွက်ကိုအဆက်မပြတ်ရွှေ့ရန် ကိုနှိပ်ပါ။
PDF များအတွက် ဖန်သားပြင်ထိပ်ရှိ ကိုနှိပ်ပါ၊ ထို့နောက် Vertical Scrolling ကိုဖွင့်ပါ။
စာမျက်နှာလှန်ခြင်းပုံစံကို ပြောင်းခြင်း၊ သို့မဟုတ် ကိုနှိပ်ပါ၊ ထို့နောက် ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ (iOS 16.4 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများ)။
အလင်းပြသမှုကိုညှိခြင်း၊ ကိုနှိပ်ပါ၊ ထို့နောက် ရွေးစရာတစ်ခုကိုရွေးချယ်ပါ။
စာမျက်နှာနောက်ခံအရောင်ကိုပြောင်းခြင်း၊ Quiet သို့မဟုတ် Bold ကဲ့သို့ စာမျက်နှာအပြင်အဆင်တစ်ခုကိုနှိပ်ပါ။
စာလုံးအမည်းပြုလုပ်ခြင်း၊ Options ကိုနှိပ်ပါ၊ ထို့နောက် Bold Text ကိုဖွင့်ပါ (အစိမ်းရောင်လေး ပွင့်နေသည်)။
အကွာအဝေးနှင့် စာကြောင်းညှိခြင်းကို စိတ်ကြိုက်ပြင်ခြင်း၊ Options ကိုနှိပ်ပါ၊ Customize ကိုဖွင့်ပါ (အစိမ်းရောင်လေး ပွင့်နေသည်)၊ ထို့နောက် စာသားလိုင်းနေရာလပ်၊ အက္ခရာနေရာလပ်၊ နှင့် စာလုံးနေရာလပ်တို့ကိုညှိရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဆလိုက်ကိုဖိဆွဲပါ။ Full Justification နှင့် Allow Multiple Columns ကိုလည်းပိတ်နိုင် သို့မဟုတ် ဖွင့်နိုင်သည် (အစိမ်းရောင်လေး ပွင့်နေသည်)။
စာရင်းကို ပိတ်ရန် ကိုနှိပ်ပါ သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။
မှတ်စု မည်သည့် ဖန်သားပြင်ဘက်တွင် Menu ခလုတ် ပေါ်လာမည်ကို ရွေးချယ်နိုင်သည်။ Settings > Books သို့သွားပါ၊ ထို့နောက် Reading Menu Position အောက်ရှိ Left သို့မဟုတ် Right ကိုရွေးချယ်ပါ။
စာသားနှင့် အသွင်အပြင် စိတ်ကြိုက်ပြင်ဆင်မှုများကို အရင်အတိုင်းပြန်လုပ်ရန် Options ကိုနှိပ်ပါ၊ Reset Theme ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။
စာမျက်နှာကိုမှတ်သားခြင်း
သင်စာအုပ်တစ်အုပ်ကိုပိတ်သည့်အခါသင်ရောက်သည့်နေရာကိုအလိုအလျောက်သိမ်းပေးလိမ့်မည် စာအမှတ်အသားထည့်ရန်မလိုပါ။ သင်ပြန်ဖတ်ချင်၍ အမှတ်အသားပြုသိမ်းထားသော pages။
စာမျက်နှာကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက် ကိုနှိပ်ပါ- စာအမှတ်အသားကို ဖယ်ရန်၎င်းကိုထပ်နှိပ်ပါ။
သင်၏စာအမှတ်အသားအားလုံးကိုမြင်ရန် စာမျက်နှာကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ Bookmarks & Highlights ကိုနှိပ်ပါ၊ ထို့နောက် Bookmarks ကိုနှိပ်ပါ။
စာသားလက်ရွေးစင် သို့မဟုတ် စာအုပ်လင့်ခ်တစ်ခုကိုမျှဝေခြင်း
AirDrop၊ Mail သို့မဟုတ် Messages များကိုအသုံးပြုပြီးစာများကိုရွေးချယ်ပြီးမျှဝေနိုင်သည်သို့မဟုတ်ရွေးချယ်ထားသောစာကို Notes ထဲသို့ထည့်နိုင်သည်။ စာအုပ်သည်Book Store မှဖြစ်လျှင်စာအုပ်သို့သွားသည့်လင့်ခ်သည်အလိုအလျောက်ပါဝင်ပါသည်။ (မျှဝေမှုသည်နိုင်ငံများနှင့်နယ်ပယ်အားလုံးတွင်မလုပ်ဆောင်နိုင်ပါ။)
စာလုံးတစ်လုံးကိုနှိပ်ပြီးဖိထားပါ ရွေးချယ်မှုကိုညှိရန်ယူထားသည့်အမှတ်များကိုရွေ့ပါ။
Share ကိုနှိပ်ပါ၊ ထို့နောက် ထိုလက်ရွေးစင်ကိုမည်သို့မျှဝေရမည်ကိုရွေးချယ်ပါ။
သင်သည် Book Store ရှိ စာအုပ်ကိုကြည့်ရန် လင့်ခ်တစ်ခုကိုလည်းမျှဝေနိုင်သည်။ စာမျက်နှာတစ်ခုခုကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ကိုနှိပ်ပါ၊ ထို့နောက် လင့်ခ်ကိုမည်သို့မျှဝေရမည်ကိုရွေးချယ်ပါ။