iPhone ဘက်ထရီကိုအားသွင်းခြင်း
iPhone တွင်အတွင်းပိုင်း၊ လစ်သီယံခဲအားပြန်သွင်း၍သုံးနိုင်သည့်ဘက်ထရီရှိ၍ ယင်းသည်လက်ရှိတွင်သင့်စက်ပစ္စည်းအတွက်အကောင်းဆုံးလုပ်ဆောင်ချက်ကိုပေးသည်။ ရိုးရိုးဘက်ထရီနည်းပညာနှင့်နှိုင်းယှဉ်လျှင်၊ လစ်သီယံခဲဘက်ထရီများသည်ပိုမိုပေါ့ပါးခြင်း၊ လျင်မြန်စွာအားသွင်းနိုင်ခြင်း၊ တာရှည်ခံခြင်း၊ ဘက်ထရီသက်တမ်းပိုရှိသည့် ပိုမိုမြင့်မားသည့်စွမ်းအင်သိပ်သည်းမှုတို့ရှိသည်။ သင့်ဘက်ထရီအလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်သဘောပေါက်စေရန် Apple လစ်သီယံဘက်ထရီဝက်ဘ်ဆိုက် ကိုကြည့်ပါ။
ဘက်ထရီအားသွင်းခြင်းအကြောင်း
ညာဘက်အပေါ်ထောင့်ရှိ ဘက်ထရီသင်္ကေတသည် ဘက်ထရီပမာဏ သို့မဟုတ် အားသွင်းသည့်အခြေအနေကိုပြသည်။ သင့်အနေဖြင့် iPhone ကိုချိန်ကိုက်သည့်အခါ သို့မဟုတ် သုံးသည့်အခါ ၎င်းသည် ဘက်ထရီအားသွင်းရန် အချိန်ကြာသွားမည်ဖြစ်သည်။
iPhone တွင် အားအလွန်နည်းနေပါက ၎င်းသည်ကုန်ခန်းလုနီးပါး ဘက်ထရီပုံကိုပြကာ ၎င်းကိုအသုံးမပြုနိုင်မီ 10 မိနစ်အထက် အားသွင်းရန်လိုအပ်ကြောင်းညွှန်ပြထားခြင်းဖြစ်သည်။ iPhone ကိုစတင်အားသွင်းချိန်တွင် အလွန်အကျွံအားနည်းနေပါက ဖန်သားပြင်သည် ၎င်းဘက်ထရီအားနည်းနေသည့် ပုံရိပ်မပေါ်မီ 2 မိနစ်အထိ ပြောင်ကြီးဖြစ်နေမည်။ Apple အထောက်အကူပြုဆာင်းပါးဖြစ်သည့် သင်၏ iPhone သို့မဟုတ် iPod touch အားမဝင်ခဲ့ပါက ကိုကြည့်ပါ။
ဘက်ထရီကိုအားသွင်းခြင်း
iPhone ကိုအားသွင်းရန်၊ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊
အားသွင်းကြိုး (အတူပါရှိသော) နှင့် Apple ထုတ် USB အားသွင်းကြိုး (သီးသန့်ရောင်းချသည်) တို့ကိုအသုံးပြု၍ iPhone ကိုမီးပလတ်ပေါက်တစ်ခုနှင့် ချိတ်ဆက်ပါ ။ iPhone အတွက် အားသွင်းပလတ်ခေါင်းများ ကိုကြည့်ပါ။
iPhone 8 နှင့် နောက်ပိုင်းထွက်အမျိုးအစားများကို MagSafe အားသွင်းကိရိယာ သို့မဟုတ် MagSafe Duo Charger (Apple 20W USB-C အားသွင်းပလတ်ခေါင်း သို့မဟုတ် အခြားတွဲဖက်အသုံးပြုနိုင်သည့် အားသွင်းပလတ်ခေါင်း) သို့မဟုတ် Qi အသိအမှတ်ပြု အားသွင်းကိရိယာတစ်ခုပေါ်တွင် ပက်လက်တင်ထားပါ။ (MagSafe Charger၊ MagSafe Duo Charger၊ အားသွင်းပလတ်ခေါင်းများနှင့် Qi အသိအမှတ်ပြုအားသွင်းကိရိယာများကို သီးသန့်ရောင်းချပါသည်။) iPhone အတွက် MagSafe အားသွင်းကိရိယာများနှင့်ဘက်ထရီစုများနှင့်iPhone အတွက် Qi အသိအမှတ်ပြု ကြိုးမဲ့အားသွင်းကိရိယာများ ကိုကြည့်ပါ။
မှတ်စု ထို့အပြင် အသုံးပြုမည့် နိုင်ငံ၏စည်းမျဉ်းများနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာဘေးကင်းစိတ်ချရေးစံညွှန်းတို့နှင့်ကိုက်ညီသည့် ကြားခံအားသွင်းပလတ်ခေါင်းနှင့် Qi အသိအမှတ်ပြု အားသွင်းကိရိယာများကိုလည်းသုံးနိုင်သည်။ iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များတွင် “အားသွင်းခြင်း”ကိုကြည့်ပါ။
အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း။
သင်၏ကွန်ပျူတာဖွင့်ထားသည်ကိုသေချာအောင်လုပ်ပါ၊ ပိတ်ထားသည့်ကွန်ပျူတာသို့ iPhone ကိုချိတ်ဆက်ထားပါက၊ ထိုဘက်ထရီသည်အားဝင်မည့်အစားအားကုန်ခန်းမည်ဖြစ်သည်။ သင်၏ iPhone အားသွင်းထားသည်ကိုသေချာစေမည့်ဘက်ထရီဘေးရှိ ကိုရှာပါ။
မှတ်စု သင်၏ စာရိုက်ခလုတ်ခုံတွင်ပိုမိုစွမ်းအင်မြင့်အားသည့် USB port မရှိလျှင် ၎င်းစာရိုက်ခလုတ်ခုံသို့ ချိတ်ဆက်ပြီး iPhone ကိုအားသွင်းရန်မကြိုးစားပါနှင့်။
iPhone ကို မီးပလတ်ပေါက်နှင့် ချိတ်ဆက်ခြင်း သို့မဟုတ် ကြိုးမဲ့ အားသွင်းကိရိယာပေါ်တွင်ထားခြင်းဖြင့် (အထောက်အကူပြုအမျိုးအစားများတွင်) iCloud အရန်ကူးယူမှု သို့မဟုတ် ကြိုးမဲ့ ကွန်ပျူတာချိန်ကိုက်မှုကိုစတင်နိုင်သည်။ iPhone ကို အရန်ကူးယူထားခြင်းနှင့်သင့်ကွန်ပျူတာနှင့် iPhone ကိုချိတ်ကိုက်ခြင်း ကိုကြည့်ပါ။
သတိပေးချက် iPhone ၏အားသွင်းပေါက်ထဲ အရည်ဝင်နေသည်ဟုသံသယရှိပါက ၎င်းအတွင်းသို့ အားသွင်းကြိုးကို ပလတ်မထိုးရပါ။ အရည်နှင့်ထိတွေ့ခြင်း၊ iPhone အားသွင်းခြင်းနှင့် ဘက်ထရီနှင့် ပတ်သက်သည့် ဘေးကင်းစိတ်ချရေးသတင်းအချက်အလက်များအတွက်iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။
Low Power Mode ကိုဖွင့်ခြင်း
Low Power Mode သုံးခြင်းသည် ဘက်ထရီအားသွင်းသည့် သက်တမ်းသည်သိသိသာသာတိုးလာနိုင်သည်။ သင့် iPhone ဘက်ထရီနည်းနေသည့်အခါ သို့မဟုတ် လျှပ်စီးကြောင်းသို့မဝင်သည့်အခါ Low Power Mode ကိုရွှေ့ပါ။
Settings > Battery သို့သွားပါ။
Low Power Mode ကိုဖွင့်ခြင်း။
Low Power Mode သည်နောက်ခံလုပ်ဆောင်ချက်၊ ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းလက်ခံခြင်း၊ email၊ မက်ဆေ့ချ်များ၊ အင်တာနက်သုံးခြင်း အစရှိသည့် မရှိမဖြစ် လုပ်ငန်းတာဝန်များအတွက် လုပ်ဆောင်မှုကို သင့်မြတ်သလိုဆောင်ရွက်ပေးသည်။
မှတ်စု သင်၏ iPhone ကို Low Power Mode သို့အလိုအလျောက်ရွှေ့ထားလျှင် 80 % အထိ အားသွင်းပြီးသည့်နောက် ပုံမှန်အားသို့ပြန်၍ရောက်သွားသည်။ Low Power Mode တွင်ရှိသည့်အခါ သင့် iPhone သည် အချို့လုပ်ငန်းတာဝန်များကို ပိုမိုဖြည်းညင်းစွာလုပ်ဆောင်လိမ့်မည်။
iPhone ဘက်ထရီအားသွင်းခြင်းကိုပံ့ပိုးခြင်း
iPhone တွင် အားပြည့်ရန်သွင်းရသည့်ကြာချိန်ကိုနည်းစေခြင်းဖြင့် ဘက်ထရီသက်တမ်းကုန်ဆုံးမှုနှုန်းကို နှေးစေနိုင်မည့် ချိန်ညှိမှုတစ်ခု ပါရှိသည်။ ဤချိန်ညှိမှုသည် သင့်၏နေ့စဉ်အားသွင်းသည့်ပုံစံကိုကျင့်သားရသည့်စက်၏မှတ်သားမှုကိုအသုံးပြုထားပြီး သင်မလိုအပ်မချင်း ဖုန်းအားသွင်းခြင်းကို 80% ကျော်လွန်ပြီးစီးရန်စောင့်ဆိုင်းသည်။
Settings > Battery သို့သွားပါ၊ ထို့နောက် Battery Health ကိုဖွင့်ပါ။
Optimized Battery Charging ကိုဖွင့်ပါ။
အသုံးပြုခြင်းနှင့် ချိန်ညှိမှုများပေါ်မူတည်၍ ဘက်ထရီသက်တမ်းနှင့် အားသွင်းစက်ဝန်းများကွာခြားမည်။ Apple ကုမ္ပဏီ သို့မဟုတ် တရားဝင်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတွင်သာ iPhone ဘက်ထရီကို လဲလှယ်အစားထိုးသင့်သည်။ ဘက်ထရီဝန်ဆောင်မှုနှင့် ပြန်လည်ပြုပြင်အသုံးချရေး ဝက်ဘ်ဆိုက်ကိုကြည့်ပါ။
သင့် ဘက်ထရီလုပ်ဆောင်ချက်နှင့်သက်တမ်းကိုအများဆုံးမြှင့်တင်ပုံကိုလေ့လာရန်၊ Apple အထောက်အကူပြုဆောင်းပါး iPhone ဘက်ထရီနှင့်လုပ်ဆောင်ချက် ကိုကြည့်ပါ။