Local Void
ကိုဩဒိနိတ်: 18h 38m 0s, 18° 0′ 0″
အမျိုးအစား | void[*] |
---|---|
ကြယ်စုတန်း | ဟာကျူးလီ |
ညာဘက် နိမ့်ဆင်းမှု | 18° 38′ [၁] |
တိမ်းစောင်းမှု | 18.0° [၁] |
မြင်နိုင်သောအလင်းထဲတွင် (V) | |
အရွယ်အစား | ၆၀ Mpc (၂၀၀ Mly) [၂] |
Local Void သည် Local Group နှင့် တစ်တန်းတည်း တည်ရှိသော အာကာသကြားခံနယ်မြေ၏ နယ်နမိတ်တစ်ခုဖြစ်သည်။[၃][၄] ယင်းအား Brent Tully နှင့် J. Richard Fisher ဆိုသူတို့မှ ၁၉၈၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။[၅] ယခုအချိန်တွင် Local Void အား Galaxy filament ဟုခေါ်ဆိုသည့် အပိုင်းသုံးခုဖြင့် ဖွဲ့စည်းထားသည်ဟု သိရှိရသည်။[၄] အကျယ်ကိုမူ မသိရပေ၊ သို့သော် အနည်းဆုံး ၄၅Mpc (အလင်းနှစ် ၁၅၀ မီလီယံ) ကျယ်ဝန်းပြီး[၆] ဒိုင်မင်းရှင်းအားဖြင့် ၇၀Mpc (အလင်းနှစ် ၂၃၀ မီလီယံ) ခန့် ရှည်လျားနိုင်ဖွယ်ရှိသည်။[၄] Local Void တွင် စံပြ နက္ခတ္တဗေဒမှ မျော်မှန်းသည်ထက် ဂယ်လက်ဆီပါဝင်မှုမှာ နည်းပါးလျက်ရှိသည်။[၇]
တည်နေရာနှင့် ဒိုင်မင်းရှင်းများ
[ပြင်ဆင်ရန်]Void များဆိုသည်မှာ စကြဝဠာအား ဂလက်ဆီအစုအဝေးများအဖြစ် စုစည်းစေပေးသော ဒြပ်ဆွဲအားများ၏ ရလဒ်များဖြစ်ကြသည်။[၃][၈] နဂါးငွေ့တန်း ဂယ်လက်ဆီသည် Local Sheet ဟုခေါ်ဆိုသော (ယင်းသည်လည်း Local Void နှင့် ဆက်စပ်သည်) ဂယ်လက်ဆီများအစုတွင် တည်ရှိသည်ဟု နက္ခတ္တပညာရှင်များက မကြာသေးခင်က သတိပြုမိခဲ့ကြသည်။[၃] Local Void သည် Local Group အနားစွန်းမှအစပြုကာ ၆၀ megaparsec (၂၀၀ မဂ္ဂါအလင်းနှစ်) နီးပါးခန့် ကျယ်ပြန့်သည်။[၉] ကမ္ဘာမြေမှ Local Void အလယ်ဗဟိုသို့ အကွာအဝေးသည် အနည်းဆုံး ၂၃ megaparsec (၇၅ မဂ္ဂါအလင်းနှစ်) ရှိမည်ဟု ယုံကြည်ထားသည်။[၄] Local Void ၏ အရွယ်အစားအား ဂယ်လက်ဆီပုများ၏ သီးခြားတည်ရှိမှုဖြင့် တိုင်းတာခဲ့ကြသည်။ ကွက်လပ်ပြင် void များကြီးလေလေ ဒြပ်ဆွဲအားမှာ နည်းလေလေဖြစ်သည်။
ဘေးပတ်ဝန်းကျင်တွင် သက်ရောက်မှု
[ပြင်ဆင်ရန်]သိပ္ပံပညာရှင်များယုံကြည်သည်မှာ Local Void သည် ကြီးထွားနေပြီး Local Sheet သည် ကွက်လပ်ဗဟိုမှ တစ်စက္ကန့်လျင် ၂၆၀ ကီလိုမီတာနှုန်းဖြင့် ဝေးရာသို့ ပြေးလွှားနေသည်ဟုဆိုသည်။[၈] အရာဝတ္ထုများ စုစည်းနေခြင်းသည် သာမန်အားဖြင့် အတူတကွ စုစည်းဆွဲငင်စေသည်။ Local Void မှ နဂါးငွေ့တန်း၏ ပြေးလွှားသောအလျင်သည် ၂၇၀ kilometres per second (၆၀၀,၀၀၀ miles per hour) ဖြစ်သည်။[၃][၆]
void ဂလက်ဆီများစာရင်း
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ NAME LOCAL VOID -- Underdense region of the Universe။ SIMBAD။ 21 December 2014 တွင် ပြန်စစ်ပြီး။
- ↑ "Search and Redshift Survey for IRAS Galaxies behind the Milky Way and Structure of the Local Void" (1997). Astrophysical Journal Supplement 112. doi: . Bibcode: 1997ApJS..112..245N.
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ Shiga၊ David (1 June 2007)။ Dwarf-flinging void is larger than thought။ NewScientist.com news service။ 9 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-13 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ "Our Peculiar Motion Away from the Local Void" (2008). The Astrophysical Journal 676: 184. doi: . Bibcode: 2008ApJ...676..184T.
- ↑ Tully၊ R. Brent; Fisher၊ J. Richard (1987)။ Nearby Galaxy Atlas။ Cambridge University Press။
- ↑ ၆.၀ ၆.၁ Univ. of Hawaii Institute for Astronomy (12 June 2007)။ Milky Way moving away from void။ astronomy.com။ 2008-10-13 တွင် ပြန်စစ်ပြီး။
- ↑ "Nearby galaxies as pointers to a better theory of cosmic evolution" (2010). Nature 465 (7298): 565–569. doi: . PMID 20520705. Bibcode: 2010Natur.465..565P.
- ↑ ၈.၀ ၈.၁ I၊ Iwata; Ohta, K.; Nakanishi, K.; Chamaraux, P.; Roman, A.T.။ The Growth of the Local Void and the Origin of the Local Velocity Anomaly။ Nearby Large-Scale Structures and the Zone of Avoidance (329 ed.)။ Astronomical Society of the Pacific။ p. 59။ 18 June 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 26 October 2016 တွင် ပြန်စစ်ပြီး။
- ↑ Tully၊ Brent။ Our CMB Motion: The Local Void influence။ University of Hawaii, Institute for Astronomy။ 28 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-13 တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ ၁၀.၄ ၁၀.၅ ၁၀.၆ ၁၀.၇ ၁၀.၈ The Astrophysical Journal Letters, "Detection of X-Ray Emission from Galaxies inside the Bootes Void", Chulhee Kim, Th. Boller, Kajal K. Ghosh, Douglas A. Swartz, Brian D. Ramsey, 'Volume 546, Number 2', 10 January 2001, doi:10.1086/318868
- ↑ ၁၁.၀ ၁၁.၁ ၁၁.၂ ၁၁.၃ ၁၁.၄ ၁၁.၅ The Astronomical Journal, "Spectroscopy of Galaxies in the Bootes Void", Shawn Cruzen 1, Tara Wehr, Donna Weistrop, Ronald J. Angione, Charles Hoopes, 'Volume 123, Number 1', 2002 January, doi:10.1086/324739
- ↑ SIMBAD, MCG 01-02-015
- ↑ The loneliest of galaxies။ Hubble Space Telescope (9 November 2015)။ 12 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2015 တွင် ပြန်စစ်ပြီး။
- ↑ Sci-News, "NASA’s Hubble Space Telescope Focuses on Lonely Galaxy", 9 November 2015
- ↑ SpaceDaily, "Hubble Views a Lonely Galaxy", 18 November 2015
- ↑ ၁၆.၀ ၁၆.၁ "Hubble Sees Two Dwarf Galaxies in Pisces"၊ Sci-News၊ 15 August 2016။