ဘင်းမ်စတက်
Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) | |
---|---|
အလံတော် | |
BIMSTEC အဖွဲ့ဝင်နိုင်ငံများ | |
အဖွဲ့ဝင် | |
ဦးဆောင်သူများ | |
• ဥက္ကဋ္ဌ | မြန်မာ (၂၀၁၄ မတ်လ မှ) |
တည်ထောင် | ၆ ဇွန်၊ ၁၉၉၇ |
ဝက်ဘ်ဆိုဒ် bimstec.org |
ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (အင်္ဂလိပ်: Bay of Bengal Initiative for MultiSectoral Technical and Economic Cooperation အတိုကောက် BIMSTEC) သည် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ဘင်းစတက်တွင် အောက်ပါ နိုင်ငံများ ပါဝင် ကြသည် -
ရည်မှန်းချက်များ
[ပြင်ဆင်ရန်]ဘင်းမ်စတက်အဖွဲ့၏မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များအားယင်းအဖွဲ့တည်ထောင်သည့်ဘန်ကောက်ကြေညာစာတမ်းတွင်အတိအလင်းဖော်ညွှန်းထားသည်။
- ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ နည်းပညာ၊ လူ့စွမ်းရည်ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့်ပို့ဆောင်ရေးကဏ္ဍများတွင်
ပူးပေါင်းဆောင်ရွက်ရေးစီမံချက်များ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးမှုရရှိစေရေးအတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးရန်။၊
- တန်းတူရည်တူစိတ်ဓာတ်ဖြင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အရှိန်အဟုန် မြင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။
- အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် အကျိုးရှိမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန်အလှန်အကူအညီပေးရန်။
- ပညာရေးနှင့်နည်းပညာကဏ္ဍများမှာ သင်တန်းနှင့်သုတေသန အကူအညီပေးခြင်းဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီပံ့ပိုးကြရန်။
- ပြည်သူတို့၏ လူနေမှုအဆင့်မြင့်တင်ရေးကို လက်တွေ့အကျိုးပြုစေမည့် အမျိုးသားစီမံကိန်းများကို အထောက်အကူပြုစေနိုင်သော ကြိုးပမ်းမှုများတွင် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန်။
- ရည်ရွယ်ချက်၊ မျှော်မှန်းချက်ချင်းတူညီသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် အကျိုးရှိစွာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန်။
- ဒေသခွဲအဆင့်တွင် လက်တွေ့အကျိုးရလဒ် ဖြစ်ထွန်းစေနိုင်ပြီး အုပ်စုတွင်း ရရှိနိုင်သော စုပေါင်းအားကို အသုံးချနိုင်သည့် စီမံချက်များကို ပူးပေါင်းဆောင်ရွက်ရန်စသည်တို့ ဖြစ်သည်။
BIMST-EC ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရန် ကဏ္ဍ (၆) ရပ်
[ပြင်ဆင်ရန်]စဉ် | ကဏ္ဍခွဲ | ဦးဆောင်နိုင်ငံ |
၁ | ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ | ဘင်္ဂလားဒေ့ရှ် |
၂ | နည်းပညာကဏ္ဍ | သီရိလင်္ကာနိုင်ငံ |
၃ | ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ | အိန္ဒိယနိုင်ငံ |
၄ | စွမ်းအင်ကဏ္ဍ | မြန်မာနိုင်ငံ |
၅ | ခရီးသွားကဏ္ဍ | အိန္ဒိယနိုင်ငံ |
၆ | ငါးလုပ်ငန်းကဏ္ဍ | ထိုင်းနိုင်ငံ |
BIMST-EC ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အောက်တွင် သတ်မှတ်ထားသည့် ကဏ္ဍခွဲများ
[ပြင်ဆင်ရန်]ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအောက်တွင်အောက်ပါအတိုင်းကဏ္ဍခွဲ များအပေါ်အဖွဲ့ဝင်နိုင်ငံအသီးသီးမှဦးဆောင်နိုင်ငံအဖြစ်ဆောင်ရွက် ရန်သတ်မှတ်ထားခြင်းကို နောက်ဆက်တွဲဖြင့်ဖော်ပြထားသည်။
စဉ် | ကဏ္ဍခွဲ | ဦးဆောင်နိုင်ငံ |
က | ချည်မျှင်နှင့်အထည်လုပ်ငန်း | သီရိလင်္ကာနိုင်ငံ |
ခ | ဆေးနှင့်ဆေးဝါးဆိုင်ရာလုပ်ငန်း | ထိုင်းနိုင်ငံ |
ဂ | ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စား | ထိုင်းနိုင်ငံ |
ဃ | သစ်သီးဝလံနှင့်ပန်းမာန် | ဘင်္ဂလားဒေ့ရှ် |
င | မွမ်းမံထားသောအစားအစာ | ထိုင်းနိုင်ငံ |
စ | အလိုအလျောက်ရွေ ့လျားနိုင်သော စက်ယန္တရားနှင့်အပိုပစ္စည်း | အိန္ဒိယနိုင်ငံ |
ဆ | ရာဘာ၊ကော်ဖီနှင့်လက်ဖက် | ဘင်္ဂလားဒေ့ရှ် |
ဇ | အုန်းသီးနှင့်ဟင်းခတ်အမွှေးအကြိုင် | အိန္ဒိယနိုင်ငံ |