ဒေးဒရဲမြို့
ဒေးဒရဲမြို့ | |
---|---|
မြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°24′29″N 95°53′06″E / 16.40806°N 95.88512°Eကိုဩဒိနိတ်: 16°24′29″N 95°53′06″E / 16.40806°N 95.88512°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ဧရာဝတီတိုင်းဒေသကြီး |
ခရိုင် | ဖျာပုံခရိုင် |
မြို့နယ် | ဒေးဒရဲမြို့နယ် |
ဧရိယာ | |
• စုစုပေါင်း | ၁.၄၁၁ စတုရန်းမိုင် (၃.၆၅ စတုရန်းကီလိုမီတာ) |
လူဦးရေ (စက်တင်ဘာ ၂၀၁၉)[၁] | ၁၇၇၂၇ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC 6.30) |
ဒေးဒရဲမြို့ (မွန်: ဍုၚ်ဒဵုဒြဲာ) သည် ဖျာပုံခရိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ဒေးဒရဲမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။
အမည်ရင်းမြစ်နှင့် သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဒေးဒရဲမြို့သည် သာသနာသက္ကရာဇ် အေဒီ ၁၄၇၆ မတိုင်မီကပင် မြို့အဖြစ် တည်ရှိခဲ့သည်။ စစ်ဘေးကြောင့် ပြောင်းရွှေ့လာသည့် မွန်လူမျိုးများ နေထိုင်ခဲ့ကြသည်။ မွန်ဘာသာ ဖြင့် ဒဵုဒြဲာ ဟု ခေါ်ဆို၍ သမင်၊ ဒရယ် တိရစ္ဆာန်များ နေထိုင်သော ကုန်း၊ သမင်ကုန်းဟု အဓိပ္ပာယ်ရသည်။[၁]
၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ဒေးဒရဲကို မြို့အဖြစ် ကြေညာပြီး နယ်နိမိတ်သတ်မှတ်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင်ထုတ်ပြန်သော အမိန့်ကြေညာစာအရ ရပ်ကွက် ၇ ရပ်ကွက်ဖြင့်လည်းကောင်း၊ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြေညာစာအရ ရပ်ကွက် ၇ ရပ်ကွက်မှ ၃ ရပ်ကွက်အဖြစ်သို့လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၀ စက်တင်ဘာ ၂၀၁၉)။ ဒေးဒရဲမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ (PDF)။
ဤ ဧရာဝတီတိုင်းဒေသကြီး ပထဝီဝင် တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |